ကွာတားမှာ ဘယ်ပြိုင်ဘက်အသင်းကိုမဆို ရင်ဆိုင်ရတာ လွယ်ကူမယ်လို့ မန်စီနီဆို

အီတလီနည်းပြ ရောဘတ်တို မန်စီနီဟာ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဩစတြီးယားကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပြီးနောက် ကွာတားဖိုင်နယ်မှာ တွေ့ရမယ့် ဘယ်ပြိုင်ဘက်အသင်းကိုမဆို ရင်ဆိုင်ရတာ ပိုလွယ်ကူမယ်လို့ ယုံကြည်နေပါတယ်။

ဩစတြီးယားနဲ့ပွဲမှာ အီတလီအသင်းအတွက် အနိုင်ဂိုးတွေကို မိနစ် ၉၀ ကျော်လွန်ပြီး အချိန်ပိုမှာ ချီဆာ၊ ပယ်ဆီနာတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အီတလီဟာ ၃၁ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ လက်ရွေးစင်အဆင့် မှတ်တမ်းသစ်ကိုပါ စိုက်ထူနိုင်ခဲ့ပါတယ်။ အခုဆိုရင် အီတလီအသင်းဟာ ဒီယူရိုပြိုင်ပွဲရဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာပါဝင်လာခဲ့ပါတယ်။

ပွဲပြီး မီဒီယာတွေနဲ့တွေ့ဆုံမှုမှာလည်း မန်စီနီက ဒီည ၁း၃၀ (တနင်္လာနေ့)မှာ ကစားကြမယ့် ဘယ်လ်ဂျီယံ နဲ့ ပေါ်တူဂီ အသင်းတို့ရဲ့ပွဲစဉ်က အနိုင်ရမယ့် အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့မှာ ဖြစ်ပေမယ့် သူကတော့ ဩစတြီးယားကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဟာ အခက်ခဲဆုံး ပြိုင်ဘက်ကို ရင်ဆိုင်ပြီးသွားပြီဖြစ်တာကြောင့် နောက်တွေ့မယ့် ဘယ်အသင်းကိုမဆိုရင်ဆိုင်နိုင်သွားပြီ ဆိုတဲ့ သဘောမျိုး ပြောသွားခဲ့ပါတယ်။

မန်စီနီက “ဒီပွဲက ကျွန်တော်တို့ တွေအတွက် လာမယ့် ကွာတားဖိုင်နယ်ပွဲထက် ပိုခက်ခဲတဲ့ပွဲဗျ။ ကျွန်တော်တို့ ပွဲအစောကတည်းက ဂိုး ၂ ဂိုးလောက် ရသင့်ပြီး အချိန်ပိုထိ ရောက်မလာသင့်ပါဘူး။ ကျွန်တော်တို့ အနိုင်ရဖို့အတွက် တော်တော်လေး ရုန်းကန်အားထုတ်ခဲ့ရပါတယ်။ နောက်ဆုံးမှာ ထိုက်တန် အနိုင်ရခဲ့ပါတယ်။ တစ်သင်းလုံးက သူတို့မှာ ရှိတဲ့ အစွမ်းကုန် ကြိုးစားကစားပေးခဲ့ကြ သလို အရန်ခုံကနေ လူစားဝင်လာတဲ့ အသင်းသားတွေက အကောင်းဆုံး လုပ်ပြခဲ့တာကြောင့် အနိုင်ရခဲ့တာပါ။ သူတို့ အားအင်အပြည့်နဲ့ ဝင်ကစားနိုင်ခဲ့တာက ကျွန်တော်တို့အတွက် အားသာချက်ဖြစ်စေခဲ့ပြီး ပွဲအဖြေကို ပြောင်းလဲနိုင်ခဲ့တာပါ ”လို့ ပြောခဲ့ပါတယ်။

အီတလီဟာ ယူရို ကွာတားဖိုင်နယ် အဆင့်ပွဲကို လာမယ့်အပတ် စနေနေ့ နံနက် (၁း၃၀) မှာ ဂျာမနီမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ မီဒီယာတွေက ဘယ်ဂျီယံ၊ ပေါ်တူဂီ နှစ်သင်းထဲက ဘယ်အသင်းနဲ့ ထိပ်တိုက်တွေ့လိုလဲဆိုတဲ့ မေးမြန်းမှုကိုလည်း မန်ချီနီက “ နှစ်သင်းလုံးက အသင်းကောင်းတွေပါပဲ။ ဒီတော့ ဘယ်အသင်းနဲ့ တွေ့ဆုံလဲဆိုတာက ကျွန်တော် ရွေးချယ်ဖို့ ခက်ပါတယ် ” လို့ ရှောင်ပြီးဖြေဆိုသွားခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ကော ဒီညပွဲမှာ ဘယ်အသင်းက အီတလီအသင်းနဲ့ ကွာတားမှာ တွေနိုင်မယ်လို့ထင်ပါသလဲ…?

zawgyi

ကြာတားမွာ ဘယ္ၿပိဳင္ဘက္အသင္းကိုမဆို ရင္ဆိုင္ရတာ လြယ္ကူမယ္လို႔ မန္စီနီဆို

အီတလီနည္းျပ ေရာဘတ္တို မန္စီနီဟာ ၁၆သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာ ဩစႀတီးယားကို ခက္ခက္ခဲခဲ ေက်ာ္ျဖတ္ခဲ့ရၿပီးေနာက္ ကြာတားဖိုင္နယ္မွာ ေတြ႕ရမယ့္ ဘယ္ၿပိဳင္ဘက္အသင္းကိုမဆို ရင္ဆိုင္ရတာ ပိုလြယ္ကူမယ္လို႔ ယုံၾကည္ေနပါတယ္။

