ဆိုးလ်ရှား, ရာသီသစ်နဲ့ လူငယ် ေြခတက် အာမက်

ပြင်သစ်ကွင်းလယ်လူပေါ့ဘာကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့တဲ့
အာမက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဆိုးလ်ရှားရဲ့ နေရာပေးမှု တချို့ကို ရရှိခဲ့ပါတယ်။

အာမက်ဒီယာလိုဟာ အိုဗရီကို့စ်အသင်းအတွက်လည်း တိုက်ပွဲဝင် ကစားခွင့်ရခဲ့ပြီး၊
နိုင်ငံအသင်းအတွက်လည်း ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ လူငယ်ခြေတက် တောင်ပံကစားသမား အာမက် ဒီယာလို ဟာ

2021 Golden boy Award အတွက် ဆန်ခါတင်ကစားသမား အယောက်(100)စာရင်းထဲတွင်လည်းပါဝင်ခဲ့ပါတယ်။

အာမက်ဟာ ယူနိုက်တက် U23အသင်းနှင့် (၂)ပွဲကစား(၃)ဂိုးသွင်း၊ ဖန်တီးမူ(၃)ခုပြုလုပ် ထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်စီနီယာ အသင်းကြီးမှာတော့(၈) ပွဲမှာ (၂)ပွဲ ပွဲထွက်ကစားထားပြီး (၁)ဂိုးသွင်းကာ
ဖန်တီးမှု(၁)ခုပြုလုပ်ထားပါတယ်။

အသက်(၁၉)နှစ်အရွယ်ကစားသမားတစ်ယောက် လာမယ့်ရာသီ ယူနိုက်တက်မှာနေရာရဖို့ အရမ်းတော့ မလွယ်ပါဘူး။
ရှိရင်းစွဲ လူငယ်ကစားသမားတွေအပြင် ၊ ရောက်တော့မယ် တကဲကဲ ဖြစ်နေတဲ့ ဆန်ချို ကြောင့်ပါ အာမက်ရဲ့ အခွင့်အရေးလမ်းကြောင်းက အရမ်းမတောက်ပနိုင်ဖြစ်နေတာပါ။

လူငယ်တွေကို စင်တင်ပေးနေတဲ့ ဆိုးလ်ရှားက ဆန်ချို ရောက်ရှိလာခဲ့ရင်တောင်
အာမက်ဒီယာလိုကို အငှားချမှာမဟုတ်ဘဲ တချို့ပြိုင်ပွဲတွေမှာ ပွဲထုတ်သွားမှာဖြစ်ကြောင်း
သတင်းတချို့က ဆိုပါတယ်။

သေချာတာကတော့ အာမက်အနေနဲ့ ဒီထက်ပိုပြီး တိုးတက်လာဖို့အတွက်ဆိုရင် ကစားချိန်တွေလိုအပ်ပါတယ်။

အာမက်က”ယူနိုက်တက်မှာရှိနေဖို့က ကျွန်တော့်အတွက်အဓိ ကပါ။
ဒီကိုရောက်လာအောင် ဝိုင်းဝန်းကူညီထောက် ခံပေးခဲ့တဲ့သူတွေကို
တကယ်ကျေးဇူးတင်ပါတယ်။

နောက်ရာသီမှာ အကောင်းဆုံးအခြေအနေတွေ ဖန်တီး နိုင်မယ်လို့ယုံကြည်ပါတယ်။”ဆိုပြီး ပြောထားပါတယ်။
ရာသီအသစ်မှာ အာမက်အခွင့်အရေးရပြီး ခြေစွမ်းကောင်းပြသနိုင်ဖို့ မျှော်လင့်ပါတယ်။

Zawgyi

ဆိုးလ္ရွာ, ရာသီသစ္နဲ႔ လူငယ္ ေျခတက္ အာမက္

ျပင္သစ္ကြင္းလယ္လူေပါ့ဘာေၾကာင့္ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားခဲ့တဲ့

