ဥရုဂွေးအသင်းအတွက် အဖိုးတန် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကာဗာနီ

ဘိုလီဗီးယားအသင်းနဲ့ ပွဲစဉ်က ပွဲချိန် (၇၉) မိနစ်မှာ ကာဗာနီရဲ့ သွင်းဂိုးက ဥရုဂွေးအတွက် နိုင်ပွဲရရှိဖို့ သေချာသွားစေခဲ့ပါတယ်။ ပွဲပြီးမှာ ဥရုဂွေးအသင်းက ဘိုလီဗီးယားအသင်းကို ( ၂ -၀ ) နဲ့ အနိုင်ရရှိခဲ့ပါတယ်။

( ၅ ) သင်းပါဝင်တဲ့ အုပ်စုတစ်ခုမှာ ထိပ်ဆုံး ( ၄ ) သင်းက နောက်တစ်ဆင့် တက်ရောက်ခွင့်ရမှာဖြစ်ပေမယ့် ဥရုဂွေးအသင်းက အုပ်စု အဖွင့်ပွဲစဉ် ( ၂ ) ခုမှာ အာဂျင်တီးနားကို ရှုံးပြီး နဲ့ ချီလီနဲ့သရေကျခဲ့ပါတယ်။ ဒါကြောင့်လည်း အုပ်စုကနေနောက်တစ်ဆင့်တက်ဖို့လိုနေတဲ့ ဥရုဂွေးအသင်းဟာ ဘိုလီဗီးယားအသင်းနဲ့ ပွဲကို အနိုင်ရယူနိုင်အောင် ဆွာရာဇ်၊ ကာဗာနီ တိုက်စစ်အတွဲနဲ့ ပြင်ဆင်လာခဲ့ပါတယ်။

အုပ်စုအမှတ်ပေးဇယားမှာအောက်ဆုံးရောက်နေကြတဲ့ ဒီနှစ် သင်းလုံးဟာ နောက်တစ်ဆင့်တက်နိုင်ဖို့ အတွက် အစွမ်းကုန်ကြိုးစားခဲ့ကြပြီး အပြန်အလှန် တိုက်စစ်ဆင်မှုတွေလုပ်ခဲ့ကြသလို ပထမပိုင်းမှာ ဆွာရာဇ်နဲ့ ကာဗာနီတို့ဂိုးရှေ့မှာ တိုက်စစ်ဆင်လာချိန်မှာ ဂိုးဧရိယာထဲက ဘိုလီးဗီးယား ဂိုးသမားရဲ့ကာကွယ်မှုဟာ ကာဗာနီကို ဆွဲလှဲလိုက်သလို ဖြစ်ခဲ့ ပေမယ့် ဘောလုံးကိုအရင်ထိမိခဲ့တာကြောင့် ဥရုဂွေး အသင်း ပင်နယ်တီ မရရှိခဲ့ပါဘူး။

ပထမပိုင်း မိနစ် (၄၀)မှာ ဥရုဂွေး အသင်းဟာ ညာတောင်ပံကနေ တိုက်စစ်ဆင်လာပြီး ဂိုးရှေ့ ဖြတ်အပို့မှာ ဘိုလီးဗီးယား အသင်းခံစစ်မှူး Jairo Quinteros ရဲ့ ခြေထောက်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် ဥရုဂွေးအသင်းက ပထမပိုင်းအပြီးမှာ (၁-ဝ)နဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။

ဒုတိယပိုင်း (၇၉)မိနစ်မှာတော့ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီက ဘယ်ဘက်ခြမ်းကနေ ပေးပို့လာတဲ့ အနိမ့်ဘောကို အကောင်းဆုံး အဆုံးသတ်ကာ ဥရုဂွေးအသင်းအတွက် ပထမဆုံးနိုင်ပွဲ သေချာစေမယ့်ဂိုးကို ရယူပေးခဲ့ပါတယ်။

အုပ်စု (၃)ပွဲကစားပြီးချိန်မှာတော့ ဥရုဂွေးအသင်းဟာ ရမှတ် ( ၄ ) မှတ်နဲ့ အုပ်စု ( က ) ရဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပြီး ကွာတာဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရသွားခဲ့ပါတယ်။ ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ ဥရုဂွေးအသင်းက နာဟဇ်တန် နန်ဒက်ဇ် ကရရှိသွားခဲ့ပါတယ်။ ဘိုလီဗီးယားအသင်းကတော့ ၃ပွဲကစားပြီးချိန်အထိ ရမှတ်တစ်မှတ်မှ မရရှိခဲ့တာကြောင့် အာဂျင်တီးနားအသင်းနဲ့ အုပ်စု နောက်ဆုံးပွဲမကစားခင်မှာတင် ပြိုင်ပွဲကနေနှုတ်ဆက်သွားခဲ့ရပါပြီ။

zawgyi

ဥ႐ုေဂြးအသင္းအတြက္ အဖိုးတန္ ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ ကာဗာနီ