ဩစႀတီးယားနဲ႔ပြဲမွာ အီတလီအသင္းအတြက္ အႏုိင္ဂိုးေတြကို မိနစ္ ၉၀ ေက်ာ္လြန္ျပီး အခ်ိန္ပိုမွာ ခ်ီဆာ၊ ပယ္ဆီနာတို႔က သြင္းယူေပးခဲ့တာျဖစ္ၿပီး ဒီႏုိင္ပြဲေၾကာင့္ အီတလီဟာ ၃၁ ပြဲဆက္တိုက္ ရႈံးပြဲမရွိေသးတဲ့ လက္ေရြးစင္အဆင့္ မွတ္တမ္းသစ္ကိုပါ စိုက္ထူႏုိင္ခဲ့ပါတယ္။ အခုဆိုရင္ အီတလီအသင္းဟာ ဒီယူရိုၿပိဳင္ပြဲရဲ႕ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး အသင္းေတြထဲမွာပါဝင္လာခဲ့ပါတယ္။

ပြဲၿပီး မီဒီယာေတြနဲ႕ေတြ႕ဆံုမႈမွာလည္း မန္စီနီက ဒီည ၁း၃၀ (တနလၤာေန႕)မွာ ကစားၾကမယ့္ ဘယ္လ္ဂ်ီယံ နဲ႕ ေပၚတူဂီ အသင္းတို႔ရဲ႕ပြဲစဥ္က အႏိုင္ရမယ့္ အသင္းနဲ႕ ကြာတားဖိုင္နယ္မွာ ေတြ႕မွာ ျဖစ္ေပမယ့္ သူကေတာ့ ဩစႀတီးယားကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္းဟာ အခက္ခဲဆုံး ျပိဳင္ဘက္ကို ရင္ဆိုင္ၿပီးသြားၿပီျဖစ္တာေၾကာင့္ ေနာက္ေတြ႕မယ့္ ဘယ္အသင္းကိုမဆိုရင္ဆိုင္ႏိုင္သြားၿပီ ဆိုတဲ့ သေဘာမ်ိဳး ေျပာသြားခဲ့ပါတယ္။

မန္စီနီက “ဒီပြဲက ကၽြန္ေတာ္တို႔ ေတြအတြက္ လာမယ့္ ကြာတားဖိုင္နယ္ပြဲထက္ ပိုခက္ခဲတဲ့ပြဲဗ်။ ကြၽန္ေတာ္တို႔ ပြဲအေစာကတည္းက ဂိုး ၂ ဂိုးေလာက္ ရသင့္ျပီး အခိ်န္ပိုထိ ေရာက္မလာသင့္ပါဘူး။ ကၽြန္ေတာ္တို႕ အႏိုင္ရဖို႔အတြက္ ေတာ္ေတာ္ေလး ႐ုန္းကန္အားထုတ္ခဲ့ရပါတယ္။ ေနာက္ဆံုးမွာ ထိုက္တန္ အႏုိင္ရခဲ့ပါတယ္။ တစ္သင္းလံုးက သူတို႔မွာ ရွိတဲ့ အစြမ္းကုန္ ၾကိဳးစားကစားေပးခဲ့ၾက သလို အရန္ခံုကေန လူစားဝင္လာတဲ့ အသင္းသားေတြက အေကာင္းဆုံး လုပ္ျပခဲ့တာေၾကာင့္ အႏိုင္ရခဲ့တာပါ။ သူတို႔ အားအင္အျပည့္နဲ႔ ဝင္ကစားႏိုင္ခဲ့တာက ကြၽန္ေတာ္တို႔အတြက္ အားသာခ်က္ျဖစ္ေစခဲ့ၿပီး ပြဲအေျဖကို ေျပာင္းလဲႏိုင္ခဲ့တာပါ ”လို႔ ေျပာခဲ့ပါတယ္။

အီတလီဟာ ယူရို ကြာတားဖိုင္နယ္ အဆင့္ပြဲကို လာမယ့္အပတ္ စေနေန႕ နံနက္ (၁း၃၀) မွာ ဂ်ာမနီမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ မီဒီယာေတြက ဘယ္ဂ်ီယံ၊ ေပၚတူဂီ ႏွစ္သင္းထဲက ဘယ္အသင္းနဲ႔ ထိပ္တိုက္ေတြ႔လိုလဲဆိုတဲ့ ေမးျမန္းမႈကိုလည္း မန္ခ်ီနီက “ ႏွစ္သင္းလံုးက အသင္းေကာင္းေတြပါပဲ။ ဒီေတာ့ ဘယ္အသင္းနဲ႔ ေတြ႕ဆံုလဲဆိုတာက ကၽြန္ေတာ္ ေရြးခ်ယ္ဖို႔ ခက္ပါတယ္ ” လို႔ ေရွာင္ၿပီးေျဖဆိုသြားခဲ့ပါတယ္။

ပရိသတ္ေတြအေနနဲ႕ေကာ ဒီညပြဲမွာ ဘယ္အသင္းက အီတလီအသင္းနဲ႕ ကြာတားမွာ ေတြႏိုင္မယ္လို႕ထင္ပါသလဲ…?