ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကလပ်ရဲ့ အနာဂတ်အစီအစဉ်မှာ ဆက်လက်ပါဝင်နိုင်ဖို့ သေချာခြင်း မရှိ

ဥရောပဖလားပြိုင်ပွဲတွင် ပေါ်တူဂီအသင်းနှင့်အတူ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားတဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကလပ်ရဲ့ အနာဂတ်အစီအစဉ်မှာ ဆက်လက်ပါဝင်နိုင်ဖို့ သေချာခြင်း မရှိတော့ပါဘူး။

ဂျူဗင်တပ်စ်အသင်းကိုရော်နယ်ဒို စွန့်ခွာတော့မယ်ဆိုတဲ့ သတင်းနဲ့ ဂျူဗင်တပ်စ်ဘက်က ဒိုလေးကို ရောင်းထုတ်တော့မယ် ဆိုတဲ့ သတင်းများ၊ ကောလာဟလများမှာ တောက်လျှောက်ထွက်ပေါ်နေပြီး ပြင်သစ်လီဂူးဝမ်းကလပ် ပီအက်စ်ဂျီဟာ ရော်နယ်ဒို ဦးတည်ရာဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေပါတယ်။

ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ဟာ သူ့ကစားသမား အနာဂတ်အတွက် ဆွေးနွေးညှိုနှိုင်းမှုများ ပြုလုပ်နေပါတယ်။ ဂျော့ချ်မန်ဒက်စ်ဟာ မကြာသေးမီရက်ပိုင်းက ပြင်သစ်ကိုသွားရောက်ပြီး ပီအက်စ်ဂျီအသင်းနှင့် ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သတင်းများထွက်ပေါ်ထားပါတယ်။

တစ်ဖက်မှာလည်း ဂျူဗင်တပ်စ် အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖွယ်ရှိနေတဲ့ ရော်နယ်ဒို ရဲ့နေရာမှာ အစားထိုးဖို့ အတွက် ကစားသမား(၇)ဦးအထိ လျာထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဂျူဗင်တပ်စ် အသင်း စာရင်းပြုစုထားတဲ့ ကစားသမား(၇)ဦးကတော့ ဂျီးဆပ်စ်၊ ဂျက်ကို၊ဒမ်ဘီလီ၊ မီလစ်ခ်၊အိုင်ကာဒီ၊ ပီတာဂါနာနဲ့ ဗယ်လ်ဟိုဗစ် တို့ ဖြစ်တယ်လို့ သိရပါတယ်။ ရော်နယ်ဒို ဟာ လွန်ခဲ့တဲ့ ၂၀၁၈က ရီးရဲလ် ကနေ ဂျူဗင်တပ်စ် ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး (၁၃၃)ပွဲမှာ (၁၀၁)ဂိုးအထိ သွင်းယူထားပါတယ်။ရော်နယ်ဒို ဟာ လက်ရှိကျင်းပနေတဲ့ ယူရိုပြိုင်ပွဲမှာလည်း ပေါ်တူဂီ အတွက် (၃)ပွဲကစား (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ရော်နယ်ဒို နဲ့ ဂျူဗင်တပ်စ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၁၂)လသာကျန်ရှိတော့တာဖြစ်ပြီး၊ နည်းပြသစ်နဲ့ ရော်နယ်ဒိုတို့ဟာ အစာမကြေတဲ့ ဇာတ်လမ်းတွေရှိထားပါတယ်။

zawgyi

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကလပ္ရဲ႕ အနာဂတ္အစီအစဥ္မွာ ဆက္လက္ပါဝင္ႏိုင္ဖို႔ ေသခ်ာျခင္း မရွိ

ဥေရာပဖလားၿပိဳင္ပြဲတြင္ ေပၚတူဂီအသင္းႏွင့္အတူ ရႈံးထြက္အဆင့္သို႔ တက္ေရာက္သြားတဲ့ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကလပ္ရဲ႕ အနာဂတ္အစီအစဥ္မွာ ဆက္လက္ပါဝင္ႏိုင္ဖို႔ ေသခ်ာျခင္း မရွိေတာ့ပါဘူး။

ဂ်ဴဗင္တပ္စ္အသင္းကိုေရာ္နယ္ဒို စြန႔္ခြာေတာ့မယ္ဆိုတဲ့ သတင္းနဲ႔ ဂ်ဴဗင္တပ္စ္ဘက္က ဒိုေလးကို ေရာင္းထုတ္ေတာ့မယ္ ဆိုတဲ့ သတင္းမ်ား၊ ေကာလာဟလမ်ားမွာ ေတာက္ေလွ်ာက္ထြက္ေပၚေနၿပီး ျပင္သစ္လီဂူးဝမ္းကလပ္ ပီအက္စ္ဂ်ီဟာ ေရာ္နယ္ဒို ဦးတည္ရာျဖစ္လာႏိုင္ေၾကာင္း သုံးသပ္မႈမ်ားရွိေနပါတယ္။

ေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္ဒက္စ္ဟာ သူ႔ကစားသမား အနာဂတ္အတြက္ ေဆြးေႏြးညႇိဳႏႈိင္းမႈမ်ား ျပဳလုပ္ေနပါတယ္။ ေဂ်ာ့ခ်္မန္ဒက္စ္ဟာ မၾကာေသးမီရက္ပိုင္းက ျပင္သစ္ကိုသြားေရာက္ၿပီး ပီအက္စ္ဂ်ီအသင္းႏွင့္ ေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕ကိစၥမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚထားပါတယ္။

တစ္ဖက္မွာလည္း ဂ်ဴဗင္တပ္စ္ အသင္းဟာ အခုေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းက ထြက္ခြာဖြယ္ရွိေနတဲ့ ေရာ္နယ္ဒို ရဲ႕ေနရာမွာ အစားထိုးဖို႔ အတြက္ ကစားသမား(၇)ဦးအထိ လ်ာထားတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဂ်ဴဗင္တပ္စ္ အသင္း စာရင္းျပဳစုထားတဲ့ ကစားသမား(၇)ဦးကေတာ့ ဂ်ီးဆပ္စ္၊ ဂ်က္ကို၊ဒမ္ဘီလီ၊ မီလစ္ခ္၊အိုင္ကာဒီ၊ ပီတာဂါနာနဲ႔ ဗယ္လ္ဟိုဗစ္ တို႔ ျဖစ္တယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒို ဟာ လြန္ခဲ့တဲ့ ၂၀၁၈က ရီးရဲလ္ ကေန ဂ်ဴဗင္တပ္စ္ ကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး (၁၃၃)ပြဲမွာ (၁၀၁)ဂိုးအထိ သြင္းယူထားပါတယ္။ေရာ္နယ္ဒို ဟာ လက္ရွိက်င္းပေနတဲ့ ယူ႐ိုၿပိဳင္ပြဲမွာလည္း ေပၚတူဂီ အတြက္ (၃)ပြဲကစား (၅)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ေရာ္နယ္ဒို နဲ႔ ဂ်ဴဗင္တပ္စ္ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၁၂)လသာက်န္ရွိေတာ့တာျဖစ္ၿပီး၊ နည္းျပသစ္နဲ႔ ​ေရာ္နယ္ဒိုတို႔ဟာ အစာမ​ေၾကတဲ့ ဇာတ္လမ္း​ေတြရွိထားပါတယ္။