ဂိုးသွင်းဘုရင်အဖြစ် လွတ်လွတ်ကျွတ်ကျွတ် တစ်ဦးတည်းမူပိုင် ရရှိတော့မယ့် စီရော်နယ်ဒို

ပေါ်တူဂီတိုက်စစ်မှုး စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ပြင်သစ်အသင်းနဲပွဲမှာ ၂ဂိုးသွင်းခဲ့ပြီး အီရန်တိုက်စစ်မှုး အလီဒါယီရဲ့ နိုင်ငံအသင်းအတွက် ဂိုးအများဆုံးသွင်းထားနိုင်တဲ့ မှတ်တမ်း ဂိုးအရေအတွက်ဖြစ်တဲ့ ၁၀၉ဂိုး ချင်းတူသွားတာ အားလုံးအသိပါပဲ။ စံချိန်မှတ်တမ်းတွေဆုတာ စီရော်နယ်ဒိုအတွက်တော့ ရပ်တန့်လို့ မရနိုင်တဲ့အရာတွေဖြစ်ပြီး သူဟာ ယူရိုပြိုင်ပွဲ ၅ကြိမ်ဆက် ကစားထားတဲ့အပြင် ၅ကြိမ်စလုံးမှာ
ဂိုးသွင်းနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ယူရိုမင်းသားဖြစ်သလို စံချိန်များရဲ့ အရှင်သခင် (Lord of the Record) ဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ ခေတ်ပြိုင် ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်တဲ့ မက်ဆီဟာ ရွှေဘောလုံးဆုရတဲ့အကြိမ်အရေအတွက်မှာ စီရော်နယ်ဒိုထက် ပိုများထားပေမယ့် နိုင်ငံလက်ရွေးစင်အသင်းအဆင့်မှာတော့ ချာတိတ်လို့ ပြောရမယ့် အနေအထားပါ။

စာရွက်ပေါ်က လူစာရင်းအရဆိုရင် ယူရို ၂၀၁၆ပြိုင်ပွဲမှာ ဗိုလ်စွဲသွားတဲ့ ပေါ်တူဂီအသင်းမှာ စီရော်နယ်ဒို၊ ပီပီတို့လောက်သာ စီနီယာပုံစံရှိပြီး ဘာနာဒိုဆေးဗားလ်၊ ဖာနန်ဒက်စ်တို့ဆိုတာ ၂၀၁၆ တုန်းက ဘောလုံးလောကမှာ Google ခေါက်ရှာရတဲ့ ကာလပဲရှိပါသေးတယ်။ ဂျင်တီးနားမှာ ၂၀၁၄ ကမ္ဘာ့ဖလားမှာကတည်းက မက်ဆီ၊ အဂူရို၊ ဒီမာရီယာ၊ မာရှေယာနိုတို့ရှိနေပြီး အင်အားတောင့်တင်း သာလွန်ပါတယ်။

ဒါပေမယ့် ကိုပါအမေရိကဖလားဗိုလ်လုပွဲ ၂ကြိမ်ဆက် ရှုံးနိမ့်လို စိတ်ကောက်ပြီး လက်ရွေးစင်ကစားသမားဘဝက အနားယူတော့မယ်ဆိုပြီး ထကြေညာတာကလွဲပြီး ဘာမှဖြစ်မလာခဲ့ပါဘူး။ ယူရို ၂၀၂၀မှာ ဂျာမနီနဲ့ ပြင်သစ်တို့လို ထိပ်တန်းအသင်းတွေကို ဂိုးသွင်းနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ စုစုပေါင်း ၁၄ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ဂိုးအများဆုံးသွင်းထားတဲ့ မှတ်တမ်းကို ရရှိထားပါတယ်။

