ဘာပေရဲ့ ညီအငယ်ဆုံးဖြစ်တဲ့ အီသန်ဘာပေကို ၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းတိုးလိုက်နိုင်ပြီဖြစ်တဲ့ PSG

PSG အသင်းဟာ ဆယ်ကျော်သက်ကစားသမား ဘာပေကို ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အခု သက်တမ်းတိုးခဲ့တဲ့ ဘာပေက အသက်ကြီးမှာ ခြေစွမ်းပြကစားနေတဲ့ ကီလီယန်ဘာပေမဟုတ်ဘဲ သူ့ညီအငယ်ဆုံးဖြစ်တဲ့ အီသန်ဘာပေပဲဖြစ်ပါတယ်။ အသက်(၁၅)နှစ်အရွယ်သာရှိသေးတဲ့ အီသန်ဘာပေဟာ သူ့အစ်ကိုကစားနေတဲ့ PSG အသင်းရဲ့ အကယ်ဒမီကို ရောက်ရှိခဲ့တာဖြစ်ပြီး အခု PSG အသင်းက အီသန်ဘာပေကို (၃)နှစ်သက်တမ်းရှိတဲ့စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

PSG အသင်းဟာ အီသန်ဘာပေအပြင် သူ့လိုပဲ ၂၀၀၆ Born ဖြစ်တဲ့ ဆယ်ကျော်သက်ကစားသမား ဆန်နီမာယူလူကိုလည်း စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး PSG အသင်းက “၂၀၀၆ Born တွေဖြစ်ပြီး အလားအလာရှိတဲ့ ဒီလူငယ်လေးနှစ်ဦးဟာ PSG လူငယ်အသင်းမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ရောက်ရှိနေတာပါ။ အခုဆိုရင် သူတို့နှစ်ဦးက ဒီအသင်းမှာ ၂၀၂၁-၂၂၊ ၂၀၂၂-၂၃၊ ၂၀၂၃-၂၄ ရာသီတွေအထိ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဒီကစားသမားနှစ်ဦး အသင်းနဲ့အတူအောင်မြင်မှုတွေရယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အီသန်ဘာပေကလည်း သူ့ Instagram မှာ ” PSG အသင်းနဲ့အတူ ကစားသမားဘ၀ ဆက်လက်ဖြန်သန်းရမှာဖြစ်လို့ အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်”လို့ Post တင်ခဲ့ပါသေးတယ်။ PSG အသင်းဟာ အီသန်ဘာပေကို စာချုပ်သက်တမ်းတိုးလိုက်နိုင်သလိုပဲ အစ်ကိုဖြစ်သူ ကီလီယန်ဘာပေကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ အသင်းပရိသတ်တွေက မျှော်လင့်စောင့်စားနေကြပါပြီ။

အသက်(၂၂)နှစ်သာရှိသေးတဲ့ ဘာပေဟာ PSG အသင်းနဲ့ (၁)နှစ်စာချုပ်သက်တမ်းသာကျန်ရှိတော့ပြီး အခုအချိန်အထိ စာချုပ်သစ်မချုပ်ရသေးပါဘူး။ အခုလအစောပိုင်းတုန်းက သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာပေက “အဲဒီကိစ္စကို ကျွန်တော် အလျင်စလိုဆုံးဖြတ်ဖို့ မလိုပါဘူး။ ခက်ခဲတယ်ဆိုရင်တောင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာဖြစ်ပြီး သေသေချာချာစဉ်းစားသွားမှာပါ။ အခုအချိန်မှာတော့ ကျွန်တော့်အတွက် အဆင်ပြေတဲ့နေရာတစ်ခုမှာရောက်ရှိနေတာဖြစ်ပေမယ့် ဒီနေရာက ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မလားဆိုတဲ့မေးခွန်းရဲ့အဖြေကိုကိုတော့ မဖြေနိုင်သေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

zawgyi

ဘာေပရဲ့ ညီအငယ္ဆုံးျဖစ္တဲ့ အီသန္ဘာေပကို ၂၀၂၄ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးလိုက္ႏိုင္ၿပီျဖစ္တဲ့ PSG

