အင်္ဂလန်အသင်း ဗိုလ်စွဲဖို့ဖြစ်နိုင်ခြေက (၈.၅%)သာရှိ

ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်သွားပြီဖြစ်တဲ့ နာမည်ကြီးအင်္ဂလန်အသင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့က ဖြစ်နိုင်ခြေ(၈.၅%)သာရှိတယ်လို့ The Analyst ဝက်ဘ်ဆိုက်က စစ်တမ်းထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုတွင်းမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေ ရှုံးပွဲမရှိ၊ ပေးဂိုးမရှိဘဲ အုပ်စုပထမအဖြစ် နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ယူရို-၁၉၉၆၊ ယူရို-၂၀၁၂ ပြီးရင် အခု ယူရို-၂၀၂၀ပြိုင်ပွဲမှာ တတိယအကြိမ်မြောက်အဖြစ် အုပ်စုပထမနေရာနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်မှာ သူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ ဂျာမနီနဲ့ဆုံတွေ့ရမှာဖြစ်ပြီး အဲဒီပွဲကို လာမယ့်ဇွန်လ(၂၉)ရက်ကျရင် ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။ ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်ပွဲတွေနဲ့ ဗိုလ်လုပွဲကို ဝင်ဘလေကွင်းမှာကျင်းပသွားမှာဖြစ်တာကြောင့် တကယ်လို့ အင်္ဂလန်အသင်းသာ ဆီမီးဖိုင်နယ်အဆင့်အထိရောက်ရှိခဲ့ရင် အိမ်ကွင်းအားသာချက်ရှိမှာ အမှန်ပါပဲ။

ဒါပေမဲ့လည်း အသင်းတွေ့ရဲ့ကစားသမားစုဖွဲ့မှု၊ ခြေစွမ်းနဲ့စွမ်းဆောင်ရည်အပေါ်မူတည်ပြီး The Analyst က စစ်တမ်းထုတ်ပြန်ခဲ့တာမှာတော့ အင်္ဂလန်အသင်းဟာ ယူရိုချန်ပီယံဖလားဆွတ်ခူးနိုင်ဖို့က (၈.၅%)သာရှိတယ်လို့ ဆိုခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ တစ်ကြိမ်မှဗိုလ်လုပွဲမတက်ဖူးဘဲ အမြင့်ဆုံးအဖြစ် ၁၉၆၈ မှာ တတိယ၊ ၁၉၉၆ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်တွေသာ တက်ရောက်နိုင်ခဲ့ပါတယ်။ The Analyst ရဲ့စစ်တမ်းအရ ဗိုလ်စွဲဖို့ရာခိုင်နှုန်းအများဆုံးဖြစ်နေတာက ပြင်သစ်အသင်းဖြစ်ပြီး ဖြစ်နိုင်ခြေ(၁၉.၆%)အထိရှိနေတာဖြစ်ပါတယ်။

ပြင်သစ်အသင်းနောက်မှာတော့ ဘယ်လ်ဂျီယံအသင်းက (၁၇.၉%)နဲ့ ဒုတိယနေရာလိုက်နေပြီး ယူရို-၂၀၀၈၊ ယူရို-၂၀၁၂ ပြိုင်ပွဲနှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့ စပိန်အသင်းက (၁၂.၉%)နဲ့ တတိယနေရာမှာရှိနေပါတယ်။

အံ့အားသင့်ဖို့ကောင်းတာက လက်ရှိချန်ပီယံပေါ်တူဂီအသင်းဟာ အခုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဖြစ်နိုင်ခြေရာခိုင်နှုန်းက အင်္ဂလန်အသင်းထက်တောင် နည်းပါးနေပြီး (၅.၈%)သာရှိနေတာပါ။ နောက်ပြီး ယူရိုအုပ်စုတွင်းမှာ (၃)ပွဲနိုင်၊ (၇)ဂိုးသွင်း၊ ပေးဂိုးမရှိဘဲ စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် ရပ်တည်ခဲ့တဲ့ အီတလီအသင်းဟာလည်း ဗိုလ်စွဲဖို့ဖြစ်နိုင်ခြေစာရင်းမှာ ဂျာမနီ၊ နယ်သာလန်၊ အင်္ဂလန်တို့ရဲ့နောက်မှာသာရှိနေပြီး သူတို့အသင်းရဲ့ဗိုလ်စွဲနိုင်ခြေက (၈%)သာရှိနေတာဖြစ်ပါတယ်။