အာမက္ဟာ ၿပီးခဲ့တဲ့ ရာသီတုန္းက ဆိုးလ္ရွားရဲ႕ ေနရာေပးမႈ တခ်ိဳ႕ကို ရရွိခဲ့ပါတယ္။

အာမက္ဒီယာလိုဟာ အိုဗရီကို႔စ္အသင္းအတြက္လည္း တိုက္ပြဲဝင္ ကစားခြင့္ရခဲ့ၿပီး၊
ႏိုင္ငံအသင္းအတြက္လည္း ေျခစြမ္းျပ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ လူငယ္ေျခတက္ ေတာင္ပံ
ကစားသမား အာမက္ ဒီယာလို ဟာ 2021 Golden boy Award အတြက္ ဆန္ခါ
တင္ကစားသမား အေယာက္(100)စာရင္းထဲတြင္လည္းပါဝင္ခဲ့ပါတယ္။

အာမက္ဟာ ယူႏိုက္တက္ U23အသင္းႏွင့္ (၂)ပြဲကစား(၃)ဂိုးသြင္း၊ ဖန္တီးမူ(၃)ခုျပဳလုပ္ ထားႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္စီနီယာ အသင္းႀကီးမွာေတာ့(၈) ပြဲမွာ (၂)ပြဲ ပြဲထြက္ကစားထားၿပီး (၁)ဂိုးသြင္းကာ
ဖန္တီးမႈ(၁)ခုျပဳလုပ္ထားပါတယ္။

အသက္(၁၉)ႏွစ္အ႐ြယ္ကစားသမားတစ္ေယာက္ လာမယ့္ရာသီ ယူႏိုက္တက္မွာေနရာရဖို႔ အရမ္းေတာ့ မလြယ္ပါဘူး။

ရွိရင္းစြဲ လူငယ္ကစားသမားေတြအျပင္ ၊ ေရာက္ေတာ့မယ္ တကဲကဲ ျဖစ္ေနတဲ့ ဆန္ခ်ိဳ ေၾကာင့္ပါ အာမက္ရဲ႕ အခြင့္အေရးလမ္းေၾကာင္းက အရမ္းမေတာက္ပႏိုင္ျဖစ္ေနတာပါ။

လူငယ္ေတြကို စင္တင္ေပးေနတဲ့ ဆိုးလ္ရွားက ဆန္ခ်ိဳ ေရာက္ရွိလာခဲ့ရင္ေတာင္
အာမက္ဒီယာလိုကို အငွားခ်မွာမဟုတ္ဘဲ တခ်ိဳ႕ၿပိဳင္ပြဲေတြမွာ ပြဲထုတ္သြားမွာျဖစ္ေၾကာင္း
သတင္းတခ်ိဳ႕က ဆိုပါတယ္။

ေသခ်ာတာကေတာ့ အာမက္အေနနဲ႔ ဒီထက္ပိုၿပီး တိုးတက္လာဖို႔အတြက္ဆိုရင္ ကစားခ်ိန္ေတြလိုအပ္ပါတယ္။

အာမက္က”ယူႏိုက္တက္မွာရွိေနဖို႔က ကြၽန္ေတာ့္အတြက္အဓိ ကပါ။
ဒီကိုေရာက္လာေအာင္ ဝိုင္းဝန္းကူညီေထာက္ ခံေပးခဲ့တဲ့သူေတြကို

တကယ္ေက်းဇူးတင္ပါတယ္။

ေနာက္ရာသီမွာ အေကာင္းဆုံးအေျခအေနေတြ ဖန္တီး ႏိုင္မယ္လို႔ယုံၾကည္ပါတယ္။”ဆိုၿပီး ေျပာထားပါတယ္။
ရာသီအသစ္မွာ အာမက္အခြင့္အေရးရၿပီး ေျခစြမ္းေကာင္းျပသႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။