လာမယ့် ဘောလုံးရာသီမှာ မာရှယ်အတွက် သင့်လျှော်တဲ့ကမ်းလှမ်းမှုရရင် ဘယ်အသင်းဆီကိုမဆို ရောင်းထုတ်သွားမယ်

ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီမှာ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို ပိုးစိုးပက်စက်ရရှိခဲ့ပြီးချိန်မှာ မာရှယ်ဟာ သူအသင်းပြောင်းဖို့ အချိန်ရောက် ပြီဆိုတာကို ကောင်းကောင်း နားလည်သွားခဲ့ပါတယ်။

နည်းပြ ဆိုးလ်ရှားက ပွဲထွက်ခွင့်ပေးခဲ့ချိန်တွေမှာလည်း ပြိုင်ဘက်အသင်းဘက်ကနေ ကစားပေးနေသလားလို့ထင်မှတ်ရလောက်အောင် စွမ်းဆောင်ရည် မြင့်မားခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းဟာလည်း မယုံနိုင်လောက်အောင်ကို ပြောင်မြောက်လွန်းခဲ့တာကြောင့် ပရိသတ်တွေက မာရှယ်ကွင်းထဲမှာ စွမ်းစွမ်းတမံဝင် ရောက်ကစားနေမှာထက် အရံခုံမှာသာ ပွဲကြည့်ပြီး သက်သောင့်သက်သာနေစေချင်ကြပါတယ်။ (မောနေမှာစိုးလို့)

ဒီလိုအခြေအနေတွေရှိလာချိန်မှာ အချိန်ကိုက်လောက်ကို မာရှယ်က မီဒီယာတွေရှေ့မှာ စကားတစ်ခွန်းပြောဆိုလိုက်တဲ့အခါယူနိုက်တက်ပရိသတ်တွေ အရမ်းကိုအံ့အားသင့်ခဲ့ရပြီး စွန့်အသွားခဲ့ကြပါတယ်။ အဲ့ဒါကတော့ မာရှယ်က ရီးရဲလ်မှာကစားဖို့ဆိုတာ သူ့ရဲ့ အိပ်မက်ပါလို့ ပြောခဲ့လို့ပါပဲ။ နည်းပြဆိုးလ်ရှားကလည်း မာရှယ်ရဲ့ ပြောစကားအပြီးလောက်မှာ ယူနိုက်တတ်ရဲ့ ပွဲထွက် လူစာရင်းမှာ ထည့်သွင်းအသုံးပြုတော့ခြင်းမရှိတော့ပဲ အရံခုံမှာထားပေးခဲ့တာ ဘောလုံးရာသီကုန်ဆုံးချိန်ထိပါပဲ။ ပြင်သစ်လက်ရွေးစင်အသင်းမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့်လဲ ပါတာပေါ့။

မနေ့ကသူ့ရဲ့ အင်စတာဂရမ်မှာ သူဟာ လေ့ကျင့်ခန်းတွေ ပြန်လုပ်နေတယ်ဆိုတဲ့ အကြောင်းကို ပရိသတ်တွေဆီ ဓါတ်ပုံတွေနဲ့ အသိပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းကနေ ရီးရဲလ် အသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ ကိုယ်တိုင်ကမ်းလှမ်းမှုတွေလိုက်လံပြုလုပ်နေတဲ့တိုက်စစ်မှူးအတွက် နည်းပြဆိုးရှားကလည်းလာမယ့် ဘောလုံးရာသီမှာ မာရှယ်အတွက်သင့်လျှော်တဲ့ကမ်းလှမ်းမှုရရင် ဘယ်အသင်းဆီကိုမဆို ရောင်းထုတ်သွားမယ်လို့စီစဉ်နေတယ်လို့ သိရပါတယ်။ မာရှယ်ကတော့ ယူနိုက်တက်အသင်းကနေ ရီးရဲယ်အသင်းဆီကို အငှားနဲ့သွားရောက်ကစားခွင့်ရဖို့ ရီးရဲယ်အသင်းဘက်ကို ကမ်းလှမ်းထားပါတယ်။

အသင်းတွေကလည်း ဈေးကွက်ထဲရောက်ရှိလာတဲ့ မာရှယ်ရဲ့ အပြောင်းအရွှေ့ သတင်းစကားကို စိတ်ဝင်စားမှုအပြည့်ရှိနေကြ ပုံပါပဲ။ ကမ်းလှမ်းမှုတွေက အခုအချိန်အထိ တစ်သင်းဆီကမှ ကမ်းလှမ်းစာတစ်စောင်တစ်လေတောင်ရောက်မလာခဲ့ပါဘူး။ ဒါဟာ မာရှယ်ရဲ့တတ်ကြွမှုမရှိတဲ့ တိုက်စစ် ကစားဟန်ကို ကိုင်တွယ်နိုင်မယ့် ဗျူဟာကို မဖန်တီးနိုင်သေးတဲ့ နည်းပြတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မာရှယ်ကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူမယ့် အသင်းတွေရှိလာဖို့ သူ့ရဲ့ ကြံခိုင်မှုအတွက် လေ့ကျင့်ခန်းတွေပြုလုပ်နေတဲ့ ပုံကို လူမှုကွန်ယက်ကနေအသိပေးလိုက်ပါပြီ။ မျက်စိမှောက်မယ့် အသင်းလာထား…

zawgyi

လာမယ့္ ေဘာလုံးရာသီမွာ မာရွယ္အတြက္ သင့္ေလွ်ာ္တဲ့ကမ္းလွမ္းမႈရရင္ ဘယ္အသင္းဆီကိုမဆို ေရာင္းထုတ္သြားမယ္