ဘိုလီဗီးယားအသင္းနဲ႔ ပြဲစဥ္က ပြဲခ်ိန္ (၇၉) မိနစ္မွာ ကာဗာနီရဲ႕ သြင္းဂိုးက ဥ႐ုေဂြးအတြက္ ႏိုင္ပြဲရရွိဖို႔ ေသခ်ာသြားေစခဲ့ပါတယ္။ ပြဲၿပီးမွာ ဥ႐ုေဂြးအသင္းက ဘိုလီဗီးယားအသင္းကို ( ၂ -၀ ) နဲ႕ အႏိုင္ရရွိခဲ့ပါတယ္။

( ၅ ) သင္းပါဝင္တဲ့ အုပ္စုတစ္ခုမွာ ထိပ္ဆုံး ( ၄ ) သင္းက ေနာက္တစ္ဆင့္ တက္ေရာက္ခြင့္ရမွာျဖစ္ေပမယ့္ ဥ႐ုေဂြးအသင္းက အုပ္စု အဖြင့္ပြဲစဥ္ ( ၂ ) ခုမွာ အာဂ်င္တီးနားကို ရွံုးၿပီး နဲ႕ ခ်ီလီနဲ႕သေရက်ခဲ့ပါတယ္။ ဒါေၾကာင့္လည္း အုပ္စုကေနေနာက္တစ္ဆင့္တက္ဖို႕လိုေနတဲ့ ဥရုေဂြးအသင္းဟာ ဘိုလီဗီးယားအသင္းနဲ႕ ပြဲကို အႏိုင္ရယူႏိုင္ေအာင္ ဆြာရာဇ္၊ ကာဗာနီ တိုက္စစ္အတြဲနဲ႕ ျပင္ဆင္လာခဲ့ပါတယ္။

အုပ္စုအမွတ္ေပးဇယားမွာေအာက္ဆံုးေရာက္ေနၾကတဲ့ ဒီႏွစ္ သင္းလံုးဟာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႕ အတြက္ အစြမ္းကုန္ၾကိဳးစားခဲ့ၾကၿပီး အျပန္အလွန္ တိုက္စစ္ဆင္မႈေတြလုပ္ခဲ့ၾကသလို ပထမပိုင္းမွာ ဆြာရာဇ္နဲ႕ ကာဗာနီတို႕ဂိုးေရွ႕မွာ တိုက္စစ္ဆင္လာခ်ိန္မွာ ဂိုးဧရိယာထဲက ဘိုလီးဗီးယား ဂိုးသမားရဲ႕ကာကြယ္မႈဟာ ကာဗာနီကို ဆြဲလွဲလိုက္သလို ျဖစ္ခဲ့ ေပမယ့္ ေဘာလံုးကိုအရင္ထိမိခဲ့တာေၾကာင့္ ဥရုေဂြး အသင္း ပင္နယ္တီ မရရွိခဲ့ပါဘူး။

ပထမပိုင္း မိနစ္ (၄၀)မွာ ဥရုေဂြး အသင္းဟာ ညာေတာင္ပံကေန တိုက္စစ္ဆင္လာၿပီး ဂိုးေရွ႕ ျဖတ္အပို႕မွာ ဘိုလီးဗီးယား အသင္းခံစစ္မွဴး Jairo Quinteros ရဲ႕ ေျခေထာက္နဲ႕ ထိၿပီး ဂိုးဝင္သြားခဲ့တာေၾကာင့္ ဥရုေဂြးအသင္းက ပထမပိုင္းအၿပီးမွာ (၁-၀)နဲ႕ ႏိုင္ပြဲရရွိခဲ့ပါတယ္။

ဒုတိယပိုင္း (၇၉)မိနစ္မွာေတာ့ ယူႏိုက္တက္ တိုက္စစ္မႉး ကာဗာနီက ဘယ္ဘက္ျခမ္းကေန ေပးပို႔လာတဲ့ အနိမ့္ေဘာကို အေကာင္းဆုံး အဆုံးသတ္ကာ ဥ႐ုေဂြးအသင္းအတြက္ ပထမဆုံးႏိုင္ပြဲ ေသခ်ာေစမယ့္ဂိုးကို ရယူေပးခဲ့ပါတယ္။

အုပ္စု (၃)ပြဲကစားၿပီးခ်ိန္မွာေတာ့ ဥ႐ုေဂြးအသင္းဟာ ရမွတ္ ( ၄ ) မွတ္နဲ႔ အုပ္စု ( က ) ရဲ႕ စတုတၳေနရာမွာ ရပ္တည္ေနၿပီး ကြာတာဖိုင္နယ္အဆင့္ကို တက္ေရာက္ခြင့္ရသြားခဲ့ပါတယ္။ ဒီပြဲရဲ႕အေကာင္းဆံုးကစားသမားဆုကိုေတာ့ ဥရုေဂြးအသင္းက နာဟဇ္တန္ နန္ဒက္ဇ္ ကရရွိသြားခဲ့ပါတယ္။ ဘိုလီဗီးယားအသင္းကေတာ့ ၃ပြဲကစားၿပီးခ်ိန္အထိ ရမွတ္တစ္မွတ္မွ မရရွိခဲ့တာေၾကာင့္ အာဂ်င္တီးနားအသင္းနဲ႕ အုပ္စု ေနာက္ဆံုးပြဲမကစားခင္မွာတင္ ျပိဳင္ပြဲကေနႏႈတ္ဆက္သြားခဲ့ရပါၿပီ။