ယူရို ( ၂၀၂၀ ) ပြိုင်ပွဲ ၁၆-သင်းအဆင့် တက်ရောက်နိုင်ခဲ့တဲ့ ယူနိုက်တက်ကစားသမားများ

ယူရို ( ၂၀၂၀ ) ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေ အားလုံး မနေ့ညက ပြီးဆုံးသွားခဲ့ပါပြီ။

စကော့ မက်တွမ်မီနေးရဲ့ စကော့တလန်အသင်းက ကံမကောင်းစွာပဲ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပေမယ့်
မန်ချက်စတာ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ မားကတ် ရက်ဖို့ဒ် ၊ ဟယ်ရီ မက်ဂွဲယား ၊ လုခ်ရှော ၊ ဘရူနို ‌ဖာနန်ဒက်စ် ၊

ဒီယေဂို ဒါးလော့ ၊ ပေါလ် ပေါ့ဘာ ၊ ဒန်နီရယ် ဂျိမ်းစ် ၊ ဒိုင်လန် လီဗစ်၊ ဗစ်တာ လင်ဒီလော့ ၊ နှင့် ဒေးဗစ် ဒီဂီယာတို့ဟာ
သက်ဆိုင်ရာနိုင်ငံအသင်းတွေနဲ့အတူ ( ၁၆ ) သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။

ပေါလ် ပေါ့ဘာက လက်ရှိမှာ ပြင်သစ်အသင်းနဲ့အတူ ခြေစွမ်းပြကစားလျက်ရှိပြီး ယူရို ( ၂၀၂၀ ) ရဲ့
လက်ရှိအချိန်ထိ အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် မှတ်ယူနိုင်ပါတယ်။

ပြင်သစ်အသင်းကတော့ မရဏအုပ်စုထဲ ကျရောက်ခဲ့ပေမယ့် ပထမနေရာပိုင်ဆိုင်ခဲ့ပြီး ( ၁၆ )သင်းအဆင့်မှာ ဆွစ်ဇာလန်အသင်းနဲ့ တွေ့ဆုံနေပါတယ်။

မားကတ် ရက်ဖို့ဒ် ၊ လုခ်ရှော နှင့် ဟယ်ရီ မက်ဂွဲယားတို့ရဲ့ အင်္ဂလန်အသင်းကလည်း အုပ်စု ( ဃ) ရဲ့ ပထမနေရာကနေ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။
ရက်ဖို့ဒ်က လူစားဝင်ကစားသမားအနေနဲ့သာ ပါဝင်ခွင့်ရထားပြီး လုခ်ရှောက အဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့်

နောက်ဆုံး ပွဲစဉ် (၂ )ခုမှာ ခြေစွမ်းပြကာ အခွင့်အရေးတွေ များစွာဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဟယ်ရီ မက်ဂွဲယားကလည်း အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပွဲထွက်ကစားသမားအနေနဲ့ ပြန်လည်ပါဝင်လာကာ အင်္ဂလန်အသင်းရဲ့

လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အင်္ဂလန်အသင်းက ( ၁၆ ) သင်းအဆင့်မှာ ဂျာမနီနဲ့ တွေ့ဆုံနေပါတယ်။

လင်ဒီလော့က ဆွီဒင်အသင်းရဲ့ အုပ်စုပွဲစဉ် ( ၃ ) ပွဲစလုံးမှာ အဓိကကစားသမားအနေနဲ့ ပါဝင်ခဲ့ပြီး

clean sheet ( ၂ ) ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဆွီဒင်အသင်းက အုပ်စု ပထမနေရာပိုင်ဆိုင်ခဲ့ပြီး ( ၁၆) သင်းအဆင့်မှာ ယူကရိန်းအသင်းနဲ့ ကစားရဖို့ရှိပါတယ်။

လင်ဒီလော့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တဲ့ ဒေးဗစ် ဒီဂီယာကတော့ ကံမကောင်းစွာနဲ့ စပိန်အသင်းအတွက်

တစ်ပွဲမျှ ကစားခွင့်မရသေးပါဘူး ။
အုပ်စုဒုတိယနေရာ ပိုင်ဆိုင်ခဲ့တဲ့ စပိန်က (၁၆ ) သင်းအဆင့်မှာ ခရိုအေးရှားနဲ့ တွေ့ဆုံနေပါတယ်။

