ပိုလန်နဲ့ပွဲအပြီးမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့နေရတဲ့ မိုရာတာ

စပိန်အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်သူ မိုရာတာကတော့ ပိုလန်အသင်းနဲ့ စပိန်အသင်းတို့ ၁ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်းပြောဆိုထားပါတယ်။

မိုရာတာက “ပိုလန် နဲ့ ပွဲအပြီးမှာတုန်းက ကျွန်တော် ညဘက်မှာ (၉) နာရီကြာတဲ့အထိ မအိပ်ခဲ့ရပါဘူး။ ကျွန်တော် ခြိမ်းခြောက်စာတွေရခဲ့ပါတယ်။ ကျွန်တော်မိသားစုကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။”

“ပြီးတော့ သူတို့တွေက ကျွန်တော့် ကလေးတွေကိုပါ သေစေချင်နေကြပါတယ်။လွန်ခဲ့တဲ့ ၂နှစ် ၊ ၃နှစ်လောက်က ဆိုရင်တော့ ကျွန်တော် အတော်လေးကို ခံစားရမှာ အသေအချာပါပဲ။ ဒါပေမယ့် အခုတော့ ကျွန်တော်က အရာအားလုံးနဲ့ သီတင်းပတ် အနည်းငယ် ဝေးကွာအောင် နေနိုင်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် စပိန် လက်ရွေးစင် တိုက်စစ်မှူး မိုရာတာဟာ ယခုနှစ် ယူရို၂၀၂၀ပြိုင်ပွဲဝင် စပိန်လက်ရွေးစင် အသင်းရဲ့ အုပ်စုပွဲစဉ် ၃ပွဲစလုံးမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရရှိခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မိုရာတာဟာ အုပ်စုပွဲစဉ် ၃ပွဲစလုံးမှာ သွင်းဂိုး ၁ဂိုးသာ သွင်းယူနိုင်ခဲ့သလို အသင်းရဲ့ အပိုင် ဂိုးသွင်းခွင့်တွေကိုလည်း မကြာခဏ ဆိုသလို ဖြုန်းတီးပစ်ခဲ့ကာ ပင်နယ်တီ ၁ကြိမ်လည်း လွဲချော်ခဲ့ပါတယ်။ စပိန်အသင်းဟာ ၁၆သင်းအဆင့်မှာတော့ ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး မိုရာတာတစ်ယောက် ခြိမ်းခြောက်ခံရမှုတွေ၊ ဝေဖန်ခံရမှုတွေကနေ လွတ်ကင်းပါစေ။

zawgyi

ပိုလန္နဲ့ပြဲအၿပီးမွာ အသက္အႏၲရာယ္ ၿခိမ္းေျခာက္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ေနရတဲ့ မိုရာတာစပိန္အသင္းရဲ႕ အဓိက တိုက္စစ္မႉး တစ္ဦး ျဖစ္သူ မိုရာတာကေတာ့ ပိုလန္အသင္းနဲ႔ စပိန္အသင္းတို႔ ၁ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ အသက္အႏၲရာယ္ ၿခိမ္းေျခာက္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရေၾကာင္းေျပာဆိုထားပါတယ္။

မိုရာတာက “ပိုလန္ နဲ႔ ပြဲအၿပီးမွာတုန္းက ကြၽန္ေတာ္ ညဘက္မွာ (၉) နာရီၾကာတဲ့အထိ မအိပ္ခဲ့ရပါဘူး။ ကြၽန္ေတာ္ ၿခိမ္းေျခာက္စာေတြရခဲ့ပါတယ္။ ကြၽန္ေတာ္မိသားစုကိုလည္း ၿခိမ္းေျခာက္ခဲ့ပါတယ္။”“ၿပီးေတာ့ သူတို႔ေတြက ကြၽန္ေတာ့္ ကေလးေတြကိုပါ ေသေစခ်င္ေနၾကပါတယ္။လြန္ခဲ့တဲ့ ၂ႏွစ္ ၊ ၃ႏွစ္ေလာက္က ဆိုရင္ေတာ့ ကြၽန္ေတာ္ အေတာ္ေလးကို ခံစားရမွာ အေသအခ်ာပါပဲ။ ဒါေပမယ့္ အခုေတာ့ ကြၽန္ေတာ္က အရာအားလုံးနဲ႔ သီတင္းပတ္ အနည္းငယ္ ေဝးကြာေအာင္ ေနႏိုင္ေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။အသက္ ၂၈ႏွစ္ အ႐ြယ္ စပိန္ လက္ေ႐ြးစင္ တိုက္စစ္မႉး မိုရာတာဟာ ယခုႏွစ္ ယူ႐ို၂၀၂၀ၿပိဳင္ပြဲဝင္ စပိန္လက္ေ႐ြးစင္ အသင္းရဲ႕ အုပ္စုပြဲစဥ္ ၃ပြဲစလုံးမွာ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ ကစားခြင့္ ရရွိခဲ့တဲ့ ကစားသမား တစ္ဦးပဲ ျဖစ္ပါတယ္။

ါေပမယ့္ မိုရာတာဟာ အုပ္စုပြဲစဥ္ ၃ပြဲစလုံးမွာ သြင္းဂိုး ၁ဂိုးသာ သြင္းယူႏိုင္ခဲ့သလို အသင္းရဲ႕ အပိုင္ ဂိုးသြင္းခြင့္ေတြကိုလည္း မၾကာခဏ ဆိုသလို ျဖဳန္းတီးပစ္ခဲ့ကာ ပင္နယ္တီ ၁ႀကိမ္လည္း လြဲေခ်ာ္ခဲ့ပါတယ္။ စပိန္အသင္းဟာ ၁၆သင္းအဆင့္မွာေတာ့ ခ႐ိုေအးရွားအသင္းနဲ႔ ရင္ဆိုင္ ကစားရမွာ ျဖစ္ၿပီး မိုရာတာတစ္​ေယာက္ ၿခိမ္း​ေျခာက္ခံရမႈ​ေတြ၊ ​ေ၀ဖန္ခံရမႈ​ေတြက​ေန ​လြတ္ကင္းပါ​ေစ။