ဗီလိန်ဖြစ်တော့မယ့် ဘရူနို ဖာနန်ဒက်စ်ကို ပေါ့ဂ်ဘာနှစ်သိမ့်ပေးခဲ့ရ

ပြင်သစ်နဲ့ပွဲမှာ ပွဲချိန် (၇၂)မိနစ်မှ ဘရူနိုဆေးလ်ဗား အစားလူစားဝင်ရောက်လာခဲ့တဲ့ ဖာနန်ဒက်စ် ဟာ ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံရတော့မယ့် အခြေအနေကနေ သီသီလေးလွဲချော်သွားခဲ့ပါတယ်။

ပွဲပြီးခါနီး နာကျင်အချိန်ပို (၂)မိနစ်ဝန်းကျင်မှာ ဖာနန်ဒက်စ်ဟာ ကင်စလေ ကိုးမန်းနဲ့ ဘောလုံးယှဉ်လုရင်း ပင်နယ်တီ ဧရိယာထဲမှာ ကိုးမန်းရဲ့ခြေထောက်ကိုနင်းမိသွားခဲ့ပါတယ်။

ပင်နယ်တီခွင့်ပြုရလုနီးပါး ဖြစ်ခဲ့ပြီး ပြင်သစ်ကစားသမားတွေနဲ့ စကားရန်ပွဲဆင်နွဲခဲ့ချိန်မှာ ယူနိုက်တက်အသင်းက ကစားဖော် ပေါ့ဂ်ဘာက နှစ်ဘက်ကစားသမားတွေကြားဝင်ရောက်ဖြန်ဖြေပေးခဲ့ရပါတယ်။

ပေါ့ဘာဟာ ဖာနန်ဒက်စ်ကို စိတ်လျော့ဖို့ ပြောဆိုခဲ့သလို ရန်စောင်နေတဲ့ ပြင်သစ်ကစားသမားတွေကိုလည်း ( ၂ ) သင်းစလုံးဟာ နောက်တစ်ဆင့် တက်ရောက်မှာဖြစ်တာကြောင့် အေးဆေးကစားဖို့ ပြောဆိုခဲ့ပုံရပါတယ်။

ကွင်းလယ် ဒိုင် လာဟို့ဇ် ဟာလည်း ဒီပွဲမှာ ပင်နယ်တီ (၃)ကြိမ်အထိပဲ ပေးဖို့ ဆန္ဒရှိခဲ့ပုံရတာကြောင့် ဖာနန်ဒက်စ်ရဲ့ အခြေအနေကို ပင်နယ်တီခွင့်မပြုခဲ့ပါဘူး။

ဒီဆုံးဖြတ်ချက်ဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်သေးတဲ့ ဖာနန်ဒက်စ်အတွက်အတော့်ကို ကံကောင်းခဲ့တဲ့ ဖြစ်ရပ်လို့ဆိုရမှာဖြစ်ပြီး ပရိသတ်တွေရဲ့ အပြစ်တင်ခံရမယ့်အရေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီပြီးခါနီးအချိန် ကတည်းက ယူနိုက်တက်အသင်းမှာ ပွဲဆက်တွေများပြီး ခြေစွမ်းကျဆင်းနေခဲ့သလို ယူရို ၂၀၂၀ အုပ်စုပွဲစဉ် (၂)ပွဲမှာလည်း ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေခဲ့ပါတယ်။

ဒါကြောင့် ပြင်သစ်နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာကို တွေ့ရပါတယ်။

