၂၀၂၀ ယူရို ရွှေဖိနပ်ဆုအတွက် ရေပန်းစားသူများ

ယူရို 2020 ရဲ့ ရွှေဖိနပ်ဆုအတွက် တန်းစီဇယားမှာတော့ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလောလောဆယ် ဦးဆောင်နေပါတယ်။အုပ်စုပွဲစဉ်တွေအပြီးမှာ စီရော်နယ်ဒိုက သွင်းဂိုး ၅ ဂိုးနဲ့ ဒုတိယ ၅ ဦးထက် ၂ ဂိုး အသာနဲ့ ရွှေဖိနပ်ဆုစာရင်းကို ဦးဆောင်နေပါတယ်။ ရော်နယ်ဒိုရဲ့ နောက်မှာ 3 ဂိုးစီသွင်းထားတဲ့ ကစားသမား 5 ဦးရှိပါတယ်။ အဲဒီ ၅ ဦးထဲမှာ လီဝမ်ဒေါ့စကီးပါဝင်တဲ့ ပိုလန်အသင်းကတော့ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ရှဟစ်နဲ့ ဖော့စ်ဘတ်ချ်တို့ကလည်း ရေပန်းစားသူတွေ မဟုတ်ပြန်ပါဘူး။

ရှုံးထွက်အဆင့်မှာ ပေါ်တူဂီနဲ့ဘယ်လ်ဂျီယံ တွေ့ဆုံနေတာကြောင့် စီရော်နယ်ဒိုနဲ့ လူကာကူတို့ ၂ယောက်ထဲက ၁ ဦးထွက်ရပါမယ်။ ကျန်တဲ့ ၂ ဂိုးသွင်းထားသူတွေထဲမှာ အလားအလာအရှိဆုံးကတော့ အင်မိုဘီလီနဲ့ ဒီပိုင်းပဲရှိပါတယ်။ အသက် 36 နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဥရောပဖလားပြိုင်ပွဲမှာ စုစုပေါင်း 14 ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းတဲ့ကစားသမားအဖြစ် မှတ်တမ်းတင်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ 2020-21 ဘောလုံးရာသီမှာလည်း 29 ဂိုး သွင်းပြီး စီးရီးအေရဲ့ ထိပ်ဆုံး ဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီနှစ်မှာ ပြိုင်ပွဲဝင် ၂၄ သင်း တိုးမြှင့်လိုက်တာကြောင့်ဗိုလ်လုပွဲရောက်အသင်းဟာ စုစုပေါင်း ၇ ပွဲအထိ ကစားရမှာဖြစ်လို့ ယခင်ရွှေဖိနပ် ဆုရှင်တွေအတွက် ဂိုးအရေအတွက် ပိုများနိုင်ပါတယ်။ ခြေစစ်ပွဲမှာတုန်းက ကိန်းဟာ ၁၂ ဂိုး၊ ဂိုးကန်ချက် ၂၂ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့ပြီး စီရော်နယ်ဒိုက ၁၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ တကယ့် ပြိုင်ပွဲမှာတော့ သူတို့ ၂ ဦး ခြေစွမ်းက နှိုင်းယှဉ်စရာလုံးဝမရှိခဲ့ဘဲ စီရော်နယ်ဒိုဟာ မရဏအုပ်စုမှာတောင် ၅ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယူရိုပြိုင်ပွဲ နောက်ဆုံး ၆ ကြိမ်မှာ ၅ ဂိုးအထက် သွင်းနိုင်တဲ့ ရွှေဖိနပ်ဆုရှင်ဟာ ၂၀၁၆ ပြိုင်ပွဲက ဂရစ်ဇ်မန်း (၆ ဂိုး) တစ်ဦးပဲရှိခဲ့တာကြောင့် စီရော်နယ်ဒိုအတွက် အလားအလာ အလွန်ကောင်းနေပါတယ်။

