ပက်ထရူစီယိုက စိတ်ထင်တိုင်းလုပ်ခဲ့တာကြောင့် ပီပီတစ်ယောက် အကြီးအကျယ်ဒေါသပေါက်ကွဲ

ပေါ်တူဂီနဲ့ပြင်သစ်အသင်းတို့ကစားခဲ့တဲ့ပွဲမှာ ပြင်သစ်အသင်းတိုက်စစ်မှူးဘန်ဇီမာ ပယ်နယ်တီမကန်ခင် ပေါ်တူဂီကစားသမားတွေဖြစ်တဲ့ ပီပီနဲ့စီရော်နယ်လ်ဒိုတို့က ဘန်ဇီမာ ဘယ်လိုကန်မလဲဆိုတာ အသင်းရဲ့ဂိုးသမားပက်ထရူစီယိုကို အတိအကျပြောခဲ့ပေမယ့် ပက်ထရူစီယိုက စိတ်ထင်တိုင်းလုပ်ခဲ့တာကြောင့် ပီပီတစ်ယောက် အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့ပါတယ်။

ပီပီ၊ စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာတို့ဟာ ရီးယဲလ်အသင်းမှာ နှစ်ပေါင်းများစွာအတူတကွကစားခဲ့ဖူးတာကြောင့် ဘန်ဇီမာရဲ့အထာကို ကောင်းကောင်းသိနေပြီး ဘန်ဇီမာ ပယ်နယ်တီမကန်ခင် ပီပီက ပယ်နယ်တီဧရိယာအနောက်ကနေ ဂိုးသမားရဲ့ဘယ်ဘက်ကိုကန်မယ်ဆိုတာ အမူအရာနဲ့ပြသခဲ့သလို အဲဒီမတိုင်ခင်မှာလည်း စီရော်နယ်လ်ဒိုဟာ ဘန်ဇီမာ ဘယ်လိုကန်သွင်းမလဲဆိုတာ ပက်ထရူစီယိုကို အကြံပေးခဲ့ပါတယ်။

ဒါပေမဲ့ ဘန်ဇီမာ ပယ်နယ်တီကန်သွင်းတော့ ပက်ထရူစီယိုဟာ အသင်းဖော်တွေရဲ့ အကြံပေးစကားကို မလိုက်နာခဲ့ဘဲ သူ့ရဲ့ညာခြမ်းကို ဒိုင်ဗင်ပစ်ခဲ့ပြီး ဘန်ဇီမာက စီရော်နယ်လ်ဒိုနဲ့ပီပီပြောသလို ဂိုးသမားရဲ့ဘယ်ခြမ်းကို ကန်သွင်းယူခဲ့တာပါ။ ဘန်ဇီမာဂိုးသွင်းပြီးချိန်မှာ ပီပီဟာ သူ့စကားနားမထောင်တဲ့အတွက် ပက်ထရူစီယိုကို ဒေါသပေါက်ကွဲပြီး အပြစ်တင်နေတာကိုလည်း ရုပ်သံပြကွက်တွေမှာ အထင်းသားမြင်တွေ့ခဲ့ရပါတယ်။

ပြင်သစ်နဲ့ပေါ်တူဂီတို့ကစားခဲ့တဲ့ ယူရိုအုပ်စုနောက်ဆုံးပွဲမှာ (၂)ဂိုးစီသရေကျခဲ့ပြီး ထူးထူးခြားခြားအဖြစ် နှစ်သင်းပေါင်းပယ်နယ်တီ(၃)ကြိမ်အထိ ရရှိခဲ့တာကြောင့် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ပွဲတည်းပယ်နယ်တီ(၃)ကြိမ်ကန်သွင်းခဲ့တဲ့ ပထမဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ သရေကျခဲ့ပေမယ့် နှစ်သင်းစလုံး ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့သလို ပြင်သစ်အသင်းက ဆွစ်ဇာလန်၊ ပေါ်တူဂီအသင်းက ဘယ်လ်ဂျီယံအသင်းတို့နဲ့ ဆုံတွေ့ရမှာပါ။