ဖာနန်ဒက်စ် နှင့် ဒါးလော့တို့ရဲ့ ပေါ်တူဂီအသင်းကလည်း ပေါ့ဘာရဲ့ ပြင်သစ်အသင်းနဲ့ အုပ်စုကျပ်ထဲကျ‌ရောက်ခဲ့ပြီး တတိယနေရာကနေ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပါတယ်။
ဖာနန်ဒက်စ်က အစောပိုင်းပွဲစဉ် ( ၂ ) ခုမှ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ပြင်သစ်အသင်းနဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်မှာတော့ အရံခုံကနေသာ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။

ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ ကန်ဆယ်လိုနေရာ အစားထိုးအနေနဲ့ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ဒါ‌းလော့ကလည်း အုပ်စုနောက်ဆုံး ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။
ပေါ်တူဂီအသင်းက ( ၁၆ ) သင်းအဆင့်မှာ ဘယ်လ်ဂျီယံနဲ့ ပွဲကျပ်ကစားရဖို့ရှိပါနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမား ဒိုင်လန် လီဗစ် နှင့် လက်ရှိ ယူရို ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ဒန်နီရယ်ဂျိမ်းတို့ရဲ့
ဝေးလ်အသင်းဟာ အုပ်စု ဒုတိယနေရာကနေ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး ဒိန်းမတ်အသင်းနဲ့ ရှုံးထွက်ပွဲစဉ်ကစားရဖို့ရှိပါတယ်။

Zawgyi

ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲ ၁၆-သင္းအဆင့္ တက္ေရာက္ႏိုင္ခဲ့တဲ့ ယူႏိုက္တက္ကစားသမားမ်ား

ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္ပြဲစဥ္ေတြ အားလုံး မေန႔ညက ၿပီးဆုံးသြားခဲ့ပါၿပီ။
စေကာ့ မက္တြမ္မီေနးရဲ႕ စေကာ့တလန္အသင္းက ကံမေကာင္းစြာပဲ အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရေပမယ့္
မန္ခ်က္စတာ ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ မားကတ္ ရက္ဖို႔ဒ္ ၊ ဟယ္ရီ မက္ဂြဲယား ၊ လုခ္ေရွာ ၊ ဘ႐ူႏို ‌ဖာနန္ဒက္စ္ ၊
ဒီေယဂို ဒါးေလာ့ ၊ ေပါလ္ ေပါ့ဘာ ၊ ဒန္နီရယ္ ဂ်ိမ္းစ္ ၊ ဒိုင္လန္ လီဗစ္၊ ဗစ္တာ လင္ဒီေလာ့ ၊ ႏွင့္ ေဒးဗစ္ ဒီဂီယာတို႔ဟာ
သက္ဆိုင္ရာႏိုင္ငံအသင္းေတြနဲ႔အတူ ( ၁၆ ) သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၾကပါတယ္။

ေပါလ္ ေပါ့ဘာက လက္ရွိမွာ ျပင္သစ္အသင္းနဲ႔အတူ ေျခစြမ္းျပကစားလ်က္ရွိၿပီး ယူ႐ို ( ၂၀၂၀ ) ရဲ႕
လက္ရွိအခ်ိန္ထိ အေကာင္းဆုံး ကြင္းလယ္ကစားသမားတစ္ဦးအျဖစ္ မွတ္ယူႏိုင္ပါတယ္။

ျပင္သစ္အသင္းကေတာ့ မရဏအုပ္စုထဲ က်ေရာက္ခဲ့ေပမယ့္ ပထမေနရာပိုင္ဆိုင္ခဲ့ၿပီး ( ၁၆ )သင္းအဆင့္မွာ ဆြစ္ဇာလန္အသင္းနဲ႔ ေတြ႕ဆုံေနပါတယ္။

