အင်္ဂလန်ပရိသတ်တွေအနေနဲ့ ဂျာမနီနဲ့ပွဲမှာ ဂျာမန် လူမျိုးတွေကို မလေးစားတဲ့ သီချင်းကို သီဆိုရင် ကွင်းထဲမှာ ဘောလုံးပွဲကြည့်ရှုခွင့် ရာသက်ပန် ပိတ်ခံရမယ်

အင်္ဂလန်အသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ဂျာမနီနဲ့ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်ပွဲစဉ်ကို ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး ဒီပွဲစဉ်အတွင်း အင်္ဂလန်ပရိသတ်တွေဟာ ဂျာမန် လူမျိုးတွေကို မလေးစားတဲ့သီချင်းကို သီဆိုခဲ့မယ်ဆိုရင် ကွင်းထဲလာပြီး ဘောလုံးပွဲကြည့်ရှုခွင့်ကို ရာသက်ပန် ပိတ်ပင်တာ ခံရတော့မှာပါ။

ဒီလအစောပိုင်းက ခရိုအေးရှာအသင်းကို ၁-ဝဂိုးနဲ့ အနိုင်ရရှိတဲ့ ယူရိုအုပ်စုပွဲစဉ်မှာ ပြိုင်ဘက်အသင်းကို လှောင်ပြောင်တဲ့ သီချင်းသီဆိုမှုကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ယူအီးအက်ဖ်အေထံ တိုင်ကြားမှုခံခဲ့ရ ပြီးဖြစ်ပါတယ်။ ဒါကြောင့်လဲ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ကွင်းထဲလာရောက်အားပေးကြမယ့် အင်္ဂလန်ပရိသတ်တွေ အနေနဲ့ ဝင်ဘာလေကွင်းထဲမှာ ပွဲကစားချိန် နဲ့ ပွဲပြီးချိန်တွေအထိ ဂျာမနီကစားသမားတွေကို မလေးမစားလုပ်တဲ့သီချင်းတွေကို သီဆိုခြင်းမပြုဖို့နဲ့၊ မှန်ကန်တဲ့နည်းလမ်းတွေနဲ့သာ အင်္ဂလန်အသင်းကို အားပေးဖို့သတိပေးလာခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ဂျာမနီနဲ့ ပွဲမတိုင်ခင် ပရိသတ်တွေ အတွက် ရှောင်ကျဉ်ရမယ့် အပြုအမူတွေကိုလည်း ပွဲနားနီးချိန်မှာ အသေးစိပ် ကြေညာသွားဦးမှာပါ။ လောလောဆယ်မှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ အင်္ဂလိပ်ဘောလုံးပရိသတ်တွေကို She’ll Be Coming Round The Mountain သီချင်းနဲ့ 10 German Bombers သီချင်းကို ကွင်းထဲမှာ သီဆိုခွင့်ပိတ်ပင်ထားလိုက်ပါတယ်။

ဒီသီချင်းတွေဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်ဗုံးကြဲလေယာဉ်တွေကို ဗြိတိန်တော်ဝင်လေတပ်ကပစ်ချမှုတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး ဂျာမန်ပရိသတ်တွေကို သမိုင်းကြောင်းနဲ့ချီပြီး တိုက်ခိုက်သီဆိုတာလည်းဖြစ်ပါတယ်။

ဒီသီချင်းတွေကို သီဆိုခဲ့မှုနဲ့ ပတ်သက်ပြီး အင်္ဂလန်ဟာ၂၀၁၇ ခုနှစ် တုန်းက ဂျာမနီ ကလပ် ဒေါ့မွန်နဲ့ တော့တင်ဟမ်စပါးအသင်းတို့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ကစားတဲ့ပွဲစဉ်မှာ ဒီသီချင်းတွေကို သီဆိုခဲ့တဲ့ ပရိသတ်တွေအားလုံးကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က ကွင်းထဲဝင်ရောက်ပြီး ပွဲကြည့်ခွင့် ရာသက်ပန် ပိတ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

zawgyi

အဂၤလန္ပရိသတ္ေတြအေနနဲ႕ ဂ်ာမနီနဲ႕ပြဲမွာ ဂ်ာမန္ လူမ်ိဳးေတြကို မေလးစားတဲ့ သီခ်င္းကို သီဆိုရင္ ကြင္းထဲမွာ ေဘာလံုးပြဲၾကည့္ရႈခြင့္ ရာသက္ပန္ ပိတ္ခံရမယ္

