စူပါကွန်ပြူတာက အင်္ဂလန်အသင်းဟာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်မှာဖြစ်ပေမယ့် ဗိုလ်လုပွဲကျမှ အသည်းကွဲရလိမ့်မယ်လို့ ခန့်မှန်း

နာမည်ကြီး အင်္ဂလန်အသင်းဟာ လာမယ့်ယူရိုရှုံးထွက်(၁၆)သင်းအဆင့်ပွဲဖြစ်တဲ့ ဂျာမနီနဲ့ကစားမယ့်ပွဲမှာ အနိုင်ယူကျော်ဖြတ်နိုင်မယ်လို့ bettingexpert.com ရဲ့စူပါကွန်ပြူတာက ခန့်မှန်းလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ အင်္ဂါနေ့ကျရင် ဝင်ဘလေကွင်းမှာ သူတို့ရဲ့အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ ဂျာမနီနဲ့ရင်ဆိုင်ကစားရမှာဖြစ်ပြီး အင်္ဂလန်အသင်းဟာ ၁၉၆၆ နောက်ပိုင်းကတည်းက နိုင်ငံတကာပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့်မှာ ဂျာမနီနဲ့ဆုံတွေ့တိုင်း တစ်ကြိမ်မှအနိုင်မရသေးပါဘူး။

နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ အင်္ဂလန်အသင်း ဂျာမနီကို နောက်ဆုံးအနိုင်ရခဲ့တာက ယူရို-၂၀၀၀ အုပ်စုအဆင့်မှာဖြစ်ပြီး နာမည်ကျော်တိုက်စစ်မှူးအလန်ရှီးယားရဲ့ ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ အင်္ဂလန်အသင်းအနေနဲ့ ရှုံးထွက်အဆင့်တွေမှာ ဂျာမနီနဲ့ဆုံတွေ့ရင် ရလဒ်ကောင်းလေ့မရှိပေမယ့် စူပါကွန်ပြူတာကတော့ လာမယ့်အင်္ဂါနေ့ပွဲမှာ အင်္ဂလန်အသင်းအနိုင်ရမယ်လို့ ခန့်မှန်းတွက်ချက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စူပါကွန်ပြူတာက အင်္ဂလန်အသင်းဟာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်မှာဖြစ်ပေမယ့် ဗိုလ်လုပွဲကျမှ အသည်းကွဲရလိမ့်မယ်လို့လည်း ခန့်မှန်းခဲ့ပါတယ်။ စူပါကွန်ပြူတာရဲ့တွက်ချက်မှုအရ ဆွီဒင်နဲ့ယူကရိန်းပွဲမှာ ဆွီဒင်အသင်းအနိုင်ရပြီး ကွာတားဖိုင်နယ်မှာ အင်္ဂလန်နဲ့တွေ့မယ်၊ အင်္ဂလန်အသင်းဟာ ဆွီဒင်ကို အနိုင်ယူပြီးတော့ ဆီမီးဖိုင်နယ်ကျရင် နယ်သာလန်နဲ့တွေ့ပါမယ်။

ဆီမီးဖိုင်နယ်မှာလည်း အင်္ဂလန်အသင်းက နယ်သာလန်ကို ဆက်လက်အနိုင်ယူပြီး ဗိုလ်လုပွဲတက်၊ တစ်ဖက်လမ်းကြောင်းက ဆွစ်ဇာလန်၊ စပိန်၊ အီတလီတို့ကို အနိုင်ယူကျော်ဖြတ်လာမယ့် ပြင်သစ်အသင်းနဲ့ ဗိုလ်လုပွဲမှာ ဆုံတွေ့မှာဖြစ်ပြီး ဗိုလ်လုပွဲမှာတော့ ကစားသမားအင်အား တောင့်တင်းတဲ့ ပြင်သစ်အသင်းက အင်္ဂလန်အသင်းရဲ့ခြင်္သေ့ပျိုတွေကို အနိုင်ယူဗိုလ်စွဲမယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ စူပါကွန်ပြူတာရဲ့ခန့်မှန်းမှုက ကွက်တိဖြစ်လာမလား၊ တက်တက်စင်အောင် လွဲမလားဆိုတာက လာမယ့်အင်္ဂလန်-ဂျာမနီပွဲမှာ အဖြေပေါ်မှာပဲဖြစ်ပါတော့တယ် . .

zawgyi

စူပါကြန္ျပဴတာက အဂၤလန္အသင္းဟာ ဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္မွာျဖစ္ေပမယ့္ ဗိုလ္လုပြဲက်မွ အသည္းကြဲရလိမ့္မယ္လို႔ ခန႔္မွန္း

