မူဆီရယ်လာဟာ လူငယ်ကစားသမားဘဝက ကိုယ်စားပြုခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရို-၂၀၂၀ရှုံးထွက်ပွဲစဉ်အပေါ် စိတ်လှုပ်ရှားနေ

ချဲလ်ဆီးကနေ ဘိုင်ယန်ကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ကစားသမား မူဆယ်ရီလာဟာ အင်္ဂလန်အသင်းနဲ့ ဂျာမနီတို့ ရင်ဆိုင်ယှဉ်ပြိုင်ရမယ့် ရှုံးထွက်ပွဲစဉ်အတွက် စိတ်လှုပ်ရှားနေပါတယ်။ ဂျာမနီဆယ်ကျော်သက် မူဆီရယ်လာဟာ လူငယ်ကစားသမားဘဝက ကိုယ်စားပြုခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရို-၂၀၂၀ရှုံးထွက်ပွဲစဉ်အပေါ် စိတ်လှုပ်ရှားနေတယ်လို့ ပြောကြားခဲ့တာပါ။

အသက်၁၈နှစ်သာရှိသေးတဲ့ မူဆယ်ရီလာဟာ ပြီးခဲ့တဲ့ ဟန်ဂေရီနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး အဓိကပြိုင်ပွဲကြီးတွေမှာ ဂျာမနီအသင်းအတွက် ပါဝင်ကစားပေးထားတဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာပါတယ်။ အသက်၁၈နှစ်နဲ့ ၁၁၇ရက်သာရှိသေးတဲ့ မူဆီရယ်လာဟာ ဟန်ဂေရီအသင်းနဲ့ပွဲစဉ်မှာ လူစားလဲဝင်ရောက်လာခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာမနီအသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဟန်ဂေရီအသင်းကိုရှုံးနိမ့်ပြီး အုပ်စုကထွက်ရမလိုဖြစ်ခဲ့ပေမယ့် ဂေါ်ရက်ဇ်ကာရဲ့ နောက်ကျချေပဂိုးနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းလာခဲ့ပြီး အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မူဆီရယ်လာက’ ကျွန်တော်ကယုံကြည်မှုအပြည့်နဲ့ ကွင်းထဲဝင်လာခဲ့ပြီး တခုခုလုပ်ပြဖို့ ကြိုးစားခဲ့တာပါ။ ဒီအသင်းအတွက် ပါဝင်ကစားပေးရတာ တကယ်ဂုဏ်ယူမိပါတယ်။ လီယွန်ဂိုးသွင်းတော့ တကယ်ကိုပျော်ရပါတယ်’လို့ပြောခဲ့ပါတယ်။ အင်္ဂလန်အသင်းနဲ့တွေ့ဆုံနေတဲ့အပေါ်’ ကျွန်တော်ဒီအကြောင်းကို အင်္ဂလန်အသင်းက ဘယ်လင်ဂမ်နဲ့ နဲနဲပြောထားပါတယ်။ ဝင်ဘလေကွင်းမှာ အင်္ဂလန်နဲ့ကစားရမှာဆိုတော့ မိုက်ပါတယ်။ တကယ်ကို ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့ဒီပွဲကစားဖို့ မျှော်လင့်နေခဲ့တာပါ’ လို့ပြောခဲ့ပါတယ်။

ဂျာမနီမှာမွေးခဲ့တဲ့မူဆီရယ်လာဟာ အသက်၇နှစ်မှာ အင်္ဂလန်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာတော့ မူဆီရယ်လာဟာ ချယ်ဆီးအသင်းကနေ ဂျာမနီကို ပြန်ရောက်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ မူဆီရယ်လာအနေနဲ့ လူငယ်ကစားသမားဘဝမှာ အင်္ဂလန်အသင်းရော ဂျာမနီအသင်းရောကိုပါ ကိုယ်စားပြုခဲ့ပေမယ့် လက်ရွေးစင်အသင်းကြီးအတွက် ဂျာမနီကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

zawgyi

မူဆီရယ္လာဟာ လူငယ္ကစားသမားဘဝက ကိုယ္စားျပဳခဲ့တဲ့ အဂၤလန္အသင္းနဲ႔ ရင္ဆိုင္ရမယ့္ ယူ႐ို-၂၀၂၀ရႈံးထြက္ပြဲစဥ္အေပၚ စိတ္လႈပ္ရွားေန

