မြက်ခင်းစိမ်းတွေကို ကျောခိုင်းသွားတဲ့တစ်နေ့ တက္ကသိုလ်ပြန်တက်ချင်တဲ့ ယူနိုက်တက်ကွင်းလယ်လူ ဖရက်

ယခုနှစ်အတွင်း အသက် ( ၂၈ ) နှစ်အရွယ်ထဲ ရောက်ရှိလာတဲ့ ဖရက်ဟာ မန်ချက်စတာ ယူနိုက်တက် နှင့် ဘရာဇီးလ်လက်ရွေးစင်အသင်းတို့ရဲ့ ကွင်းလယ်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိနေပါတယ်။ ကလပ် နှင့် လက်ရွေးစင်အသင်းတွေမှာ ဆုဖလားအောင်မြင်မှု ရယူနိုင်ဖို့ မျှော်လင့်နေတဲ့အတွက် နံပါတ် ( ၁၇ ) ဂျာစီပိုင်ရှင်အနေနဲ့ လက်ရှိမှာ ဘောလုံးလောကနေ အနားယူဖို့တော့ မရှိသေးပါဘူး။ ဒါပေမယ့် မြက်ခင်းစိမ်းတွေကို ကျောခိုင်းသွားတဲ့တစ်နေ့ သူ ပြုလုပ်လိုတဲ့ အစီအစဉ်တွေကိုတော့ စဉ်းစားထားပြီးဖြစ်ပါတယ်။

လက်ရှိခေတ်မှာ အများစုက အနားယူပြီးနောက် ဘောလုံးဝေဖန်သုံးသပ်သူ ၊ တီဗီအစီအစဉ်တင်ဆက်သူတွေအဖြစ် ဆောက်ရွက်လေ့ရှိကြပေမယ့် ဖရက်ကတော့ အဆိုပါ အလုပ်တွေထက် ဘောလုံးကစားနိုင်ဖို့အတွက် ရပ်နားထားခဲ့ရတဲ့ တက္ကသိုလ်ပညာရေးကို ပြန်လည်ဆည်းပူးလိုနေတာဖြစ်ပါတယ်။

ဖရက်က မကြာသေးမီက ပြုလုပ်တဲ့ အသင်းဝက်ဆိုဒ်နဲ့ အင်တာဗျူးတစ်ခုအတွင်းမှာ “ ကျွန်တော့်မိဘတွေက ပညာသင်ရမယ်လို့ အမြဲပြောပါတယ်။ ကျွန်တော်က အတော်ဆုံးကျောင်းသားတစ်ဦးတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် တစ်ခုခု ရယူဖို့ ဆန္ဒရှိနေဆဲပါ ။”လို့ ဆိုခဲ့ပါတယ်။

“ ကျွန်တော် Internacional အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုချိန်မှာ ကျွန်တော် တက္ကသိုလ် မသွားနိုင်တော့ပါဘူး။ ကျွန်တော် ဝင်ခွင့်စာမေးပွဲတော့ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ၊ ရှက်တာဒိုးနက်ကို မပြောင်းခင် ကျွန်တော် semesters ( ၂ ) ခုပြီးအောင် သင်ယူခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြန်သွားချင်ပါတယ်။ အနားယူပြီးတာနဲ့ ပြန်စနိုင်ဖို့ မျှော်လင့်ပါတယ်။”

zawgyi

ျမက္ခင္းစိမ္းေတြကို ေက်ာခိုင္းသြားတဲ့တစ္ေန႔ တကၠသိုလ္ျပန္တက္ခ်င္တဲ့ ယူႏိုက္တက္ကြင္းလယ္လူ ဖရက္

ယခုႏွစ္အတြင္း အသက္ ( ၂၈ ) ႏွစ္အ႐ြယ္ထဲ ေရာက္ရွိလာတဲ့ ဖရက္ဟာ မန္ခ်က္စတာ ယူႏိုက္တက္ ႏွင့္ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းတို႔ရဲ႕ ကြင္းလယ္မွာ ပုံမွန္ပြဲထြက္ခြင့္ ရရွိေနပါတယ္။ ကလပ္ ႏွင့္ လက္ေ႐ြးစင္အသင္းေတြမွာ ဆုဖလားေအာင္ျမင္မႈ ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတဲ့အတြက္ နံပါတ္ ( ၁၇ ) ဂ်ာစီပိုင္ရွင္အေနနဲ႔ လက္ရွိမွာ ေဘာလုံးေလာကေန အနားယူဖို႔ေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ ျမက္ခင္းစိမ္းေတြကို ေက်ာခိုင္းသြားတဲ့တစ္ေန႔ သူ ျပဳလုပ္လိုတဲ့ အစီအစဥ္ေတြကိုေတာ့ စဥ္းစားထားၿပီးျဖစ္ပါတယ္။

လက္ရွိေခတ္မွာ အမ်ားစုက အနားယူၿပီးေနာက္ ေဘာလုံးေဝဖန္သုံးသပ္သူ ၊ တီဗီအစီအစဥ္တင္ဆက္သူေတြအျဖစ္ ေဆာက္႐ြက္ေလ့ရွိၾကေပမယ့္ ဖရက္ကေတာ့ အဆိုပါ အလုပ္ေတြထက္ ေဘာလုံးကစားႏိုင္ဖို႔အတြက္ ရပ္နားထားခဲ့ရတဲ့ တကၠသိုလ္ပညာေရးကို ျပန္လည္ဆည္းပူးလိုေနတာျဖစ္ပါတယ္။

ဖရက္က မၾကာေသးမီက ျပဳလုပ္တဲ့ အသင္းဝက္ဆိုဒ္နဲ႔ အင္တာဗ်ဴးတစ္ခုအတြင္းမွာ “ ကြၽန္ေတာ့္မိဘေတြက ပညာသင္ရမယ္လို႔ အၿမဲေျပာပါတယ္။ ကြၽန္ေတာ္က အေတာ္ဆုံးေက်ာင္းသားတစ္ဦးေတာ့ မဟုတ္ပါဘူး ။ ဒါေပမယ့္ တစ္ခုခု ရယူဖို႔ ဆႏၵရွိေနဆဲပါ ။”လို႔ ဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္ Internacional အသင္းနဲ႔ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ခ်ဳပ္ဆိုခ်ိန္မွာ ကြၽန္ေတာ္ တကၠသိုလ္ မသြားႏိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္ ဝင္ခြင့္စာေမးပြဲေတာ့ ေအာင္ျမင္ခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္ ၊ ရွက္တာဒိုးနက္ကို မေျပာင္းခင္ ကြၽန္ေတာ္ semesters ( ၂ ) ခုၿပီးေအာင္ သင္ယူခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ျပန္သြားခ်င္ပါတယ္။ အနားယူၿပီးတာနဲ႔ ျပန္စႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။”