ပေါ်တူဂီအတွက် ကစားရင်း ကမ္ဘာ့ ဘောလုံးအင်အားကြီး အသင်းတွေဖြစ်ပြီး ကမ္ဘာ့အဆင့် ထိပ်ဆုံး ၁၀သင်းဝင်တဲ့ နယ်သာလန်၊ ဂျာမနီ၊ အာဂျင်တီးနား၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ စပိန်တို့ကို စုစုပေါင်း ၁၄ဂိုး အထိ သွင်းပြထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူရိုနဲ့ ကမ္ဘာ့ဖလားပြိုင့်ွဲ ၂ခုပေါင်းမှာ ဂိုး၂၀ အထိသွင်းထားပြီး ဒုတိယနေရာက ဂျာမန်တိုက်စစ်မှုး ကလိုဆေးထက် အသာယူ စံချိန်တင်ထားပြန်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒို ၂ယောက်မှာ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေဖြစ်တဲ့ ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲနဲ့ ကိုပါအမေရိကဖလားပြိုင်တို့မှာ စီရော်နယ်ဒိုက မက်ဆီသွင်းထားတဲ့ ဂိုးအရေအတွက်ထက် ၃ဆ ကျော် အသာရထားပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ ကစားရမယ့် ဘယ်ဂျီယံနဲ့ပွဲမှာသာ စီရော်နယ်ဒို ဂိုးသွင်းနိုင်ခဲ့ရင် ကမ္ဘာပေါ်မှာ နိုင်ငံအသင်းအတွက် ဂိုးအများဆုံး သွင်းပေးထားနိုင်တဲ့ ဂိုးသွင်းဘုရင်အဖြစ် လွတ်လွတ်ကျွတ်ကျွတ် တစ်ဦးတည်းမူပိုင် ရရှိတော့မှာလည်း ဖြစ်ပါတယ်။

zawgyi

ဂိုးသြင္းဘုရင္အျဖစ္ လြတ္လြတ္ကြၽတ္ကြၽတ္ တစ္ဦးတည္းမူပိုင္ ရရွိေတာ့မယ့္ စီေရာ္နယ္ဒို

ေပၚတူဂီတိုက္စစ္မႈး စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ျပင္သစ္အသင္းနဲပြဲမွာ ၂ဂိုးသြင္းခဲ့ၿပီး အီရန္တိုက္စစ္မႈး အလီဒါယီရဲ႕ ႏိုင္ငံအသင္းအတြက္ ဂိုးအမ်ားဆုံးသြင္းထားႏိုင္တဲ့ မွတ္တမ္း ဂိုးအေရအတြက္ျဖစ္တဲ့ ၁၀၉ဂိုး ခ်င္းတူသြားတာ အားလုံးအသိပါပဲ။ စံခ်ိန္မွတ္တမ္းေတြဆုတာ စီေရာ္နယ္ဒိုအတြက္ေတာ့ ရပ္တန႔္လို႔ မရႏိုင္တဲ့အရာေတြျဖစ္ၿပီး သူဟာ ယူ႐ိုၿပိဳင္ပြဲ ၅ႀကိမ္ဆက္ ကစားထားတဲ့အျပင္ ၅ႀကိမ္စလုံးမွာ
ဂိုးသြင္းႏိုင္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။

ယူ႐ိုမင္းသားျဖစ္သလို စံခ်ိန္မ်ားရဲ႕ အရွင္သခင္ (Lord of the Record) ျဖစ္တဲ့ စီေရာ္နယ္ဒိုရဲ႕ ေခတ္ၿပိဳင္ ၿပိဳင္ဘက္ေကာင္းတစ္ဦးျဖစ္တဲ့ မက္ဆီဟာ ေ႐ႊေဘာလုံးဆုရတဲ့အႀကိမ္အေရအတြက္မွာ စီေရာ္နယ္ဒိုထက္ ပိုမ်ားထားေပမယ့္ ႏိုင္ငံလက္ေ႐ြးစင္အသင္းအဆင့္မွာေတာ့ ခ်ာတိတ္လို႔ ေျပာရမယ့္ အေနအထားပါ။