ၿပီးခဲ့တဲ့ ႏွစ္ေဘာလံုးရာသီမွာ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေတြကို ပိုးစိုးပက္စက္ရရွိခဲ့ၿပီးခ်ိန္မွာ မာရွယ္ဟာ သူအသင္းေျပာင္းဖို႕ အခ်ိန္ေရာက္ ၿပီဆိုတာကို ေကာင္းေကာင္း နားလည္သြားခဲ့ပါတယ္။ နည္းျပ ဆိုးလ္ရွားက ပြဲထြက္ခြင့္ေပးခဲ့ခ်ိန္ေတြမွာလည္း ျပိဳင္ဘက္အသင္းဘက္ကေန ကစားေပးေနသလားလို႕ထင္မွတ္ရေလာက္ေအာင္ စြမ္းေဆာင္ရည္ ျမင့္မားခဲ့တဲ့ သူ႕ရဲ႕ ေျခစြမ္းဟာလည္း မယံုႏိုင္ေလာက္ေအာင္ကို ေျပာင္ေျမာက္လြန္းခဲ့တာေၾကာင့္ ပရိသတ္ေတြက မာရွယ္ကြင္းထဲမွာ စြမ္းစြမ္းတမံဝင္ ေရာက္ကစားေနမွာထက္ အရံခုံမွာသာ ပြဲၾကည့္ၿပီး သက္ေသာင့္သက္သာေနေစခ်င္ၾကပါတယ္။ (ေမာေနမွာစိုးလို႕)

ဒီလိုအေျခအေနေတြရွိလာခ်ိန္မွာ အခ်ိန္ကိုက္ေလာက္ကို မာရွယ္က မီဒီယာေတြေရွ႔မွာ စကားတစ္ခြန္းေျပာဆိုလိုက္တဲ့အခါယူႏိုက္တက္ပရိသတ္ေတြ အရမ္းကိုအံ့အားသင့္ခဲ့ရၿပီး စြန္႔အသြားခဲ့ၾကပါတယ္။ အဲ့ဒါကေတာ့ မာရွယ္က ရီးရဲလ္မွာကစားဖို႕ဆိုတာ သူ႕ရဲ႕ အိပ္မက္ပါလို႕ ေျပာခဲ့လို႔ပါပဲ။ နည္းျပဆိုးလ္ရွားကလည္း မာရွယ္ရဲ႕ ေျပာစကားအၿပီးေလာက္မွာ ယူႏိုက္တတ္ရဲ႕ ပြဲထြက္ လူစာရင္းမွာ ထည့္သြင္းအသုံးျပဳေတာ့ျခင္းမရွိေတာ့ပဲ အရံခုံမွာထားေပးခဲ့တာ ေဘာလုံးရာသီကုန္ဆုံးခ်ိန္ထိပါပဲ။ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္လဲ ပါတာေပါ့။

မေန႕ကသူ႕ရဲ႕ အင္စတာဂရမ္မွာ သူဟာ ေလ့က်င့္ခန္းေတြ ျပန္လုပ္ေနတယ္ဆိုတဲ့ အေၾကာင္းကို ပရိသတ္ေတြဆီ ဓါတ္ပံုေတြနဲ႕ အသိေပးခဲ့ပါတယ္။

ယူႏိုက္တက္အသင္းကေန ရီးရဲလ္ အသင္းဆီ ေျပာင္းေ႐ႊ႕ခြင့္ရဖို႔ ကိုယ္တိုင္ကမ္းလွမ္းမႈေတြလိုက္လံျပဳလုပ္ေနတဲ့တိုက္စစ္မႉးအတြက္ နည္းျပဆိုးရွားကလည္းလာမယ့္ ေဘာလုံးရာသီမွာ မာရွယ္အတြက္သင့္ေလွ်ာ္တဲ့ကမ္းလွမ္းမႈရရင္ ဘယ္အသင္းဆီကိုမဆို ေရာင္းထုတ္သြားမယ္လို႔စီစဥ္ေနတယ္လို႕ သိရပါတယ္။ မာရွယ္ကေတာ့ ယူႏိုက္တက္အသင္းကေန ရီးရဲယ္အသင္းဆီကို အငွားနဲ႔သြားေရာက္ကစားခြင့္ရဖို႔ ရီးရဲယ္အသင္းဘက္ကို ကမ္းလွမ္းထားပါတယ္။

အသင္းေတြကလည္း ေစ်းကြက္ထဲေရာက္ရွိလာတဲ့ မာရွယ္ရဲ႕ အေျပာင္းအေရႊ႕ သတင္းစကားကို စိတ္ဝင္စားမႈအျပည့္ရွိေနၾက ပံုပါပဲ။ ကမ္းလွမ္းမႈေတြက အခုအခ်ိန္အထိ တစ္သင္းဆီကမွ ကမ္းလွမ္းစာတစ္ေစာင္တစ္ေလေတာင္ေရာက္မလာခဲ့ပါဘူး။ ဒါဟာ မာရွယ္ရဲ႕တတ္ႂကြမႈမရွိတဲ့ တိုက္စစ္ ကစားဟန္ကို ကိုင္တြယ္ႏိုင္မယ့္ ဗ်ဴဟာကို မဖန္တီးႏိုင္ေသးတဲ့ နည္းျပေတြေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ မာရွယ္ကေတာ့ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ေခၚယူမယ့္ အသင္းေတြရွိလာဖို႕ သူ႔ရဲ႕ ႀကံခိုင္မႈအတြက္ ေလ့က်င့္ခန္းေတြျပဳလုပ္ေနတဲ့ ပံုကို လူမႈကြန္ယက္ကေနအသိေပးလိုက္ပါၿပီ။ မ်က္စိေမွာက္မယ့္ အသင္းလာထား…