ပွဲအပြီးမှာ ပြင်သစ်က အုပ်စု ပထမနေရာရရှိခဲ့ပြီး၊ ပေါ်တူဂီအသင်းက တတိယနေရာရရှိခဲ့ကာ ( ၂ ) သင်းစလုံးက ယူရို ( ၂၀၂၀ )၊ ( ၁၆ ) သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ဒီပွဲမှာပေါ့ဂ်ဘာဟာ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုမရရှိခဲ့ပေမယ့် စွမ်းဆောင်ရည် အပိုင်းမှာတော့ ပေါ့ဘာ က မနေ့ညက ၂ သင်းမှာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ အဝေးဘောတွေ ၊ ဖန်တီးပေးမှုတွေ ၊ ဧရိယာ ထိပ်က ကန်ချက်တွေ ဟာ ယူနိုက်တက်မှာကစားတဲ့ ပေါ့ဘာ ထက် အဆများစွာ သာလွန်ပြီး ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမား တစ်ယောက်ရဲ့ ခြေစွမ်းကို ပြသသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် (၄၇)မိနစ်မှာ ဘင်ဇီးမားရဲ့ဒုတိယသွင်းဂိုးကိုလည်း ပေါ့ဘာက ခြေစွမ်းပြ ဖန်တီးပေးခဲ့ပါတယ်။

ပွဲအပြီးမှာ ဖာနန်ဒက်က ပေါ့ဘာကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး ယူနိုက်တက်ကစားသမား နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ ဘယ်သူမှ မရှုံးနိမ့်ခဲ့ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
( ၁၆) သင်းအဆင့်မှာ ပြင်သစ်က ဆွစ်ဇာလန်နဲ့ တွေ့ဆုံနေပြီး ပေါ်တူဂီကတော့ ဘယ်လ်ဂျီယံနဲ့ ပွဲကျပ်ကစားရဖို့ ရှိနေပါတယ်။

 

Zawgyi

ဗီလိန္ျဖစ္ေတာ့မယ့္ ဘ႐ူႏို ဖာနန္ဒက္စ္ကို ေပါ့ဂ္ဘာႏွစ္သိမ့္ေပးခဲ့ရ

ျပင္သစ္နဲ႔ပြဲမွာ ပြဲခ်ိန္ (၇၂)မိနစ္မွ ဘ႐ူႏိုေဆးလ္ဗား အစားလူစားဝင္ေရာက္လာခဲ့တဲ့ ဖာနန္ဒက္စ္ ဟာ ပရိသတ္ေတြရဲ႕ ျပစ္တင္ေဝဖန္ျခင္းကို ခံရေတာ့မယ့္ အေျခအေနကေန သီသီေလးလြဲေခ်ာ္သြားခဲ့ပါတယ္။

ပြဲၿပီးခါနီး နာက်င္အခ်ိန္ပို (၂)မိနစ္ဝန္းက်င္မွာ ဖာနန္ဒက္စ္ဟာ ကင္စေလ ကိုးမန္းနဲ႔ ေဘာလုံးယွဥ္လုရင္း ပင္နယ္တီ ဧရိယာထဲမွာ ကိုးမန္းရဲ႕ေျခေထာက္ကိုနင္းမိသြားခဲ့ပါတယ္။

ပင္နယ္တီခြင့္ျပဳရလုနီးပါး ျဖစ္ခဲ့ၿပီး ျပင္သစ္ကစားသမားေတြနဲ႔ စကားရန္ပြဲဆင္ႏြဲခဲ့ခ်ိန္မွာ ယူႏိုက္တက္အသင္းက ကစားေဖာ္ ေပါ့ဂ္ဘာက ႏွစ္ဘက္ကစားသမားေတြၾကားဝင္ေရာက္ျဖန္ေျဖေပးခဲ့ရပါတယ္။

ေပါ့ဘာဟာ ဖာနန္ဒက္စ္ကို စိတ္ေလ်ာ့ဖို႔ ေျပာဆိုခဲ့သလို ရန္ေစာင္ေနတဲ့ ျပင္သစ္ကစားသမားေတြကိုလည္း ( ၂ ) သင္းစလုံးဟာ ေနာက္တစ္ဆင့္ တက္ေရာက္မွာျဖစ္တာေၾကာင့္ ေအးေဆးကစားဖို႔ ေျပာဆိုခဲ့ပုံရပါတယ္။
ကြင္းလယ္ ဒိုင္ လာဟို႔ဇ္ ဟာလည္း ဒီပြဲမွာ ပင္နယ္တီ (၃)ႀကိမ္အထိပဲ ေပးဖို႔ ဆႏၵရွိခဲ့ပုံရတာေၾကာင့္ ဖာနန္ဒက္စ္ရဲ႕ အေျခအေနကို ပင္နယ္တီခြင့္မျပဳခဲ့ပါဘူး။

