အာဂျင်တီးနားအသင်းဖော်တွေဟာ ညသန်းခေါင်မှာ မွေးနေ့ရှင်မက်ဆီကို Suprise လုပ်ခဲ့ကြ

အာဂျင်တီးနားအသင်းနာမည်ကျော်ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အသက်(၃၄)နှစ်ပြည့်ခဲ့ပြီး အာဂျင်တီးနားအသင်းဖော်တွေက ညသန်းခေါင်မှာ မွေးနေ့ရှင်မက်ဆီကို အံ့အားသင့်အောင် Suprise လုပ်ခဲ့ကြပါတယ်။

အာဂျင်တီးနားအသင်းဖော်တွေဟာ မက်ဆီနဲ့အတူတူ သူ့မွေးနေ့ပွဲဆင်နွှဲတာမျိုးတစ်ခါမှ မကြုံဖူးသေးဘဲ အခုမှရှားရှားပါးပါးရတဲ့အခွင့်အရေးကို မလွတ်တမ်းအသုံးချခဲ့တာဖြစ်သလို ညကြီးအချိန်မတော်မှာ မက်ဆီနေတဲ့ ဟိုတယ်အခန်းထဲကို မွေးနေ့ကိတ်၊ မွေးနေ့လက်ဆောင်တွေနဲ့အတူ ရုတ်တရက်သွားရောက်ပြီး Happy Birthday လုပ်ခဲ့ကြတာပါ။

အဲဒီနောက် အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့ ဒီမာရီယာ၊ အော့တာမန်ဒီနဲ့ တခြားအသင်းဖော်တွေက ရေသန့်ဗူးကြီးတစ်ဗူး၊ ဘေ့စ်ဘောဦးထုပ်နဲ့ ဝိုင်တစ်ပုလင်းအပါအဝင် မွေးနေ့လက်ဆောင်တွေ ပေးခဲ့ကြပါတယ်။

ညအချိန်မတော်မှာ Suprise လုပ်ခံခဲ့ရတာကြောင့် မက်ဆီဟာ အံ့အားသင့်သွားပုံရပြီး သူနဲ့တစ်ခန်းတည်းအတူနေနေကျဖြစ်တဲ့ အဂွဲရိုးကတော့ အိပ်ရေးပျက်သွားတာကြောင့် သိပ်တော့မကြည်တဲ့ပုံပါပဲ။ အဂွဲရိုးဟာ ရုပ်တည်ကြီးနဲ့ စောင်ပြန်ခြုံပြီး ပြန်အိပ်ဖို့ကြိုးစားနေတာကိုလည်း ရုပ်သံဖိုင်မှာ အထင်အရှားတွေ့ခဲ့ရပါတယ်။

အသင်းဖော်တွေက Suprise လုပ်ခဲ့တဲ့အဖြစ်အပျက်ကို မက်ဆီဟာ သူ့ Instagram မှာ Post တင်ခဲ့ပြီး ” အခုအချိန်မှာ ကျွန်တော် သတိအရဆုံးဖြစ်တဲ့ မိသားစုနဲ့အတူတူ မရှိပေမယ့် ကျွန်တော့်မွေးနေ့ကို အမှတ်တရအောင်ဖြစ်အောင် လုပ်ပေးခဲ့ကြတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ အခုလောလောဆယ်မှာ ဘရာဇီးလ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဆင်နွှဲနေရတာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် ဘိုလစ်ဗီးယားနဲ့ပွဲကစားဖို့ကျန်နေပေမယ့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရရှိခဲ့ပါပြီ။ အာဂျင်တီးနားအသင်းဖော်တွေအနေနဲ့ မက်ဆီရဲ့ကစားသမားဘဝမှာ အကြီးမားဆုံးကွက်လပ်ဖြစ်နေတဲ့ နိုင်ငံအသင်းနဲ့အတူ အဓိက ဆုဖလားမရဖူးသေးတဲ့ မှတ်တမ်းအဆုံးသတ်နိုင်အောင် ကိုပါအမေရိကဖလားရယူပြီး မွေးနေ့လက်ဆောင်ထပ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