စာ႐ြက္ေပၚက လူစာရင္းအရဆိုရင္ ယူ႐ို ၂၀၁၆ၿပိဳင္ပြဲမွာ ဗိုလ္စြဲသြားတဲ့ ေပၚတူဂီအသင္းမွာ စီေရာ္နယ္ဒို၊ ပီပီတို႔ေလာက္သာ စီနီယာပုံစံရွိၿပီး ဘာနာဒိုေဆးဗားလ္၊ ဖာနန္ဒက္စ္တို႔ဆိုတာ ၂၀၁၆ တုန္းက ေဘာလုံးေလာကမွာ Google ေခါက္ရွာရတဲ့ ကာလပဲရွိပါေသးတယ္။ ဂ်င္တီးနားမွာ ၂၀၁၄ ကမာၻ႔ဖလားမွာကတည္းက မက္ဆီ၊ အဂူ႐ို၊ ဒီမာရီယာ၊ မာေရွယာႏိုတို႔ရွိေနၿပီး အင္အားေတာင့္တင္း သာလြန္ပါတယ္။

ဒါေပမယ့္ ကိုပါအေမရိကဖလားဗိုလ္လုပြဲ ၂ႀကိမ္ဆက္ ရႈံးနိမ့္လို စိတ္ေကာက္ၿပီး လက္ေ႐ြးစင္ကစားသမားဘဝက အနားယူေတာ့မယ္ဆိုၿပီး ထေၾကညာတာကလြဲၿပီး ဘာမွျဖစ္မလာခဲ့ပါဘူး။ ယူ႐ို ၂၀၂၀မွာ ဂ်ာမနီနဲ႔ ျပင္သစ္တို႔လို ထိပ္တန္းအသင္းေတြကို ဂိုးသြင္းႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းမွာ စုစုေပါင္း ၁၄ဂိုးအထိ သြင္းႏိုင္ခဲ့ၿပီး ဂိုးအမ်ားဆုံးသြင္းထားတဲ့ မွတ္တမ္းကို ရရွိထားပါတယ္။

ေပၚတူဂီအတြက္ ကစားရင္း ကမာၻ႔ ေဘာလုံးအင္အားႀကီး အသင္းေတြျဖစ္ၿပီး ကမာၻ႔အဆင့္ ထိပ္ဆုံး ၁၀သင္းဝင္တဲ့ နယ္သာလန္၊ ဂ်ာမနီ၊ အာဂ်င္တီးနား၊ ဘယ္ဂ်ီယံ၊ ျပင္သစ္၊ စပိန္တို႔ကို စုစုေပါင္း ၁၄ဂိုး အထိ သြင္းျပထားႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ယူ႐ိုနဲ႔ ကမာၻ႔ဖလားၿပိဳင့္ြဲ ၂ခုေပါင္းမွာ ဂိုး၂၀ အထိသြင္းထားၿပီး ဒုတိယေနရာက ဂ်ာမန္တိုက္စစ္မႈး ကလိုေဆးထက္ အသာယူ စံခ်ိန္တင္ထားျပန္ပါတယ္။

မက္ဆီနဲ႔ စီေရာ္နယ္ဒို ၂ေယာက္မွာ ကမာၻ႔အဆင့္ၿပိဳင္ပြဲေတြျဖစ္တဲ့ ကမာၻ႔ဖလား၊ ယူ႐ိုၿပိဳင္ပြဲနဲ႔ ကိုပါအေမရိကဖလားၿပိဳင္တို႔မွာ စီေရာ္နယ္ဒိုက မက္ဆီသြင္းထားတဲ့ ဂိုးအေရအတြက္ထက္ ၃ဆ ေက်ာ္ အသာရထားပါတယ္။ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲ ရႈံးထြက္အဆင့္မွာ ကစားရမယ့္ ဘယ္ဂ်ီယံနဲ႔ပြဲမွာသာ စီေရာ္နယ္ဒို ဂိုးသြင္းႏိုင္ခဲ့ရင္ ကမာၻေပၚမွာ ႏိုင္ငံအသင္းအတြက္ ဂိုးအမ်ားဆုံး သြင္းေပးထားႏိုင္တဲ့ ဂိုးသြင္းဘုရင္အျဖစ္ လြတ္လြတ္ကြၽတ္ကြၽတ္ တစ္ဦးတည္းမူပိုင္ ရရွိေတာ့မွာလည္း ျဖစ္ပါတယ္။