ပရိသတ်တွေသဘောကျခဲ့တဲ့ ရော်နယ်ဒိုနဲ့ ဘင်ဇီမာတို့ သူငယ်ချင်းနှစ်ယောက်ရဲ့တလွဲ အဖြစ်အပျက်

ဒုတိယပိုင်းပြီးခါနီးနာကျင်အချိန်ပိုမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ပြင်သစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဘင်ဇီမာ ဘောလုံးရရှိပြီး လူပေးဖို့ ရှာနေချိန်မှာ ပြိုင်ပွဲရဲ့အခြေအနေတွေကို မေ့ပြီး ပြင်သစ်အသင်း အင်္ကျီအဖြူဝတ်ဆင်ထားတဲ့ ဘင်ဇီမာကို ရီးရဲလ်မှာ ကစားနေတယ်လို မှတ်ထင်သွားခဲ့ပုံရကာ ဘောလုံးကို ဝင်ရောက်လုယူခြင်းမရှိဘဲ လူလွတ်နေတဲ့ ဘယ်နေရာကိုပေးလိုက်ဆိုပြီးညွှန်ကြားမိခဲ့ပါတယ်။ ဘင်ဇီမာကလည်း ရော်နယ်ဒိုလက်နဲ့ညွှန်ပြတဲ့ဆီကိုသာ ဘောလုံးပေးခဲ့တာကို တွေ့မြင်ခဲ့ရပြီး ရီးရဲလ်အသင်းဖော်ဟောင်းနှစ်ဦးရဲ့ အဖြစ်အပျက်က သဘောကျစရာ ကောင်းခဲ့ပါတယ်။

ရုပ်သံ အနှေးပြကွက်တွေအရလည်း ရော်နယ်ဒိုဟာ ပေါ်တူဂီ အသင်းဖော်တွေကို ဘင်ဇီမာဆီ လူကပ်ဖို့ညွှန်ကြားတာမဟုတ်ဘဲ ဘောလုံးရရှိနေတဲ့ ဘင်ဇီမာကို တိုက်စစ်အတွက် လူပေးဖို့ ဘောလုံး လမ်းကြောင်း ညွှန်ပြတယ်ဆိုတာ သိတာခဲ့ပါတယ်။

အဲ့အချိန်က ရော်နယ်ဒိုသာ နောက်တန်း ဂိုးပေါက် ရှေ့ရောက်နေခဲ့ရင် မေ့ပြီး ဂိုးပါ သွင်းသွားနိုင်လောက်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်ကိုရောက်ရှိလာခဲ့ကြတဲ့သူတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ်အထိ အသင်းဖော်တွေအဖြစ် ကစားခဲ့ကြပြီး ၂၀၁၃မှာ ဂါးရက်ဘေးရောက်လာချိန်မှာတော့ စပိန် လာလီဂါမှာ BBC တိုက်စစ်အတွဲကို ပုံဖော်နိုင်ခဲ့ကြကာ အောင်မြင်မှုတွေ အများအပြားရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ကွင်းထဲမှာ ပြိုင်ဘက်အဖြစ်နဲ့ ပြန်လည်ရင်ဆိုင်ရချိန်မှာတော့ အသင်းဖော်တွေလို့သာ သူတို့ စိတ်ထဲထင်နေတဲ့အထိ အပြုအမူတွေကို ပြုလုပ်မိခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပထမပိုင်းအပြီးကွင်းထဲကထွက်ခွါချိန်မှာလည်း သူတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး ပုခုံးခြင်းဖက်ပြီး စကားတွေပြောမိကြပြီး နောက်မှ ရော်နယ်ဒိုက ပြိုင်ပွဲကို သတိရသွားခဲ့ကာ ကိုယ်ရှိန်သပ် လိုက်တဲ့ပုံစံကိုလည်းတွေ့ခဲ့ရပါတယ်။

အဝတ်လဲခန်းကို သွားတဲ့ ဥမင်ထဲအဝင်မှာလည်း သူတို့နှစ်ဦးဟာ အင်္ကျီတွေကို အပြန်အလှန် လဲခဲ့ကြပါသေးတယ်။ ရီးရဲလ်မှာ အောင်မြင်တဲ့ တိုက်စစ်အတွဲကို ဖော်ဆောင် နိုင်ခဲ့ချိန်က သူတို့တွေရဲ့အသက်ဟာ (၂၀) ဝန်းကျင်တွေသာရှိနေခဲ့ပြီး လူငယ်ဘဝ ကွင်းတွင်းကွင်းပြင် အတွဲညီခဲ့ကြသူတွေလည်းဖြစ်ပါ။

ပွဲအပြီးမှာတော့ (၂)သင်းလုံးဟာ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ကြသလို အသင်းဖော်ဟောင်းနှစ်ဦးဟာလည်း စိတ်လက်ပေါ့ပါးပြီး ရယ်ရယ်မောမောနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဘင်ဇီမာက သူတို့နှစ်ယောက်စလုံး ပြိုင်ပွဲမှာ တစ်ယောက်နဲ့တစ်ယောက် ကံကောင်းကြစေဖို့ ဆုတောင်းပေးခဲ့ကြပြီး ယူရိုမှာ အနိုင်ရဖို့အတွက် ရည်မှန်းထားတာတွေကို ပြောဖြစ်ခဲ့ကြတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

zawgyi

ပရိသတ္ေတြသေဘာက်ခဲ့တဲ့ ေရာ္နယ္ဒိုနဲ႕ ဘင္ဇီမာတို႕ သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕တလြဲ အျဖစ္အပ်က္

