စီရော်နယ်ဒိုလို လူမျိုးအတွက် အထိုက်တန်ဆုံး ဈေးအကြီးဆုံး Rolex နာရီ

တန်ဖိုးကြီးနာရီဆိုတာ လူတိုင်းဝတ်လို့မရပါဘူး။
နာမည်ကျော်တွေ ဝတ်ဖို့ အတွက် သီးသန့်ထုတ်ပေးတဲ့ တန်ဖိုး အကြီးဆုံး နာရီတွေရှိပါတယ်။
ထိပ်တန်းကစားသမား ရော်နယ်ဒိုဟာ Rolex နာရီသမိုင်းတွင်ဈေးအကြီးဆုံးနာရီကို ပိုင်ဆိုင်ထားတဲ့ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များထဲမှတစ်ဦးပါ။
ရော်နယ်ဒို အဲဒီနာရီ ပိုင်ဆိုင်တဲ့ မှတ်တမ်းက ပြီးခဲ့တဲ့နှစ်က မှတ်တမ်း အနေအထားပါ။
Rolex GMT Master Ice ဝတ်ဆင်ခဲ့တဲ့ အနေအထားက ပြီးခဲ့တဲ့ နှစ်ဇန်နဝါရီလက
Dubai Globe Soccer Awards တွင်ပေါ်ပေါက်ခဲ့တာပါ။
Rolex GMT Master Ice ကို၁၈ကာရက်ရွှေဖြူနဲ့ ပြုလုပ်တည်ဆောက်ထားတာဖြစ်ပြီး
တန်ဖိုးပေါင်၃၇၁၀၀၀ ဝန်းကျင်ရှိပါတယ်။
ဒါ့အပြင်လက်ပတ်နဲ့ဒိုင်ခွက်ပတ်လည်တွင်၃၀ကာရက်စိန်ဖြူများလည်းပါဝင်ပါသေးတယ်။
အဲဒီနာရီဒီဇိုင်းဟာ သူ့စိတ်ကြိုက် ထပ်မံပြုပြင်ထားတဲ့ custom made design လည်း ဖြစ်ပါတယ်။
အဲဒီနာရီနဲ့ ပတ်သက်ပြီး Bob’s Watches က “သာလွန်ထူးကဲသောဇိမ်ခံပစ္စည်းများနှင့်နည်းပညာဆန်းသစ်တီထွင်မှုနှစ်ခုလုံး၏
အကောင်းဆုံးသောပေါင်းစပ်ခြင်း”ဆိုပြီး ဖော်ပြပါတယ်။
Forbes ရဲ့ဖော်ပြချက်တွင် စီရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ လစာအကောင်းဆုံး ဘောလုံးသမားတစ်ဦး ဖြစ်သလို
လော့ခ်ဒေါင်းကာလအတွင်းမှာလည်း အင်စတာဂရမ်တွင် ပေါင်၁.၉သန်းအထိ ရပြီး အများဆုံး ဝင်ငွေရတဲ့
အားကစားသမားဖြစ်ခဲ့ပါတယ်။
လူမှုမီဒီယာပလက်ဖောင်းများအားလုံးပေါင်းတွင်သန်း ၄၀၀ ကျော်ပရိသတ်များရှိပြီး၊
လက်ရှိဂျူဗင်တပ်စ်မှာနှစ်စဉ်ဒေါ်လာ ၆၅ သန်းလစာနှင့် တခြား အပိုဆုကြေးတွေ ၊
တခြား ဝင်ငွေရပေါက် ရလမ်း တွေကြောင့် ရော်နယ်ဒိုဟာ ပိုက်ဆံအဝင်ဆုံး
ဘောလုံးသမားတစ် ဦး ဖြစ်နေပါတယ်။
ဒါပေမယ့် ၂၀၂၁ခုနှစ်မှာတော့ လစာအများဆုံး အားကစားသမားအဖြစ်ကနေ ရော်နယ်ဒို ဆင်းသက်ခဲ့ရပြီး မက်ဂရီဂေါ်က အဆင့်၁မှာ ရှိနေခဲ့ပါတယ်။
တန်ဖိုးကြီး Rolex နာရီအကောင်းစားတွေဟာ ဘောလုံးသမားတွေ အတွက်ဖြစ်ပါတယ်။
ဒါပေမယ့် စီရော်နယ်ဒိုနဲ့ တခြား ထိပ်တန်း ဘောလုံးသမားတွေက Rolex တစ်မျိုးတည်း ဝတ်တာ မဟုတ်ပါဘူး။
ဘောလုံးသမားတွေ ဝတ်တဲ့ တန်ဖိုးကြီးနာရီနဲ့ ပတ်သက်တဲ့ မှတ်မှတ်ရရ မှတ်တမ်း အချို့ကို ဖော်ပြရရင် ဒိုင်ဘာလာမှာ  Rolex Daytona 116595 RBOW  နာရီ ရှိပါတယ်။
တန်ဖိုးက ဒေါ်လာ ၂သိန်းခွဲဝန်းကျင်ပါ။
ဘောလုံး နတ်ဘုရားကြီး အီဗရာဟီမိုဗစ် ဆိုရင် ဒေါ်လာ ၉သောင်းကျော် တန်ဖိုးရှိတဲ့ Patek Philippe 5980/1R Nautilus ဝတ်ပါတယ်။
ယူနိုက်တက် ကစားသမား ဖာနန်ဒက်စ်မှာတော့ ယူရို ၂သောင်းခွဲတန် Audemars Piguet Royal Oak Chronograph ရှိပါတယ်။
ကော်တင်ဟိုမှာတော့ ဒေါ်လာ ၁၈၀၀၀ ကျော် တန်ဖိုးရှိတဲ့ Patek Philippe 5167A Aquanautရှိပါတယ်။
မက်ဆီကတော့ သူ့နာမည်ပါ အထူးထုတ်နာရီရှိပါတယ်။
အဲဒါက ဒေါ်လာ ၄၄၀၀၀ ဝန်းကျင် တန်ဖိုးရှိတဲ့ Messi – Jacob & Co Epic X Chrono Messi Limited Edition နာရီပါ။
Zawgyi




















