မန်ချက်စတာ ယူနိုက်တက်အသင်း ရက်နက်စ်ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘိုရပ်ရှား ဒေါ့မွန်ကနေ ဆန်ချိုကို ခေါ်ယူပြီးတာနဲ့ ရက်နက်စ်ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် နှင့် ဒေါ့မွန်အသင်းတို့ဟာ ငွေပေးချေမှုပုံစံ နှင့် အပိုဆုကြေးတွေကိုသာ ဆွေးနွေးဖို့ကျန်ရှိတော့တဲ့အတွက် ဆန်ချိုအပြောင်းအရွေ့က လာမယ့် ရက်အနည်းငယ်အတွင်းမှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Daily Mail သတင်းစာအရ ယူနိုက်တက်ဟာ နောက်ထပ် ဗဟိုခံစစ် နှင့် ကွင်းလယ်ခံစစ်နေရာတွေကို အားဖြည့်ဖို့ ဆန္ဒရှိနေပြီး ကာမာဗင်ဂါကို ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။

အသက် ( ၁၈ ) နှစ်အရွယ်မှာ ပြင်သစ်လက်ရွေးစင်အတွက် ( ၃ ) ပွဲကစားထားပြီးဖြစ်သလို ယူကရိန်းနဲ့ ပထမဆုံးပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ သူက ရက်နက်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့အတွက် ယူနိုက်တက် အနေနဲ့ အကောင်းဆုံး အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်အပတ်မှာ ကာမာဗင်ဂါရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ RMC Sport က ဆိုပါတယ်။ နောက်ပြီး ပီအက်စ်ဂျီ၊ ရီးရဲမက်ဒရစ် နှင့် အာဆင်နယ်အသင်းတို့ကလည်း ကစားသမားကို စောင့်ကြည့်လျက်ရှိပါတယ်။ အန်ဂိုလာဖွား ကွင်းလယ်ကစားသမားဟာ အသက် ( ၁၆ ) နှစ်အရွယ်မှာ ရက်နက်အသင်းနဲ့ စတင်ကစားခွင့်ရခဲ့ပါတယ်။

zawgyi

မန္ခ်က္စတာ ယူႏိုက္တက္အသင္း ရက္နက္စ္ကြင္းလယ္လူ ကာမာဗင္ဂါကို ေခၚယူဖို႔ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဘိုရပ္ရွား ေဒါ့မြန္ကေန ဆန္ခ်ိဳကို ေခၚယူၿပီးတာနဲ႔ ရက္နက္စ္ကြင္းလယ္လူ ကာမာဗင္ဂါကို ေခၚယူဖို႔ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ႏွင့္ ေဒါ့မြန္အသင္းတို႔ဟာ ေငြေပးေခ်မႈပုံစံ ႏွင့္ အပိုဆုေၾကးေတြကိုသာ ေဆြးေႏြးဖို႔က်န္ရွိေတာ့တဲ့အတြက္ ဆန္ခ်ိဳအေျပာင္းအေ႐ြ႕က လာမယ့္ ရက္အနည္းငယ္အတြင္းမွာ အၿပီးသတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Daily Mail သတင္းစာအရ ယူႏိုက္တက္ဟာ ေနာက္ထပ္ ဗဟိုခံစစ္ ႏွင့္ ကြင္းလယ္ခံစစ္ေနရာေတြကို အားျဖည့္ဖို႔ ဆႏၵရွိေနၿပီး ကာမာဗင္ဂါကို ဥေရာပရဲ႕ အေကာင္းဆုံး လူငယ္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ထားပါတယ္။
အသက္ ( ၁၈ ) ႏွစ္အ႐ြယ္မွာ ျပင္သစ္လက္ေ႐ြးစင္အတြက္ ( ၃ ) ပြဲကစားထားၿပီးျဖစ္သလို ယူကရိန္းနဲ႔ ပထမဆုံးပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ လက္ရွိမွာ သူက ရက္နက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့အတြက္ ယူႏိုက္တက္ အေနနဲ႔ အေကာင္းဆုံး အခြင့္အေရး ပိုင္ဆိုင္ထားပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ လာမယ့္အပတ္မွာ ကာမာဗင္ဂါရဲ႕ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံဖို႔ စီစဥ္ထားတယ္လို႔ RMC Sport က ဆိုပါတယ္။ ေနာက္ၿပီး ပီအက္စ္ဂ်ီ၊ ရီးရဲမက္ဒရစ္ ႏွွင့္ အာဆင္္နယ္အသင္းတို႔ကလည္း ကစားသမားကို ေစာင့္ၾကည့္လ်က္ရွိပါတယ္။ အန္ဂိုလာဖြား ကြင္းလယ္ကစားသမားဟာ အသက္ ( ၁၆ ) ႏွစ္အ႐ြယ္မွာ ရက္နက္အသင္းနဲ႔ စတင္ကစားခြင့္ရခဲ့ပါတယ္။