zawgyi

အဂၤလန္အသင္း ဗိုလ္စြဲဖို႔ျဖစ္ႏိုင္ေျခက (၈.၅%)သာရွိ

ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္သြားၿပီျဖစ္တဲ့ နာမည္ႀကီးအဂၤလန္အသင္းဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔က ျဖစ္ႏိုင္ေျခ(၈.၅%)သာရွိတယ္လို႔ The Analyst ဝက္ဘ္ဆိုက္က စစ္တမ္းထုတ္ျပန္ခဲ့ပါတယ္။ အဂၤလန္အသင္းဟာ အုပ္စုတြင္းမွာ (၂)ပြဲႏိုင္၊ (၁)ပြဲသေရ ရႈံးပြဲမရွိ၊ ေပးဂိုးမရွိဘဲ အုပ္စုပထမအျဖစ္ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ယူ႐ို-၁၉၉၆၊ ယူ႐ို-၂၀၁၂ ၿပီးရင္ အခု ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ တတိယအႀကိမ္ေျမာက္အျဖစ္ အုပ္စုပထမေနရာနဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္မွာ သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ဂ်ာမနီနဲ႔ဆုံေတြ႕ရမွာျဖစ္ၿပီး အဲဒီပြဲကို လာမယ့္ဇြန္လ(၂၉)ရက္က်ရင္ ဝင္ဘေလကြင္းမွာ ယွဥ္ၿပိဳင္ကစားရမွာပါ။ ယူ႐ို-၂၀၂၀ ဆီမီးဖိုင္နယ္ပြဲေတြနဲ႔ ဗိုလ္လုပြဲကို ဝင္ဘေလကြင္းမွာက်င္းပသြားမွာျဖစ္တာေၾကာင့္ တကယ္လို႔ အဂၤလန္အသင္းသာ ဆီမီးဖိုင္နယ္အဆင့္အထိေရာက္ရွိခဲ့ရင္ အိမ္ကြင္းအားသာခ်က္ရွိမွာ အမွန္ပါပဲ။

ဒါေပမဲ့လည္း အသင္းေတြ႕ရဲ႕ကစားသမားစုဖြဲ႕မႈ၊ ေျခစြမ္းနဲ႔စြမ္းေဆာင္ရည္အေပၚမူတည္ၿပီး The Analyst က စစ္တမ္းထုတ္ျပန္ခဲ့တာမွာေတာ့ အဂၤလန္အသင္းဟာ ယူ႐ိုခ်န္ပီယံဖလားဆြတ္ခူးႏိုင္ဖို႔က (၈.၅%)သာရွိတယ္လို႔ ဆိုခဲ့ပါတယ္။ အဂၤလန္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ တစ္ႀကိမ္မွဗိုလ္လုပြဲမတက္ဖူးဘဲ အျမင့္ဆုံးအျဖစ္ ၁၉၆၈ မွာ တတိယ၊ ၁၉၉၆ ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္ေတြသာ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ The Analyst ရဲ႕စစ္တမ္းအရ ဗိုလ္စြဲဖို႔ရာခိုင္ႏႈန္းအမ်ားဆုံးျဖစ္ေနတာက ျပင္သစ္အသင္းျဖစ္ၿပီး ျဖစ္ႏိုင္ေျခ(၁၉.၆%)အထိရွိေနတာျဖစ္ပါတယ္။

ျပင္သစ္အသင္းေနာက္မွာေတာ့ ဘယ္လ္ဂ်ီယံအသင္းက (၁၇.၉%)နဲ႔ ဒုတိယေနရာလိုက္ေနၿပီး ယူ႐ို-၂၀၀၈၊ ယူ႐ို-၂၀၁၂ ၿပိဳင္ပြဲႏွစ္ႀကိမ္ဆက္ ဗိုလ္စြဲခဲ့တဲ့ စပိန္အသင္းက (၁၂.၉%)နဲ႔ တတိယေနရာမွာရွိေနပါတယ္။ အံ့အားသင့္ဖို႔ေကာင္းတာက လက္ရွိခ်န္ပီယံေပၚတူဂီအသင္းဟာ အခုၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ျဖစ္ႏိုင္ေျခရာခိုင္ႏႈန္းက အဂၤလန္အသင္းထက္ေတာင္ နည္းပါးေနၿပီး (၅.၈%)သာရွိေနတာပါ။ ေနာက္ၿပီး ယူ႐ိုအုပ္စုတြင္းမွာ (၃)ပြဲႏိုင္၊ (၇)ဂိုးသြင္း၊ ေပးဂိုးမရွိဘဲ စြမ္းေဆာင္ရည္အေကာင္းဆုံးအျဖစ္ ရပ္တည္ခဲ့တဲ့ အီတလီအသင္းဟာလည္း ဗိုလ္စြဲဖို႔ျဖစ္ႏိုင္ေျခစာရင္းမွာ ဂ်ာမနီ၊ နယ္သာလန္၊ အဂၤလန္တို႔ရဲ႕ေနာက္မွာသာရွိေနၿပီး သူတို႔အသင္းရဲ႕ဗိုလ္စြဲႏိုင္ေျခက (၈%)သာရွိေနတာျဖစ္ပါတယ္။