အဂၤလန္အသင္းဟာ လာမယ့္အဂၤါေန႔မွာ ဂ်ာမနီနဲ႕ ယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕ ၁၆သင္းအဆင့္ပြဲစဥ္ကို ဝင္ဘာေလကြင္းမွာ ယွဥ္ၿပိဳင္ ကစားၾကမွာျဖစ္ၿပီး ဒီပြဲစဥ္အတြင္း အဂၤလန္ပရိသတ္ေတြဟာ ဂ်ာမန္ လူမ်ိဳးေတြကို မေလးစားတဲ့သီခ်င္းကို သီဆိုခဲ့မယ္ဆိုရင္ ကြင္းထဲလာၿပီး ေဘာလံုးပြဲၾကည့္ရႈခြင့္ကို ရာသက္ပန္ ပိတ္ပင္တာ ခံရေတာ့မွာပါ။

ဒီလအေစာပိုင္းက ခ႐ိုေအးရွာအသင္းကို ၁-၀ဂိုးနဲ႕ အႏိုင္ရရွိတဲ့ ယူရိုအုပ္စုပြဲစဥ္မွာ ျပိဳင္ဘက္အသင္းကို ေလွာင္ေျပာင္တဲ့ သီခ်င္းသီဆိုမႈေၾကာင့္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ယူအီးအက္ဖ္ေအထံ တိုင္ၾကားမႈခံခဲ့ရ ၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္လဲ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ကြင္းထဲလာေရာက္အားေပးၾကမယ့္ အဂၤလန္ပရိသတ္ေတြ အေနနဲ႕ ဝင္ဘာေလကြင္းထဲမွာ ပြဲကစားခ်ိန္ နဲ႕ ပြဲၿပီးခ်ိန္ေတြအထိ ဂ်ာမနီကစားသမားေတြကို မေလးမစားလုပ္တဲ့သီခ်င္းေတြကို သီဆိုျခင္းမျပဳဖို႕နဲ႕၊ မွန္ကန္တဲ့နည္းလမ္းေတြနဲ႕သာ အဂၤလန္အသင္းကို အားေပးဖို႕သတိေပးလာခဲ့ပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ဂ်ာမနီနဲ႕ ပြဲမတိုင္ခင္ ပရိသတ္ေတြ အတြက္ ေရွာင္က်ဥ္ရမယ့္ အျပဳအမူေတြကိုလည္း ပြဲနားနီးခ်ိန္မွာ အေသးစိပ္ ေၾကညာသြားဦးမွာပါ။ ေလာေလာဆယ္မွာေတာ့ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)ဟာ အဂၤလိပ္ေဘာလုံးပရိသတ္ေတြကို She’ll Be Coming Round The Mountain သီခ်င္းနဲ႕ 10 German Bombers သီခ်င္းကို ကြင္းထဲမွာ သီဆိုခြင့္ပိတ္ပင္ထားလိုက္ပါတယ္။

ဒီသီခ်င္းေတြဟာ ဒုတိယကမၻာစစ္တုန္းက ဂ်ာမန္ဗုံးႀကဲေလယာဥ္ေတြကို ၿဗိတိန္ေတာ္ဝင္ေလတပ္ကပစ္ခ်မႈေတြအတြက္ ရည္႐ြယ္ထားတာျဖစ္ၿပီး ဂ်ာမန္ပရိသတ္ေတြကို သမိုင္းေၾကာင္းနဲ႕ခ်ီၿပီး တိုက္ခိုက္သီဆိုတာလည္းျဖစ္ပါတယ္။

ဒီသီခ်င္းေတြကို သီဆိုခဲ့မႈနဲ႕ ပတ္သက္ၿပီး အဂၤလန္ဟာ၂၀၁၇ ခုႏွစ္ တုန္းက ဂ်ာမနီ ကလပ္ ေဒါ့မြန္နဲ႕ ေတာ့တင္ဟမ္စပါးအသင္းတို႕ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ကစားတဲ့ပြဲစဥ္မွာ ဒီသီခ်င္းေတြကို သီဆိုခဲ့တဲ့ ပရိသတ္ေတြအားလံုးကို အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA) က ကြင္းထဲဝင္ေရာက္ၿပီး ပြဲၾကည့္ခြင့္ ရာသက္ပန္ ပိတ္ခဲ့ၿပီးလည္း ျဖစ္ပါတယ္။