မားကတ္ ရက္ဖို႔ဒ္ ၊ လုခ္ေရွာ ႏွင့္ ဟယ္ရီ မက္ဂြဲယားတို႔ရဲ႕ အဂၤလန္အသင္းကလည္း အုပ္စု ( ဃ) ရဲ႕ ပထမေနရာကေန ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ရက္ဖို႔ဒ္က လူစားဝင္ကစားသမားအေနနဲ႔သာ ပါဝင္ခြင့္ရထားၿပီး လုခ္ေရွာက အဖြင့္ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ေပမယ့္
ေနာက္ဆုံး ပြဲစဥ္ (၂ )ခုမွာ ေျခစြမ္းျပကာ အခြင့္အေရးေတြ မ်ားစြာဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ဟယ္ရီ မက္ဂြဲယားကလည္း အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ပြဲထြက္ကစားသမားအေနနဲ႔ ျပန္လည္ပါဝင္လာကာ အဂၤလန္အသင္းရဲ႕
လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးခဲ့ပါတယ္။ အဂၤလန္အသင္းက ( ၁၆ ) သင္းအဆင့္မွာ ဂ်ာမနီနဲ႔ ေတြ႕ဆုံေနပါတယ္။

လင္ဒီေလာ့က ဆြီဒင္အသင္းရဲ႕ အုပ္စုပြဲစဥ္ ( ၃ ) ပြဲစလုံးမွာ အဓိကကစားသမားအေနနဲ႔ ပါဝင္ခဲ့ၿပီး
clean sheet ( ၂ ) ႀကိမ္ ရယူႏိုင္ခဲ့ပါတယ္။

ဆြီဒင္အသင္းက အုပ္စု ပထမေနရာပိုင္ဆိုင္ခဲ့ၿပီး ( ၁၆) သင္းအဆင့္မွာ ယူကရိန္းအသင္းနဲ႔ ကစားရဖို႔ရွိပါတယ္။

လင္ဒီေလာ့နဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့တဲ့ ေဒးဗစ္ ဒီဂီယာကေတာ့ ကံမေကာင္းစြာနဲ႔ စပိန္အသင္းအတြက္
တစ္ပြဲမွ် ကစားခြင့္မရေသးပါဘူး ။
အုပ္စုဒုတိယေနရာ ပိုင္ဆိုင္ခဲ့တဲ့ စပိန္က (၁၆ ) သင္းအဆင့္မွာ ခ႐ိုေအးရွားနဲ႔ ေတြ႕ဆုံေနပါတယ္။

ဖာနန္ဒက္စ္ ႏွင့္ ဒါးေလာ့တို႔ရဲ႕ ေပၚတူဂီအသင္းကလည္း ေပါ့ဘာရဲ႕ ျပင္သစ္အသင္းနဲ႔ အုပ္စုက်ပ္ထဲက်‌ေရာက္ခဲ့ၿပီး တတိယေနရာကေန ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ဖာနန္ဒက္စ္က အေစာပိုင္းပြဲစဥ္ ( ၂ ) ခုမွ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ျပင္သစ္အသင္းနဲ႔ အုပ္စုေနာက္ဆုံး ပြဲစဥ္မွာေတာ့ အရံခုံကေနသာ လူစားဝင္ကစားခြင့္ရခဲ့ပါတယ္။

ကိုဗစ္ကူးစက္ခံခဲ့ရတဲ့ ကန္ဆယ္လိုေနရာ အစားထိုးအေနနဲ႔ လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ဒါ‌းေလာ့ကလည္း အုပ္စုေနာက္ဆုံး ပြဲစဥ္မွာ လူစားဝင္ကစားခြင့္ရခဲ့ပါတယ္။

ေပၚတူဂီအသင္းက ( ၁၆ ) သင္းအဆင့္မွာ ဘယ္လ္ဂ်ီယံနဲ႔ ပြဲက်ပ္ကစားရဖို႔ရွိပါေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ လူငယ္ကစားသမား ဒိုင္လန္ လီဗစ္ ႏွင့္ လက္ရွိ ယူ႐ို ၿပိဳင္ပြဲမွာ ေျခစြမ္းျပေနတဲ့ ဒန္နီရယ္ဂ်ိမ္းတို႔ရဲ႕
ေဝးလ္အသင္းဟာ အုပ္စု ဒုတိယေနရာကေန ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့ၿပီး ဒိန္းမတ္အသင္းနဲ႔ ရႈံးထြက္ပြဲစဥ္ကစားရဖို႔ရွိပါတယ္။