PSG အသင္းဟာ ဆယ္ေက်ာ္သက္ကစားသမား ဘာေပကို ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးလိုက္ႏိုင္ၿပီျဖစ္ပါတယ္။ ဒါေပမဲ့ အခု သက္တမ္းတိုးခဲ့တဲ့ ဘာေပက အသက္ႀကီးမွာ ေျခစြမ္းျပကစားေနတဲ့ ကီလီယန္ဘာေပမဟုတ္ဘဲ သူ႔ညီအငယ္ဆုံးျဖစ္တဲ့ အီသန္ဘာေပပဲျဖစ္ပါတယ္။ အသက္(၁၅)ႏွစ္အ႐ြယ္သာရွိေသးတဲ့ အီသန္ဘာေပဟာ သူ႔အစ္ကိုကစားေနတဲ့ PSG အသင္းရဲ႕ အကယ္ဒမီကို ေရာက္ရွိခဲ့တာျဖစ္ၿပီး အခု PSG အသင္းက အီသန္ဘာေပကို (၃)ႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

PSG အသင္းဟာ အီသန္ဘာေပအျပင္ သူ႔လိုပဲ ၂၀၀၆ Born ျဖစ္တဲ့ ဆယ္ေက်ာ္သက္ကစားသမား ဆန္နီမာယူလူကိုလည္း စာခ်ဳပ္သက္တမ္းတိုးခဲ့ပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး PSG အသင္းက “၂၀၀၆ Born ေတြျဖစ္ၿပီး အလားအလာရွိတဲ့ ဒီလူငယ္ေလးႏွစ္ဦးဟာ PSG လူငယ္အသင္းမွာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက ေရာက္ရွိေနတာပါ။ အခုဆိုရင္ သူတို႔ႏွစ္ဦးက ဒီအသင္းမွာ ၂၀၂၁-၂၂၊ ၂၀၂၂-၂၃၊ ၂၀၂၃-၂၄ ရာသီေတြအထိ ဆက္ရွိေနမွာျဖစ္ပါတယ္။ ဒီကစားသမားႏွစ္ဦး အသင္းနဲ႔အတူေအာင္ျမင္မႈေတြရယူႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္”ဆိုၿပီး ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အီသန္ဘာေပကလည္း သူ႔ Instagram မွာ ” PSG အသင္းနဲ႔အတူ ကစားသမားဘ၀ ဆက္လက္ျဖန္သန္းရမွာျဖစ္လို႔ အရမ္းကို ဂုဏ္ယူဝမ္းေျမာက္မိပါတယ္”လို႔ Post တင္ခဲ့ပါေသးတယ္။ PSG အသင္းဟာ အီသန္ဘာေပကို စာခ်ဳပ္သက္တမ္းတိုးလိုက္ႏိုင္သလိုပဲ အစ္ကိုျဖစ္သူ ကီလီယန္ဘာေပကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ အသင္းပရိသတ္ေတြက ေမွ်ာ္လင့္ေစာင့္စားေနၾကပါၿပီ။

အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ဘာေပဟာ PSG အသင္းနဲ႔ (၁)ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ရွိေတာ့ၿပီး အခုအခ်ိန္အထိ စာခ်ဳပ္သစ္မခ်ဳပ္ရေသးပါဘူး။ အခုလအေစာပိုင္းတုန္းက သူ႔အနာဂတ္နဲ႔ပတ္သက္ၿပီး ဘာေပက “အဲဒီကိစၥကို ကြၽန္ေတာ္ အလ်င္စလိုဆုံးျဖတ္ဖို႔ မလိုပါဘူး။ ခက္ခဲတယ္ဆိုရင္ေတာင္ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ကို ခ်မွတ္သြားမွာျဖစ္ၿပီး ေသေသခ်ာခ်ာစဥ္းစားသြားမွာပါ။ အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ့္အတြက္ အဆင္ေျပတဲ့ေနရာတစ္ခုမွာေရာက္ရွိေနတာျဖစ္ေပမယ့္ ဒီေနရာက ကြၽန္ေတာ့္အတြက္ အေကာင္းဆုံးျဖစ္မလားဆိုတဲ့ေမးခြန္းရဲ႕အေျဖကိုကိုေတာ့ မေျဖႏိုင္ေသးပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။