ဆောက်ဂိတ်ကို ၂၀၂၄ ယူရိုပြိုင်ပွဲအထိ စာချုပ်သက်တမ်းတိုးသွားဖို့ ဆန္ဒရှိနေ

အင်္ဂလန်အသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ဂျာမနီအသင်းနဲ့ ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အဲဒီပွဲမှာရှုံးနိမ့်ခဲ့ရင်တောင် အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးသွားဖို့ရှိနေပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက အင်္ဂလန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဆောက်ဂိတ်ဟာ (၁)နှစ်ကို ပေါင်(၃)သန်းလစာငွေရရှိနေပြီး သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းက ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ၂၀၂၂၊ ဒီဇင်ဘာမှ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဒါပေမဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ အမှုဆောင်ချုပ်ဖြစ်သူ မာ့ခ်ဘူလင်ဂမ်ဟာ ဆောက်ဂိတ်ကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲအထိ စာချုပ်သက်တမ်းတိုးသွားဖို့ ဆန္ဒရှိနေတာပါ။ အင်္ဂလန်အသင်းဟာ အုပ်စုတွင်းမှာ (၂)ဂိုးသာသွင်းယူခဲ့ပေမယ့် ရမှတ်(၇)မှတ်နဲ့ အုပ်စုပထမအဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပြီး အသင်းရဲ့ခြေစွမ်းပိုင်းအပေါ် ဝေဖန်မှုတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဘူလင်ဂမ်က “လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးသွားရင်တောင် အင်္ဂလန်အသင်းနည်းပြအဖြစ် ဆောက်ဂိတ်ဆက်ရှိဖို့ ကျွန်တော်တို့ ဆန္ဒရှိနေပါတယ်။ ယူရိုပြိုင်ပွဲအပြီးမှာ စာချုပ်သစ်ကိစ္စအတွက် ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ ဆောက်ဂိတ်ဟာ သူ့အလုပ်ကို အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီး အုပ်စုဗိုလ်အဖြစ်ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့သလို အသင်းရဲ့ခံစစ်ကလည်း ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆောက်ဂိတ်လက်ထက်မှာ အင်္ဂလန်အသင်းဟာ ကွင်းတွင်း၊ကွင်းပြင်မှာ တိုးတက်မှုတွေရှိလာတာဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့ ဆောက်ဂိတ်ကို ရာနှုန်းပြည့်အားပေးထောက်ခံပြီးသားပါပဲ။ ဒါကိုလည်း သူ သိပြီးသားဖြစ်ပြီး ကျွန်တော်တို့ဟာ အင်္ဂလန်အသင်းနည်းပြအဖြစ် ဆောက်ဂိတ်ပဲ ဆက်လက်ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေကြတာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၁၉၉၀ နောက်ပိုင်းဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်အောင် စွမ်းဆောင်ခဲ့ပြီး အခု သူ့ရဲ့ ဒုတိယမြောက် အဓိကနိုင်ငံတကာပြိုင်ပွဲဖြစ်တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာလည်း ရှုံးထွက်(၁၆)သင်းအဆင့်ရောက်အောင် ပို့ဆောင်နိုင်ခဲ့တာကြောင့် သူ့လက်ထက်မှာ အင်္ဂလန်အသင်း တိုးတက်မှုတွေရှိလာတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။

zawgyi

ေဆာက္ဂိတ္ကို ၂၀၂၄ ယူ႐ိုၿပိဳင္ပြဲအထိ စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ ဆႏၵရွိေန

အဂၤလန္အသင္းဟာ လာမယ့္အဂၤါေန႔မွာ ဂ်ာမနီအသင္းနဲ႔ ယူ႐ို-၂၀၂၀ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး အဲဒီပြဲမွာရႈံးနိမ့္ခဲ့ရင္ေတာင္ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ရွိေနပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းက အဂၤလန္အသင္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရသူေဆာက္ဂိတ္ဟာ (၁)ႏွစ္ကို ေပါင္(၃)သန္းလစာေငြရရွိေနၿပီး သူ႔ရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ကာတာမွာက်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ၂၀၂၂၊ ဒီဇင္ဘာမွ ကုန္ဆုံးမွာျဖစ္ပါတယ္။

ဒါေပမဲ့ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)ရဲ႕ အမႈေဆာင္ခ်ဳပ္ျဖစ္သူ မာ့ခ္ဘူလင္ဂမ္ဟာ ေဆာက္ဂိတ္ကို ဂ်ာမနီႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ ၂၀၂၄ ယူ႐ိုၿပိဳင္ပြဲအထိ စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ ဆႏၵရွိေနတာပါ။ အဂၤလန္အသင္းဟာ အုပ္စုတြင္းမွာ (၂)ဂိုးသာသြင္းယူခဲ့ေပမယ့္ ရမွတ္(၇)မွတ္နဲ႔ အုပ္စုပထမအျဖစ္ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ခဲ့တာျဖစ္ၿပီး အသင္းရဲ႕ေျခစြမ္းပိုင္းအေပၚ ေဝဖန္မႈေတြထြက္ေပၚေနတာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ဘူလင္ဂမ္က “လက္ရွိစာခ်ဳပ္သက္တမ္းကုန္ဆုံးသြားရင္ေတာင္ အဂၤလန္အသင္းနည္းျပအျဖစ္ ေဆာက္ဂိတ္ဆက္ရွိဖို႔ ကြၽန္ေတာ္တို႔ ဆႏၵရွိေနပါတယ္။ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ စာခ်ဳပ္သစ္ကိစၥအတြက္ ကြၽန္ေတာ္တို႔ ေဆြးေႏြးသြားမွာပါ။ ေဆာက္ဂိတ္ဟာ သူ႔အလုပ္ကို အေကာင္းဆုံးလုပ္ျပႏိုင္ခဲ့ၿပီး အုပ္စုဗိုလ္အျဖစ္ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ခဲ့သလို အသင္းရဲ႕ခံစစ္ကလည္း ပုံစံေကာင္းျပသႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ေဆာက္ဂိတ္လက္ထက္မွာ အဂၤလန္အသင္းဟာ ကြင္းတြင္း၊ကြင္းျပင္မွာ တိုးတက္မႈေတြရွိလာတာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ကေတာ့ ေဆာက္ဂိတ္ကို ရာႏႈန္းျပည့္အားေပးေထာက္ခံၿပီးသားပါပဲ။ ဒါကိုလည္း သူ သိၿပီးသားျဖစ္ၿပီး ကြၽန္ေတာ္တို႔ဟာ အဂၤလန္အသင္းနည္းျပအျဖစ္ ေဆာက္ဂိတ္ပဲ ဆက္လက္ကိုင္တြယ္သြားဖို႔ ဆႏၵရွိေနၾကတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ေဆာက္ဂိတ္ဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ၁၉၉၀ ေနာက္ပိုင္းေဝးကြာေနတဲ့ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ခဲ့ၿပီး အခု သူ႔ရဲ႕ ဒုတိယေျမာက္ အဓိကႏိုင္ငံတကာၿပိဳင္ပြဲျဖစ္တဲ့ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာလည္း ရႈံးထြက္(၁၆)သင္းအဆင့္ေရာက္ေအာင္ ပို႔ေဆာင္ႏိုင္ခဲ့တာေၾကာင့္ သူ႔လက္ထက္မွာ အဂၤလန္အသင္း တိုးတက္မႈေတြရွိလာတယ္လို႔ ေျပာရမွာပဲျဖစ္ပါတယ္။