ယူရို-၂၀၂၀ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီပရိသတ်တစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ပုံစတစ်ကာပါတဲ့ အင်္ကျီကိုင်ဆောင်ပြီး အားပေးခဲ့

မနေ့က ကစားခဲ့တဲ့ ပြင်သစ်နဲ့ပေါ်တူဂီအသင်းတို့ရဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီပရိသတ်တစ်ဦးဟာ ထူးထူးခြားခြားဆိုသလို ဒေါ်အောင်ဆန်းစုကြည်ပုံစတစ်ကာပါတဲ့ အင်္ကျီကိုင်ဆောင်ပြီး အားပေးခဲ့ပါတယ်။

အဲဒီအင်္ကျီရဲ့နောက်မှာ ‘Free Burma’ဆိုတဲ့ စာသားလည်းပါဝင်ခဲ့ပြီး ဒီရုပ်သံဖိုင်က မြန်မာပရိသတ်တွေကြားမှာ တော်တော်လေး လူကြိုက်များနေတာလည်းဖြစ်ပါတယ်။

ပေါ်တူဂီပရိသတ်တစ်ဦးအနေနဲ့ အခုလိုမျိုး မြန်မာနိုင်ငံအတွက်ဝန်းရံပေးခဲ့တာက ဂုဏ်ယူစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုလို့ ပြောရမှာပါ။

ပြည်တွင်းမှာလည်း စီရော်နယ်လ်ဒိုကို ကြိုက်နှစ်သက်တဲ့ မြန်မာပရိသတ်တွေဟာ ပေါ်တူဂီအသင်းကို အားပေးနေကြပြီး တချို့ကတော့ အခု ပေါ်တူဂီပရိသတ်ရဲ့အပြုအမူကြောင့် ပေါ်တူဂီအသင်းကို အားပေးမယ်လို့ Comment တွေရေးသားခဲ့ကြပါတယ်။

ယူရိုလက်ရှိချန်ပီယံပေါ်တူဂီအသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ပြင်သစ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ (၂)ဂိုးစီသရေကျခဲ့ပြီး နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုက ပယ်နယ်တီကနေ (၂)ဂိုးသွင်းယူခဲ့တာကြောင့် ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်နေတဲ့ အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီရဲ့ သွင်းဂိုးအရေအတွက်(၁၀၉)ဂိုးနဲ့ တူညီသွားပါပြီ။

ပေါ်တူဂီအသင်းဟာ အုပ်စုတွင်း(၃)ပွဲကစားပြီးချိန်မှာ (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ပြီး စုစုပေါင်း(၄)မှတ်နဲ့ အကောင်းဆုံးအုပ်စုတတိယအဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်ခဲ့သလို ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ ဆုံတွေ့မှာလည်းဖြစ်ပါတယ်။

zawgyi

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအုပ္စုေနာက္ဆုံးပြဲစဥ္မွာ ေပၚတူဂီပရိသတ္တစ္ဦးဟာ ေဒၚေအာင္ဆန္းစုၾကည္ပုံစတစ္ကာပါတဲ့ အက်ႌကိုင္ေဆာင္ၿပီး အားေပးခဲ့

မေန႔က ကစားခဲ့တဲ့ ျပင္သစ္နဲ႔ေပၚတူဂီအသင္းတို႔ရဲ႕ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအုပ္စုေနာက္ဆုံးပြဲစဥ္မွာ ေပၚတူဂီပရိသတ္တစ္ဦးဟာ ထူးထူးျခားျခားဆိုသလို ေဒၚေအာင္ဆန္းစုၾကည္ပုံစတစ္ကာပါတဲ့ အက်ႌကိုင္ေဆာင္ၿပီး အားေပးခဲ့ပါတယ္။ အဲဒီအက်ႌရဲ႕ေနာက္မွာ ‘Free Burma’ဆိုတဲ့ စာသားလည္းပါဝင္ခဲ့ၿပီး ဒီ႐ုပ္သံဖိုင္က ျမန္မာပရိသတ္ေတြၾကားမွာ ေတာ္ေတာ္ေလး လူႀကိဳက္မ်ားေနတာလည္းျဖစ္ပါတယ္။

ေပၚတူဂီပရိသတ္တစ္ဦးအေနနဲ႔ အခုလိုမ်ိဳး ျမန္မာႏိုင္ငံအတြက္ဝန္းရံေပးခဲ့တာက ဂုဏ္ယူစရာေကာင္းတဲ့အျဖစ္အပ်က္တစ္ခုလို႔ ေျပာရမွာပါ။ ျပည္တြင္းမွာလည္း စီေရာ္နယ္လ္ဒိုကို ႀကိဳက္ႏွစ္သက္တဲ့ ျမန္မာပရိသတ္ေတြဟာ ေပၚတူဂီအသင္းကို အားေပးေနၾကၿပီး တခ်ိဳ႕ကေတာ့ အခု ေပၚတူဂီပရိသတ္ရဲ႕အျပဳအမူေၾကာင့္ ေပၚတူဂီအသင္းကို အားေပးမယ္လို႔ Comment ေတြေရးသားခဲ့ၾကပါတယ္။

ယူ႐ိုလက္ရွိခ်န္ပီယံေပၚတူဂီအသင္းဟာ အုပ္စုေနာက္ဆုံးပြဲအျဖစ္ ျပင္သစ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ (၂)ဂိုးစီသေရက်ခဲ့ၿပီး နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုက ပယ္နယ္တီကေန (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနတဲ့ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီရဲ႕ သြင္းဂိုးအေရအတြက္(၁၀၉)ဂိုးနဲ႔ တူညီသြားပါၿပီ။

ေပၚတူဂီအသင္းဟာ အုပ္စုတြင္း(၃)ပြဲကစားၿပီးခ်ိန္မွာ (၁)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၁)ပြဲရႈံးရလဒ္ထြက္ေပၚခဲ့ၿပီး စုစုေပါင္း(၄)မွတ္နဲ႔ အေကာင္းဆုံးအုပ္စုတတိယအျဖစ္ ရႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ခဲ့သလို ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းတစ္သင္းျဖစ္တဲ့ ဘယ္လ္ဂ်ီယံနဲ႔ ဆုံေတြ႕မွာလည္းျဖစ္ပါတယ္။