zawgyi

အာဂ်င္တီးနားအသင္းေဖာ္ေတြဟာ ညသန္းေခါင္မွာ ေမြးေန႔ရွင္မက္ဆီကို Suprise လုပ္ခဲ့ၾက

အာဂ်င္တီးနားအသင္းနာမည္ေက်ာ္ကစားသမား မက္ဆီဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က အသက္(၃၄)ႏွစ္ျပည့္ခဲ့ၿပီး အာဂ်င္တီးနားအသင္းေဖာ္ေတြက ညသန္းေခါင္မွာ ေမြးေန႔ရွင္မက္ဆီကို အံ့အားသင့္ေအာင္ Suprise လုပ္ခဲ့ၾကပါတယ္။ အာဂ်င္တီးနားအသင္းေဖာ္ေတြဟာ မက္ဆီနဲ႔အတူတူ သူ႔ေမြးေန႔ပြဲဆင္ႏႊဲတာမ်ိဳးတစ္ခါမွ မႀကဳံဖူးေသးဘဲ အခုမွရွားရွားပါးပါးရတဲ့အခြင့္အေရးကို မလြတ္တမ္းအသုံးခ်ခဲ့တာျဖစ္သလို ညႀကီးအခ်ိန္မေတာ္မွာ မက္ဆီေနတဲ့ ဟိုတယ္အခန္းထဲကို ေမြးေန႔ကိတ္၊ ေမြးေန႔လက္ေဆာင္ေတြနဲ႔အတူ ႐ုတ္တရက္သြားေရာက္ၿပီး Happy Birthday လုပ္ခဲ့ၾကတာပါ။ အဲဒီေနာက္ အာဂ်င္တီးနားကစားသမားေတြျဖစ္တဲ့ ဒီမာရီယာ၊ ေအာ့တာမန္ဒီနဲ႔ တျခားအသင္းေဖာ္ေတြက ေရသန႔္ဗူးႀကီးတစ္ဗူး၊ ေဘ့စ္ေဘာဦးထုပ္နဲ႔ ဝိုင္တစ္ပုလင္းအပါအဝင္ ေမြးေန႔လက္ေဆာင္ေတြ ေပးခဲ့ၾကပါတယ္။

ညအခ်ိန္မေတာ္မွာ Suprise လုပ္ခံခဲ့ရတာေၾကာင့္ မက္ဆီဟာ အံ့အားသင့္သြားပုံရၿပီး သူနဲ႔တစ္ခန္းတည္းအတူေနေနက်ျဖစ္တဲ့ အဂြဲ႐ိုးကေတာ့ အိပ္ေရးပ်က္သြားတာေၾကာင့္ သိပ္ေတာ့မၾကည္တဲ့ပုံပါပဲ။ အဂြဲ႐ိုးဟာ ႐ုပ္တည္ႀကီးနဲ႔ ေစာင္ျပန္ၿခဳံၿပီး ျပန္အိပ္ဖို႔ႀကိဳးစားေနတာကိုလည္း ႐ုပ္သံဖိုင္မွာ အထင္အရွားေတြ႕ခဲ့ရပါတယ္။ အသင္းေဖာ္ေတြက Suprise လုပ္ခဲ့တဲ့အျဖစ္အပ်က္ကို မက္ဆီဟာ သူ႔ Instagram မွာ Post တင္ခဲ့ၿပီး ” အခုအခ်ိန္မွာ ကြၽန္ေတာ္ သတိအရဆုံးျဖစ္တဲ့ မိသားစုနဲ႔အတူတူ မရွိေပမယ့္ ကြၽန္ေတာ့္ေမြးေန႔ကို အမွတ္တရေအာင္ျဖစ္ေအာင္ လုပ္ေပးခဲ့ၾကတဲ့ အသင္းေဖာ္ေတြကို ေက်းဇူးတင္ပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ အခုေလာေလာဆယ္မွာ ဘရာဇီးလ္ႏိုင္ငံက အိမ္ရွင္အျဖစ္က်င္းပေနတဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲဆင္ႏႊဲေနရတာျဖစ္ၿပီး အုပ္စုေနာက္ဆုံးပြဲအျဖစ္ ဘိုလစ္ဗီးယားနဲ႔ပြဲကစားဖို႔က်န္ေနေပမယ့္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ခြင့္ရရွိခဲ့ပါၿပီ။ အာဂ်င္တီးနားအသင္းေဖာ္ေတြအေနနဲ႔ မက္ဆီရဲ႕ကစားသမားဘဝမွာ အႀကီးမားဆုံးကြက္လပ္ျဖစ္ေနတဲ့ ႏိုင္ငံအသင္းနဲ႔အတူ အဓိက ဆုဖလားမရဖူးေသးတဲ့ မွတ္တမ္းအဆုံးသတ္ႏိုင္ေအာင္ ကိုပါအေမရိကဖလားရယူၿပီး ေမြးေန႔လက္ေဆာင္ထပ္ေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။