ခ်ဲလ္ဆီးကေန ဘိုင္ယန္ကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကြင္းလယ္ကစားသမား မူဆယ္ရီလာဟာ အဂၤလန္အသင္းနဲ႔ ဂ်ာမနီတို႔ ရင္ဆိုင္ယွဥ္ၿပိဳင္ရမယ့္ ရႈံးထြက္ပြဲစဥ္အတြက္ စိတ္လႈပ္ရွားေနပါတယ္။ ဂ်ာမနီဆယ္ေက်ာ္သက္ မူဆီရယ္လာဟာ လူငယ္ကစားသမားဘဝက ကိုယ္စားျပဳခဲ့တဲ့ အဂၤလန္အသင္းနဲ႔ ရင္ဆိုင္ရမယ့္ ယူ႐ို-၂၀၂၀ရႈံးထြက္ပြဲစဥ္အေပၚ စိတ္လႈပ္ရွားေနတယ္လို႔ ေျပာၾကားခဲ့တာပါ။

အသက္၁၈ႏွစ္သာရွိေသးတဲ့ မူဆယ္ရီလာဟာ ၿပီးခဲ့တဲ့ ဟန္ေဂရီနဲ႔ပြဲမွာ လူစားဝင္ကစားခဲ့ၿပီး အဓိကၿပိဳင္ပြဲႀကီးေတြမွာ ဂ်ာမနီအသင္းအတြက္ ပါဝင္ကစားေပးထားတဲ့ အသက္အငယ္ဆုံးကစားသမား ျဖစ္လာပါတယ္။ အသက္၁၈ႏွစ္နဲ႔ ၁၁၇ရက္သာရွိေသးတဲ့ မူဆီရယ္လာဟာ ဟန္ေဂရီအသင္းနဲ႔ပြဲစဥ္မွာ လူစားလဲဝင္ေရာက္လာခဲ့ၿပီး စံခ်ိန္သစ္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီအသင္းအေနနဲ႔ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ဟန္ေဂရီအသင္းကိုရႈံးနိမ့္ၿပီး အုပ္စုကထြက္ရမလိုျဖစ္ခဲ့ေပမယ့္ ေဂၚရက္ဇ္ကာရဲ႕ ေနာက္က်ေခ်ပဂိုးနဲ႔ ရႈံးထြက္အဆင့္ကို တက္လွမ္းလာခဲ့ၿပီး အဂၤလန္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

မူဆီရယ္လာက’ ကြၽန္ေတာ္ကယုံၾကည္မႈအျပည့္နဲ႔ ကြင္းထဲဝင္လာခဲ့ၿပီး တခုခုလုပ္ျပဖို႔ ႀကိဳးစားခဲ့တာပါ။ ဒီအသင္းအတြက္ ပါဝင္ကစားေပးရတာ တကယ္ဂုဏ္ယူမိပါတယ္။ လီယြန္ဂိုးသြင္းေတာ့ တကယ္ကိုေပ်ာ္ရပါတယ္’လို႔ေျပာခဲ့ပါတယ္။ အဂၤလန္အသင္းနဲ႔ေတြ႕ဆုံေနတဲ့အေပၚ’ ကြၽန္ေတာ္ဒီအေၾကာင္းကို အဂၤလန္အသင္းက ဘယ္လင္ဂမ္နဲ႔ နဲနဲေျပာထားပါတယ္။ ဝင္ဘေလကြင္းမွာ အဂၤလန္နဲ႔ကစားရမွာဆိုေတာ့ မိုက္ပါတယ္။ တကယ္ကို ပြဲႀကီးပြဲေကာင္းတစ္ပြဲ ျဖစ္လာမွာပါ။ ကြၽန္ေတာ္တို႔ဒီပြဲကစားဖို႔ ေမွ်ာ္လင့္ေနခဲ့တာပါ’ လို႔ေျပာခဲ့ပါတယ္။

ဂ်ာမနီမွာေမြးခဲ့တဲ့မူဆီရယ္လာဟာ အသက္၇ႏွစ္မွာ အဂၤလန္ကိုေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။
၂၀၁၉ခုႏွစ္မွာေတာ့ မူဆီရယ္လာဟာ ခ်ယ္ဆီးအသင္းကေန ဂ်ာမနီကို ျပန္ေရာက္လာခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းဆီ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။ မူဆီရယ္လာအေနနဲ႔ လူငယ္ကစားသမားဘဝမွာ အဂၤလန္အသင္းေရာ ဂ်ာမနီအသင္းေရာကိုပါ ကိုယ္စားျပဳခဲ့ေပမယ့္ လက္ေ႐ြးစင္အသင္းႀကီးအတြက္ ဂ်ာမနီကိုေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။