ဒီဆုံးျဖတ္ခ်က္ဟာ ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာ ေျခစြမ္းမျပႏိုင္ေသးတဲ့ ဖာနန္ဒက္စ္အတြက္အေတာ့္ကို ကံေကာင္းခဲ့တဲ့ ျဖစ္ရပ္လို႔ဆိုရမွာျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အျပစ္တင္ခံရမယ့္အေရးကေန လြတ္ေျမာက္သြားခဲ့ပါတယ္။

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီၿပီးခါနီးအခ်ိန္ ကတည္းက ယူႏိုက္တက္အသင္းမွာ ပြဲဆက္ေတြမ်ားၿပီး ေျခစြမ္းက်ဆင္းေနခဲ့သလို ယူ႐ို ၂၀၂၀ အုပ္စုပြဲစဥ္ (၂)ပြဲမွာလည္း ပုံမွန္ေျခစြမ္းေအာက္က်ဆင္းေနခဲ့ပါတယ္။
ဒါေၾကာင့္ ျပင္သစ္နဲ႔ပြဲစဥ္မွာ ပြဲထြက္ကစားသမားစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရတာကို ေတြ႕ရပါတယ္။

ပြဲအၿပီးမွာ ျပင္သစ္က အုပ္စု ပထမေနရာရရွိခဲ့ၿပီး၊ ေပၚတူဂီအသင္းက တတိယေနရာရရွိခဲ့ကာ ( ၂ ) သင္းစလုံးက ယူ႐ို ( ၂၀၂၀ )၊ ( ၁၆ ) သင္းအဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။
ဒီပြဲမွာေပါ့ဂ္ဘာဟာ ပြဲစဥ္ရဲ႕ အေကာင္းဆုံးကစားသမားဆုကိုမရရွိခဲ့ေပမယ့္ စြမ္းေဆာင္ရည္ အပိုင္းမွာေတာ့ ေပါ့ဘာ က မေန႔ညက ၂ သင္းမွာ အေကာင္းဆုံး ျဖစ္ခဲ့ ပါတယ္။

သူ႔ရဲ႕ အေဝးေဘာေတြ ၊ ဖန္တီးေပးမႈေတြ ၊ ဧရိယာ ထိပ္က ကန္ခ်က္ေတြ ဟာ ယူႏိုက္တက္မွာကစားတဲ့ ေပါ့ဘာ ထက္ အဆမ်ားစြာ သာလြန္ၿပီး ကမာၻ႔အဆင့္ ကြင္းလယ္ကစားသမား တစ္ေယာက္ရဲ႕ ေျခစြမ္းကို ျပသသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ (၄၇)မိနစ္မွာ ဘင္ဇီးမားရဲ႕ဒုတိယသြင္းဂိုးကိုလည္း ေပါ့ဘာက ေျခစြမ္းျပ ဖန္တီးေပးခဲ့ပါတယ္။
ပြဲအၿပီးမွာ ဖာနန္ဒက္က ေပါ့ဘာကို ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၿပီး ယူႏိုက္တက္ကစားသမား ႏွစ္ဦးရဲ႕ ေတြ႕ဆုံမႈဟာ ဘယ္သူမွ မရႈံးနိမ့္ခဲ့ဘဲ ၿပီးဆုံးသြားခဲ့ပါတယ္။
( ၁၆) သင္းအဆင့္မွာ ျပင္သစ္က ဆြစ္ဇာလန္နဲ႔ ေတြ႕ဆုံေနၿပီး ေပၚတူဂီကေတာ့ ဘယ္လ္ဂ်ီယံနဲ႔ ပြဲက်ပ္ကစားရဖို႔ ရွိေနပါတယ္။