ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ယူရိုအပြီးမှာ ဂရီးလစ်ရှ်ကို မန်စီးတီး ခေါ်ယူနိုင်

မန်စီးတီးအသင်းဟာ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမားဂရီးလစ်ရှ်ကို လက်ရှိကျင်းပနေတဲ့ ယူရို-၂၀၂၀ပြိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူနိုင်ဖို့ရှိနေပါပြီ။ ဂရီးလစ်ရှ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ မန်စီးတီးနဲ့အက်စတွန်ဗီလာတာဝန်ရှိသူတွေဟာ ဆွေးနွေးမှုတွေပြုလုပ်နေပြီး အခုအချိန်မှာသဘောတူညီမှုရခဲ့ပြီလို့ ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့ပါတယ်။

ဂရီးလစ်ရှ်ဟာ လောလောဆယ်မှာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဆင်နွှဲနေပြီး ချက်အသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ခြေစွမ်းပြကစားခဲ့သူဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ သူ့ရဲ့အဓိက,ကစားသမားကို လက်လွတ်မခံလိုပေမယ့် ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ရရှိမယ့်အနေအထားကြောင့် မန်စီးတီးအသင်းဆီရောင်းချဖို့ သဘောတူညီခဲ့ရတာဖြစ်ပြီး ၂၀၂၀-၂၁ ရာသီဟာ ဂရီးလစ်ရှ်အတွက် အက်စတွန်ဗီလာကစားသမားဘ၀ နောက်ဆုံးရာသီဖြစ်လာဖို့ရှိနေပါပြီ။

မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့မတ်လကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဂရီးလစ်ရှ်ကလည်း နာမည်ကျော်နည်းပြဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားခွင့်ရဖို့ ဆန္ဒရှိခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဂရီးလစ်ရှ်ဟာ အက်စတွန်ဗီလာအကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့(၄)နှစ်စာချုပ်သက်တမ်းကျန်နေပါသေးတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ကလပ်အသင်းတော်တော်များများက စိတ်ဝင်စားခဲ့ကြပြီး အဲဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်၊ စပါးအသင်းတို့လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ မန်စီးတီးအသင်းက ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူနိုင်ခဲ့ပြီဖြစ်သလို ဂရီးလစ်ရှ်ဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေ့ါဘာကို ကျော်ဖြတ်ပြီး ဗြိတိန်ဘောလုံးသမိုင်းတစ်လျှောက် ကြေးအကြီးဆုံးကစားသမားတစ်ဦးဖြစ်လာတော့မှာပါ။

မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်ကို ခေါ်ယူနိုင်ဖို့နီးစပ်နေပြီဖြစ်ပေမယ့် စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

zawgyi

ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ယူ႐ိုအၿပီးမွာ ဂရီးလစ္ရွ္ကို မန္စီးတီး ေခၚယူႏိုင္

မန္စီးတီးအသင္းဟာ အဂၤလန္လက္ေ႐ြးစင္တိုက္စစ္ကစားသမားဂရီးလစ္ရွ္ကို လက္ရွိက်င္းပေနတဲ့ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲအၿပီးမွာ ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၁၀၀)နဲ႔ ေခၚယူႏိုင္ဖို႔ရွိေနပါၿပီ။ ဂရီးလစ္ရွ္ရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္လို႔ မန္စီးတီးနဲ႔အက္စတြန္ဗီလာတာဝန္ရွိသူေတြဟာ ေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီး အခုအခ်ိန္မွာသေဘာတူညီမႈရခဲ့ၿပီလို႔ ၿဗိတိန္သတင္းစာ Daily Mail ကေဖာ္ျပခဲ့ပါတယ္။

ဂရီးလစ္ရွ္ဟာ ေလာေလာဆယ္မွာ အဂၤလန္အသင္းနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲဆင္ႏႊဲေနၿပီး ခ်က္အသင္းကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အုပ္စုေနာက္ဆုံးပြဲမွာ ေျခစြမ္းျပကစားခဲ့သူျဖစ္ပါတယ္။ အက္စတြန္ဗီလာအသင္းဟာ သူ႔ရဲ႕အဓိက,ကစားသမားကို လက္လြတ္မခံလိုေပမယ့္ ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးပမာဏ ရရွိမယ့္အေနအထားေၾကာင့္ မန္စီးတီးအသင္းဆီေရာင္းခ်ဖို႔ သေဘာတူညီခဲ့ရတာျဖစ္ၿပီး ၂၀၂၀-၂၁ ရာသီဟာ ဂရီးလစ္ရွ္အတြက္ အက္စတြန္ဗီလာကစားသမားဘ၀ ေနာက္ဆုံးရာသီျဖစ္လာဖို႔ရွိေနပါၿပီ။

မန္စီးတီးအသင္းဟာ ဂရီးလစ္ရွ္ကို ေခၚယူဖို႔အတြက္ ၿပီးခဲ့တဲ့မတ္လကတည္းက စိတ္ဝင္စားခဲ့တာျဖစ္ၿပီး ဂရီးလစ္ရွ္ကလည္း နာမည္ေက်ာ္နည္းျပဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ကစားခြင့္ရဖို႔ ဆႏၵရွိခဲ့တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဂရီးလစ္ရွ္ဟာ အက္စတြန္ဗီလာအကယ္ဒမီကေန ထြက္ေပၚခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းနဲ႔(၄)ႏွစ္စာခ်ဳပ္သက္တမ္းက်န္ေနပါေသးတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ဂရီးလစ္ရွ္ကို ေခၚယူဖို႔ ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားခဲ့ၾကၿပီး အဲဒီအသင္းေတြထဲမွာ မန္ခ်က္စတာယူႏိုက္တက္၊ စပါးအသင္းတို႔လည္း ပါဝင္ခဲ့ပါတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ မန္စီးတီးအသင္းက ၿပိဳင္ဘက္အသင္းေတြထက္ လက္ဦးမႈရယူႏိုင္ခဲ့ၿပီျဖစ္သလို ဂရီးလစ္ရွ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပ့ါဘာကို ေက်ာ္ျဖတ္ၿပီး ၿဗိတိန္ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ေၾကးအႀကီးဆုံးကစားသမားတစ္ဦးျဖစ္လာေတာ့မွာပါ။ မန္စီးတီးအသင္းဟာ ဂရီးလစ္ရွ္ကို ေခၚယူႏိုင္ဖို႔နီးစပ္ေနၿပီျဖစ္ေပမယ့္ စပါးအသင္းတိုက္စစ္မႉးဟယ္ရီကိန္းကို ေခၚယူဖို႔ လက္မေလွ်ာ့ေသးဘဲ ဆက္လက္ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။