နာမည္ႀကီး အဂၤလန္အသင္းဟာ လာမယ့္ယူ႐ိုရႈံးထြက္(၁၆)သင္းအဆင့္ပြဲျဖစ္တဲ့ ဂ်ာမနီနဲ႔ကစားမယ့္ပြဲမွာ အႏိုင္ယူေက်ာ္ျဖတ္ႏိုင္မယ္လို႔ bettingexpert.com ရဲ႕စူပါကြန္ျပဴတာက ခန႔္မွန္းလိုက္ပါတယ္။ အဂၤလန္အသင္းဟာ အဂၤါေန႔က်ရင္ ဝင္ဘေလကြင္းမွာ သူတို႔ရဲ႕အစဥ္အလာၿပိဳင္ဘက္ျဖစ္တဲ့ ဂ်ာမနီနဲ႔ရင္ဆိုင္ကစားရမွာျဖစ္ၿပီး အဂၤလန္အသင္းဟာ ၁၉၆၆ ေနာက္ပိုင္းကတည္းက ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြရဲ႕ ရႈံးထြက္အဆင့္မွာ ဂ်ာမနီနဲ႔ဆုံေတြ႕တိုင္း တစ္ႀကိမ္မွအႏိုင္မရေသးပါဘူး။
ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ အဂၤလန္အသင္း ဂ်ာမနီကို ေနာက္ဆုံးအႏိုင္ရခဲ့တာက ယူ႐ို-၂၀၀၀ အုပ္စုအဆင့္မွာျဖစ္ၿပီး နာမည္ေက်ာ္တိုက္စစ္မႉးအလန္ရွီးယားရဲ႕ ေခါင္းတိုက္ဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။ အဂၤလန္အသင္းအေနနဲ႔ ရႈံးထြက္အဆင့္ေတြမွာ ဂ်ာမနီနဲ႔ဆုံေတြ႕ရင္ ရလဒ္ေကာင္းေလ့မရွိေပမယ့္ စူပါကြန္ျပဴတာကေတာ့ လာမယ့္အဂၤါေန႔ပြဲမွာ အဂၤလန္အသင္းအႏိုင္ရမယ္လို႔ ခန႔္မွန္းတြက္ခ်က္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ စူပါကြန္ျပဴတာက အဂၤလန္အသင္းဟာ ဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္မွာျဖစ္ေပမယ့္ ဗိုလ္လုပြဲက်မွ အသည္းကြဲရလိမ့္မယ္လို႔လည္း ခန႔္မွန္းခဲ့ပါတယ္။ စူပါကြန္ျပဴတာရဲ႕တြက္ခ်က္မႈအရ ဆြီဒင္နဲ႔ယူကရိန္းပြဲမွာ ဆြီဒင္အသင္းအႏိုင္ရၿပီး ကြာတားဖိုင္နယ္မွာ အဂၤလန္နဲ႔ေတြ႕မယ္၊ အဂၤလန္အသင္းဟာ ဆြီဒင္ကို အႏိုင္ယူၿပီးေတာ့ ဆီမီးဖိုင္နယ္က်ရင္ နယ္သာလန္နဲ႔ေတြ႕ပါမယ္။

ဆီမီးဖိုင္နယ္မွာလည္း အဂၤလန္အသင္းက နယ္သာလန္ကို ဆက္လက္အႏိုင္ယူၿပီး ဗိုလ္လုပြဲတက္၊ တစ္ဖက္လမ္းေၾကာင္းက ဆြစ္ဇာလန္၊ စပိန္၊ အီတလီတို႔ကို အႏိုင္ယူေက်ာ္ျဖတ္လာမယ့္ ျပင္သစ္အသင္းနဲ႔ ဗိုလ္လုပြဲမွာ ဆုံေတြ႕မွာျဖစ္ၿပီး ဗိုလ္လုပြဲမွာေတာ့ ကစားသမားအင္အား ေတာင့္တင္းတဲ့ ျပင္သစ္အသင္းက အဂၤလန္အသင္းရဲ႕ျခေသၤ့ပ်ိဳေတြကို အႏိုင္ယူဗိုလ္စြဲမယ္လို႔ စူပါကြန္ျပဴတာက ခန႔္မွန္းခဲ့တာျဖစ္ပါတယ္။ စူပါကြန္ျပဴတာရဲ႕ခန႔္မွန္းမႈက ကြက္တိျဖစ္လာမလား၊ တက္တက္စင္ေအာင္ လြဲမလားဆိုတာက လာမယ့္အဂၤလန္-ဂ်ာမနီပြဲမွာ အေျဖေပၚမွာပဲျဖစ္ပါေတာ့တယ္ . .