အဲဗာတန်ပရိသတ်တွေက မြို့ခံပြိုင်ဘက်လီဗာပူးအသင်းကိုင်တွယ်ခဲ့ဖူးတဲ့ ဘင်နီတက်ဇ်ကို နည်းပြအဖြစ် မခန့်အပ်ဖို့ ကန့်ကွက်ထားကြ

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မာဆေးဆိုက်မှာ အဲဗာတန်အသင်းနည်းပြဖြစ်လာဖို့ သတင်းတွေထွက်နေတဲ့ ရာဖေးလ်ဘင်နီတက်ဇ်ရဲ့ ဆုံးဖြတ်ချက်ဟာ ထူးခြားလွန်းတဲ့အနေအထားပါပဲ။

၂၀၀၅ခုနှစ်တုန်းက လီဗာပူးကို ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင်ဦးဆောင်ခဲ့ဖူးပြီး အသင်းရဲ့သမိုင်းမှာ ဂန္ထဝင်နည်းပြအဖြစ်သတ်မှတ်ခံထားရတဲ့ သူ့အတွက် လီဗာပူးအသင်းရဲ့ မြို့ခံပြိုင်ဘက်အသင်း နည်းပြ ဖြစ်လာမယ့် အနေအထားဟာ မယုံနိုင်စရာကောင်းလောက်အောင်ပါ။

ဘင်နီတက်ဇ်သာ အဲဗာတန်အသင်း နည်းပြဖြစ်လာခဲ့မယ်ဆိုရင် လီဗာပူးပရိသတ်များက ကလပ်ရဲ့ဂန္ထဝင်နည်းပြအဖြစ် သတ်မှတ်တော့မှ ာမဟုတ်ကြောင်းကိုလည်း အတိအကျကို ပြောဆိုထားကြပါတယ်။

အဲဗာတန်ပရိသတ်တွေကလည်း မြို့ခံပြိုင်ဘက်လီဗာပူးအသင်းကိုင်တွယ်ခဲ့ဖူးတဲ့ ဘင်နီတက်ဇ်ကို နည်းပြအဖြစ် မခန့်အပ်ဖို့ကန့်ကွက်ထားကြပါတယ်။ ဘင်နီတက်ဇ်ဟာ လီဗာပူးအသင်းကို နည်းပြခဲ့ချိန်တုန်းက အဲဗာတန်အသင်းကို လီဗာပူးမြို့က ကလပ်ငယ်လေးတစ်ခုလို့ ပြောကြားခဲ့ဖူးပါသေးတယ်။ ဒီလိုစကားမျိုးကို မော်ရင်ဟိုကလည်း ချယ်ဆီးအသင်းမှာ ရှိနေချိန်က တော့တင်ဟမ်စပါးအသင်းကို ပြောခဲ့ဖူးသလို အရင်တစ်နှစ်က စပါးအသင်းမှာ နည်ပြလုပ်ခဲ့ဖူးပါတယ်။ အခုအချိန်မှတော့ မော်ရင်ဟိုဟာ စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး အီတလီ စီရီးအေက ရိုးမားအသင်းမှာ နည်းပြစလုပ်နေပါပြီ။

ဘင်နီတက်ဇ်ကို အဲဗာတန်အသင်းမှာ နည်းပြအဖြစ်ခန့်အပ်ဖို့ အကြံပေးခဲ့သူက အာဆင်နယ် ရှယ်ယာရှင်ဟောင်း အလီရှာအူစမန်နော့ဗ် ဖြစ်ပါတယ်။ သူဟာ သူငယ်ချင်းဖြစ်တဲ့ အဲဗာတန်ပိုင်ရှင် မိုရှီရီကို ရီးရဲလ်အသင်းဆီပြောင်းရွှေ့သွားတဲ့ အန်ဆယ်လော့တီရဲ့နေရာမှာ လီဗာပူးနည်းပြဟောင်းကို ခန့်အပ်ဖို့အကြံပေးရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ အကြံပေးမှုဟာ မြို့ခံပြိုင်ဘက်နည်းပြ အနေနဲ့ မစဉ်းစားဘဲ (လီဗာပူလ်၊ချယ်ဆီး၊ နယူးကာဆယ်) တို့မှာနည်းပြခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ကာ ပရီမီးယားလိဂ် အတွေ့အကြုံရှိပြီး ဥရောပအဆင့် အရည်အသွေးရှိတဲ့ နည်းပြတစ်ဦးကို ရွေးချယ်ဖို့ အကြံပေးခဲ့တာ မှားတော့မမှားပါဘူး။

ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ကလပ်ပိုင်ရှင်နဲ့ အမာခံပရိသတ်တွေကြားမှာ အမုန်းမီးစဖြစ်ခဲ့မယ်ဆိုရင်တော့ အလျှော်အစားကြီးပါလိမ့်မယ်။ ဒီနည်းပြအပြောင်းအလဲဟာ အဲဗာတန်အသင်း ပိုင်ရှင် မိုရှီရီ လက်ထက် ငါးဦးမြောက် နည်းပြ အပြောင်းအလဲ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

zawgyi

အဲဗာတန္ပရိသတ္ေတြက ၿမိဳ႕ခံၿပိဳင္ဘက္လီဗာပူးအသင္းကိုင္တြယ္ခဲ့ဖူးတဲ့ ဘင္နီတက္ဇ္ကို နည္းျပအျဖစ္ မခန႔္အပ္ဖို႔ ကန႔္ကြက္ထားၾက

ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ မာေဆးဆိုက္မွာ အဲဗာတန္အသင္းနည္းျပျဖစ္လာဖို႔ သတင္းေတြထြက္ေနတဲ့ ရာေဖးလ္ဘင္နီတက္ဇ္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ထူးျခားလြန္းတဲ့အေနအထားပါပဲ။ ၂၀၀၅ခုႏွစ္တုန္းက လီဗာပူးကို ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ခဲ့ဖူးၿပီး အသင္းရဲ႕သမိုင္းမွာ ဂႏၴဝင္နည္းျပအျဖစ္သတ္မွတ္ခံထားရတဲ့ သူ႔အတြက္ လီဗာပူးအသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္အသင္း နည္းျပ ျဖစ္လာမယ့္ အေနအထားဟာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပါ။ ဘင္နီတက္ဇ္သာ အဲဗာတန္အသင္း နည္းျပျဖစ္လာခဲ့မယ္ဆိုရင္ လီဗာပူးပရိသတ္မ်ားက ကလပ္ရဲ႕ဂႏၴဝင္နည္းျပအျဖစ္ သတ္မွတ္ေတာ့မွ ာမဟုတ္ေၾကာင္းကိုလည္း အတိအက်ကို ေျပာဆိုထားၾကပါတယ္။

အဲဗာတန္ပရိသတ္ေတြကလည္း ၿမိဳ႕ခံၿပိဳင္ဘက္လီဗာပူးအသင္းကိုင္တြယ္ခဲ့ဖူးတဲ့ ဘင္နီတက္ဇ္ကို နည္းျပအျဖစ္ မခန႔္အပ္ဖို႔ကန႔္ကြက္ထားၾကပါတယ္။ ဘင္နီတက္ဇ္ဟာ လီဗာပူးအသင္းကို နည္းျပခဲ့ခ်ိန္တုန္းက အဲဗာတန္အသင္းကို လီဗာပူးၿမိဳ႕က ကလပ္ငယ္ေလးတစ္ခုလို႔ ေျပာၾကားခဲ့ဖူးပါေသးတယ္။ ဒီလိုစကားမ်ိဳးကို ေမာ္ရင္ဟိုကလည္း ခ်ယ္ဆီးအသင္းမွာ ရွိေနခ်ိန္က ေတာ့တင္ဟမ္စပါးအသင္းကို ေျပာခဲ့ဖူးသလို အရင္တစ္ႏွစ္က စပါးအသင္းမွာ နည္ျပလုပ္ခဲ့ဖူးပါတယ္။ အခုအခ်ိန္မွေတာ့ ေမာ္ရင္ဟိုဟာ စပါးအသင္းကေန ထုတ္ပယ္ခံခဲ့ရၿပီး အီတလီ စီရီးေအက ႐ိုးမားအသင္းမွာ နည္းျပစလုပ္ေနပါၿပီ။

ဘင္နီတက္ဇ္ကို အဲဗာတန္အသင္းမွာ နည္းျပအျဖစ္ခန႔္အပ္ဖို႔ အႀကံေပးခဲ့သူက အာဆင္နယ္ ရွယ္ယာရွင္ေဟာင္း အလီရွာအူစမန္ေနာ့ဗ္ ျဖစ္ပါတယ္။ သူဟာ သူငယ္ခ်င္းျဖစ္တဲ့ အဲဗာတန္ပိုင္ရွင္ မိုရွီရီကို ရီးရဲလ္အသင္းဆီေျပာင္းေ႐ႊ႕သြားတဲ့ အန္ဆယ္ေလာ့တီရဲ႕ေနရာမွာ လီဗာပူးနည္းျပေဟာင္းကို ခန႔္အပ္ဖို႔အႀကံေပးေ႐ြးခ်ယ္ခဲ့တာလည္းျဖစ္ပါတယ္။

သူ႔ရဲ႕ အႀကံေပးမႈဟာ ၿမိဳ႕ခံၿပိဳင္ဘက္နည္းျပ အေနနဲ႔ မစဥ္းစားဘဲ (လီဗာပူလ္၊ခ်ယ္ဆီး၊ နယူးကာဆယ္) တို႔မွာနည္းျပခဲ့ၿပီး ေအာင္ျမင္မႈေတြရရွိခဲ့ကာ ပရီမီးယားလိဂ္ အေတြ႕အႀကဳံရွိၿပီး ဥေရာပအဆင့္ အရည္အေသြးရွိတဲ့ နည္းျပတစ္ဦးကို ေ႐ြးခ်ယ္ဖို႔ အႀကံေပးခဲ့တာ မွားေတာ့မမွားပါဘူး။ ဒါေပမယ့္ ဒီဆုံးျဖတ္ခ်က္ဟာ ကလပ္ပိုင္ရွင္နဲ႔ အမာခံပရိသတ္ေတြၾကားမွာ အမုန္းမီးစျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အေလွ်ာ္အစားႀကီးပါလိမ့္မယ္။ ဒီနည္းျပအေျပာင္းအလဲဟာ အဲဗာတန္အသင္း ပိုင္ရွင္ မိုရွီရီ လက္ထက္ ငါးဦးေျမာက္ နည္းျပ အေျပာင္းအလဲ ျဖစ္လာမွာပဲ ျဖစ္ပါတယ္။