zawgyi

ပက္ထ႐ူစီယိုက စိတ္ထင္တိုင္းလုပ္ခဲ့တာေၾကာင့္ ပီပီတစ္ေယာက္ အႀကီးအက်ယ္ေဒါသေပါက္ကြဲ

ေပၚတူဂီနဲ႔ျပင္သစ္အသင္းတို႔ကစားခဲ့တဲ့ပြဲမွာ ျပင္သစ္အသင္းတိုက္စစ္မႉးဘန္ဇီမာ ပယ္နယ္တီမကန္ခင္ ေပၚတူဂီကစားသမားေတြျဖစ္တဲ့ ပီပီနဲ႔စီေရာ္နယ္လ္ဒိုတို႔က ဘန္ဇီမာ ဘယ္လိုကန္မလဲဆိုတာ အသင္းရဲ႕ဂိုးသမားပက္ထ႐ူစီယိုကို အတိအက်ေျပာခဲ့ေပမယ့္ ပက္ထ႐ူစီယိုက စိတ္ထင္တိုင္းလုပ္ခဲ့တာေၾကာင့္ ပီပီတစ္ေယာက္ အႀကီးအက်ယ္ေဒါသေပါက္ကြဲခဲ့ပါတယ္။

ပီပီ၊ စီေရာ္နယ္လ္ဒိုနဲ႔ ဘန္ဇီမာတို႔ဟာ ရီးယဲလ္အသင္းမွာ ႏွစ္ေပါင္းမ်ားစြာအတူတကြကစားခဲ့ဖူးတာေၾကာင့္ ဘန္ဇီမာရဲ႕အထာကို ေကာင္းေကာင္းသိေနၿပီး ဘန္ဇီမာ ပယ္နယ္တီမကန္ခင္ ပီပီက ပယ္နယ္တီဧရိယာအေနာက္ကေန ဂိုးသမားရဲ႕ဘယ္ဘက္ကိုကန္မယ္ဆိုတာ အမူအရာနဲ႔ျပသခဲ့သလို အဲဒီမတိုင္ခင္မွာလည္း စီေရာ္နယ္လ္ဒိုဟာ ဘန္ဇီမာ ဘယ္လိုကန္သြင္းမလဲဆိုတာ ပက္ထ႐ူစီယိုကို အႀကံေပးခဲ့ပါတယ္။

ဒါေပမဲ့ ဘန္ဇီမာ ပယ္နယ္တီကန္သြင္းေတာ့ ပက္ထ႐ူစီယိုဟာ အသင္းေဖာ္ေတြရဲ႕ အႀကံေပးစကားကို မလိုက္နာခဲ့ဘဲ သူ႔ရဲ႕ညာျခမ္းကို ဒိုင္ဗင္ပစ္ခဲ့ၿပီး ဘန္ဇီမာက စီေရာ္နယ္လ္ဒိုနဲ႔ပီပီေျပာသလို ဂိုးသမားရဲ႕ဘယ္ျခမ္းကို ကန္သြင္းယူခဲ့တာပါ။ ဘန္ဇီမာဂိုးသြင္းၿပီးခ်ိန္မွာ ပီပီဟာ သူ႔စကားနားမေထာင္တဲ့အတြက္ ပက္ထ႐ူစီယိုကို ေဒါသေပါက္ကြဲၿပီး အျပစ္တင္ေနတာကိုလည္း ႐ုပ္သံျပကြက္ေတြမွာ အထင္းသားျမင္ေတြ႕ခဲ့ရပါတယ္။

ျပင္သစ္နဲ႔ေပၚတူဂီတို႔ကစားခဲ့တဲ့ ယူ႐ိုအုပ္စုေနာက္ဆုံးပြဲမွာ (၂)ဂိုးစီသေရက်ခဲ့ၿပီး ထူးထူးျခားျခားအျဖစ္ ႏွစ္သင္းေပါင္းပယ္နယ္တီ(၃)ႀကိမ္အထိ ရရွိခဲ့တာေၾကာင့္ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ တစ္ပြဲတည္းပယ္နယ္တီ(၃)ႀကိမ္ကန္သြင္းခဲ့တဲ့ ပထမဆုံးပြဲစဥ္ျဖစ္ခဲ့ပါတယ္။ ဒီပြဲမွာ သေရက်ခဲ့ေပမယ့္ ႏွစ္သင္းစလုံး ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ခဲ့သလို ျပင္သစ္အသင္းက ဆြစ္ဇာလန္၊ ေပၚတူဂီအသင္းက ဘယ္လ္ဂ်ီယံအသင္းတို႔နဲ႔ ဆုံေတြ႕ရမွာပါ။