ယူရို 2020 လောလောဆယ် ဂိုးအများဆုံးသွင်းသူ တန်းစီဇယားကတော့ – ရော်နယ်ဒို(ပေါ်တူဂီ) – 5 ဂိုး၊ ပက်ထရစ်ရှစ်ခ် (ချက်) – 3 ဂိုး၊ ဖော့စ်ဘာ့ချ်(ဆွီဒင်) – 3 ဂိုး၊ လူကာကူ (ဘယ်ဂျီယံ) – 3 ဂိုး၊ လီဝမ်ဒေါ့စကီး (ပိုလန်) – 3 ဂိုး၊ ဝင့်နယ်ဒန် (နယ်သာလန်) – 3 ဂိုး၊ ဒီပေး (နယ်သာလန်) – 2 ဂိုး၊ အင်မိုဘီလီ (အီတလီ) -2 ဂိုး၊ ရှာကီရီ (ဆွစ်ဇာလန်) -2 ဂိုး၊ ယာမိုလန်ကို (ယူကရိန်း) – 2 ဂိုး၊ ရာရမ်ချပ်ခ် (ယူကရိန်း) – 2 ဂိုး၊ ပယ်ရီဆစ် (ခရိုအေးရှား) – 2 ဂိုး၊ လိုကာတယ်လီ (အီတလီ) – 2 ဂိုး၊ ပေါလ်ဆန် (ဒိန်းမတ်) – 2 ဂိုး၊ ဘန်ဇီမာ (ပြင်သစ်) – 2 ဂိုး၊ ဟာဗက်ဇ် (ဂျာမနီ) – 2 ဂိုး၊ စတားလင်း (အင်္ဂလန်) – 2 ဂိုး၊ ဒမ်ဖရီးစ် (နယ်သာလန်) – 2 ဂိုးတို့ ဖြစ်ပါတယ်။

zawgyi

၂၀၂၀ ယူ႐ို ေ႐ႊဖိနပ္ဆုအတြက္ ေရပန္းစားသူမ်ား

ယူ႐ို 2020 ရဲ႕ ေ႐ႊဖိနပ္ဆုအတြက္ တန္းစီဇယားမွာေတာ့ ေပၚတူဂီအသင္းရဲ႕ တိုက္စစ္မႉး ေရာ္နယ္ဒိုကေလာေလာဆယ္ ဦးေဆာင္ေနပါတယ္။အုပ္စုပြဲစဥ္ေတြအၿပီးမွာ စီေရာ္နယ္ဒိုက သြင္းဂိုး ၅ ဂိုးနဲ႔ ဒုတိယ ၅ ဦးထက္ ၂ ဂိုး အသာနဲ႔ ေ႐ႊဖိနပ္ဆုစာရင္းကို ဦးေဆာင္ေနပါတယ္။ ေရာ္နယ္ဒိုရဲ႕ ေနာက္မွာ 3 ဂိုးစီသြင္းထားတဲ့ ကစားသမား 5 ဦးရွိပါတယ္။ အဲဒီ ၅ ဦးထဲမွာ လီဝမ္ေဒါ့စကီးပါဝင္တဲ့ ပိုလန္အသင္းကေတာ့ ၿပိဳင္ပြဲက ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။ရွဟစ္နဲ႔ ေဖာ့စ္ဘတ္ခ်္တို႔ကလည္း ေရပန္းစားသူေတြ မဟုတ္ျပန္ပါဘူး။