ဒုတိယပိုင္းၿပီးခါနီးနာက်င္အခ်ိန္ပိုမွာ ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုဟာ ျပင္သစ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ဘင္ဇီမာ ေဘာလုံးရရွိၿပီး လူေပးဖို႕ ရွာေနခ်ိန္မွာ ၿပိဳင္ပြဲရဲ႕အေျခအေနေတြကို ေမ့ၿပီး ျပင္သစ္အသင္း အက်ၤီအျဖဴဝတ္ဆင္ထားတဲ့ ဘင္ဇီမာကို ရီးရဲလ္မွာ ကစားေနတယ္လို မွတ္ထင္သြားခဲ့ပံုရကာ ေဘာလံုးကို ဝင္ေရာက္လုယူျခင္းမရွိဘဲ လူလြတ္ေနတဲ့ ဘယ္ေနရာကိုေပးလိုက္ဆိုၿပီးၫႊန္ၾကားမိခဲ့ပါတယ္။ ဘင္ဇီမာကလည္း ေရာ္နယ္ဒိုလက္နဲ႔ၫႊန္ျပတဲ့ဆီကိုသာ ေဘာလုံးေပးခဲ့တာကို ေတြ႕ျမင္ခဲ့ရၿပီး ရီးရဲလ္အသင္းေဖာ္ေဟာင္းႏွစ္ဦးရဲ႕ အျဖစ္အပ်က္က သေဘာက်စရာ ေကာင္းခဲ့ပါတယ္။

ရုပ္သံ အေႏွးျပကြက္ေတြအရလည္း ေရာ္နယ္ဒိုဟာ ေပၚတူဂီ အသင္းေဖာ္ေတြကို ဘင္ဇီမာဆီ လူကပ္ဖို႔ၫႊန္ၾကားတာမဟုတ္ဘဲ ေဘာလံုးရရွိေနတဲ့ ဘင္ဇီမာကို တိုက္စစ္အတြက္ လူေပးဖို႔ ေဘာလံုး လမ္းေၾကာင္း ၫႊန္ျပတယ္ဆိုတာ သိတာခဲ့ပါတယ္။

အဲ့အခ်ိန္က ေရာ္နယ္ဒိုသာ ေနာက္တန္း ဂိုးေပါက္ ေရွ႕ေရာက္ေနခဲ့ရင္ ေမ့ၿပီး ဂိုးပါ သြင္းသြားႏိုင္ေလာက္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ၂၀၀၉ ခုႏွစ္မွာ ရီးရဲလ္ကိုေရာက္ရွိလာခဲ့ၾကတဲ့သူတို႕ႏွစ္ဦးဟာ ၂၀၁၈ ခုႏွစ္အထိ အသင္းေဖာ္ေတြအျဖစ္ ကစားခဲ့ၾကၿပီး ၂၀၁၃မွာ ဂါးရက္ေဘးေရာက္လာခ်ိန္မွာေတာ့ စပိန္ လာလီဂါမွာ BBC တိုက္စစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့ၾကကာ ေအာင္ျမင္မႈေတြ အမ်ားအျပားရယူႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ကြင္းထဲမွာ ၿပိဳင္ဘက္အျဖစ္နဲ႔ ျပန္လည္ရင္ဆိုင္ရခ်ိန္မွာေတာ့ အသင္းေဖာ္ေတြလို႔သာ သူတို႔ စိ္တ္ထဲထင္ေနတဲ့အထိ အျပဳအမူေတြကို ျပဳလုပ္မိခဲ့ၾကတာလည္း ျဖစ္ပါတယ္။ ပထမပိုင္းအၿပီးကြင္းထဲကထြက္ခြါခ်ိန္မွာလည္း သူတို႕ႏွစ္ဦးဟာ တစ္ဦးနဲ႕တစ္ဦး ပုခံုးျခင္းဖက္ၿပီး စကားေတြေျပာမိၾကၿပီး ေနာက္မွ ေရာ္နယ္ဒိုက ျပိဳင္ပြဲကို သတိရသြားခဲ့ကာ ကိုယ္ရွိန္သပ္ လိုက္တဲ့ပံုစံကိုလည္းေတြ႕ခဲ့ရပါတယ္။ အဝတ္လဲခန္းကို သြားတဲ့ ဥမင္ထဲအဝင္မွာလည္း သူတို႕ႏွစ္ဦးဟာ အက်ၤီေတြကို အျပန္အလွန္ လဲခဲ့ၾကပါေသးတယ္။ ရီးရဲလ္မွာ ေအာင္ျမင္တဲ့ တိုက္စစ္အတြဲကို ေဖာ္ေဆာင္ ႏိုင္ခဲ့ခ်ိန္က သူတို႕ေတြရဲ႕အသက္ဟာ (၂၀) ဝန္းက်င္ေတြသာရွိေနခဲ့ၿပီး လူငယ္ဘဝ ကြင္းတြင္းကြင္းျပင္ အတြဲညီခဲ့ၾကသူေတြလည္းျဖစ္ပါ။

ပြဲအၿပီးမွာေတာ့ (၂)သင္းလံုးဟာ အုပ္စုအဆင့္ကေန ေနာက္တစ္ဆင့္ကိုတက္ေရာက္သြားခဲ့ၾကသလို အသင္းေဖာ္ေဟာင္းႏွစ္ဦးဟာလည္း စိတ္လက္ေပါ့ပါးၿပီး ရယ္ရယ္ေမာေမာနဲ႔ စကားေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဘင္ဇီမာက သူတို႔ႏွစ္ေယာက္စလုံး ျပိဳင္ပြဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ကံေကာင္းၾကေစဖို႔ ဆုေတာင္းေပးခဲ့ၾကၿပီး ယူ႐ိုမွာ အႏိုင္ရဖို႔အတြက္ ရည္မွန္းထားတာေတြကို ေျပာျဖစ္ခဲ့ၾကတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။