ရႈံးထြက္အဆင့္မွာ ေပၚတူဂီနဲ႔ဘယ္လ္ဂ်ီယံ ေတြ႕ဆုံေနတာေၾကာင့္ စီေရာ္နယ္ဒိုနဲ႔ လူကာကူတို႔ ၂ေယာက္ထဲက ၁ ဦးထြက္ရပါမယ္။ က်န္တဲ့ ၂ ဂိုးသြင္းထားသူေတြထဲမွာ အလားအလာအရွိဆုံးကေတာ့ အင္မိုဘီလီနဲ႔ ဒီပိုင္းပဲရွိပါတယ္။ အသက္ 36 ႏွစ္အ႐ြယ္ရွိ ေရာ္နယ္ဒိုဟာ ဥေရာပဖလားၿပိဳင္ပြဲမွာ စုစုေပါင္း 14 ဂိုးသြင္းၿပီး ဂိုးအမ်ားဆုံးသြင္းတဲ့ကစားသမားအျဖစ္ မွတ္တမ္းတင္ထားႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ 2020-21 ေဘာလုံးရာသီမွာလည္း 29 ဂိုး သြင္းၿပီး စီးရီးေအရဲ႕ ထိပ္ဆုံး ဂိုးသြင္းရွင္အျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒီႏွစ္မွာ ၿပိဳင္ပြဲဝင္ ၂၄ သင္း တိုးျမႇင့္လိုက္တာေၾကာင့္ဗိုလ္လုပြဲေရာက္အသင္းဟာ စုစုေပါင္း ၇ ပြဲအထိ ကစားရမွာျဖစ္လို႔ ယခင္ေ႐ႊဖိနပ္ ဆုရွင္ေတြအတြက္ ဂိုးအေရအတြက္ ပိုမ်ားႏိုင္ပါတယ္။ ေျခစစ္ပြဲမွာတုန္းက ကိန္းဟာ ၁၂ ဂိုး၊ ဂိုးကန္ခ်က္ ၂၂ ႀကိမ္နဲ႔ အမ်ားဆုံးျဖစ္ခဲ့ၿပီး စီေရာ္နယ္ဒိုက ၁၁ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ တကယ့္ ၿပိဳင္ပြဲမွာေတာ့ သူတို႔ ၂ ဦး ေျခစြမ္းက ႏႈိင္းယွဥ္စရာလုံးဝမရွိခဲ့ဘဲ စီေရာ္နယ္ဒိုဟာ မရဏအုပ္စုမွာေတာင္ ၅ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ယူ႐ိုၿပိဳင္ပြဲ ေနာက္ဆုံး ၆ ႀကိမ္မွာ ၅ ဂိုးအထက္ သြင္းႏိုင္တဲ့ ေ႐ႊဖိနပ္ဆုရွင္ဟာ ၂၀၁၆ ၿပိဳင္ပြဲက ဂရစ္ဇ္မန္း (၆ ဂိုး) တစ္ဦးပဲရွိခဲ့တာေၾကာင့္ စီေရာ္နယ္ဒိုအတြက္ အလားအလာ အလြန္ေကာင္းေနပါတယ္။

ယူ႐ို 2020 ေလာေလာဆယ္ ဂိုးအမ်ားဆုံးသြင္းသူ တန္းစီဇယားကေတာ့ – ေရာ္နယ္ဒို(ေပၚတူဂီ) – 5 ဂိုး၊ ပက္ထရစ္ရွစ္ခ္ (ခ်က္) – 3 ဂိုး၊ ေဖာ့စ္ဘာ့ခ်္(ဆြီဒင္) – 3 ဂိုး၊ လူကာကူ (ဘယ္ဂ်ီယံ) – 3 ဂိုး၊ လီဝမ္ေဒါ့စကီး (ပိုလန္) – 3 ဂိုး၊ ဝင့္နယ္ဒန္ (နယ္သာလန္) – 3 ဂိုး၊ ဒီေပး (နယ္သာလန္) – 2 ဂိုး၊ အင္မိုဘီလီ (အီတလီ) -2 ဂိုး၊ ရွာကီရီ (ဆြစ္ဇာလန္) -2 ဂိုး၊ ယာမိုလန္ကို (ယူကရိန္း) – 2 ဂိုး၊ ရာရမ္ခ်ပ္ခ္ (ယူကရိန္း) – 2 ဂိုး၊ ပယ္ရီဆစ္ (ခ႐ိုေအးရွား) – 2 ဂိုး၊ လိုကာတယ္လီ (အီတလီ) – 2 ဂိုး၊ ေပါလ္ဆန္ (ဒိန္းမတ္) – 2 ဂိုး၊ ဘန္ဇီမာ (ျပင္သစ္) – 2 ဂိုး၊ ဟာဗက္ဇ္ (ဂ်ာမနီ) – 2 ဂိုး၊ စတားလင္း (အဂၤလန္) – 2 ဂိုး၊ ဒမ္ဖရီးစ္ (နယ္သာလန္) – 2 ဂိုးတို႔ ျဖစ္ပါတယ္။