ပြင်သစ်၊ ဂျာမနီနဲ့ပေါ်တူဂီ ရှုံးထွက်(၁၆)သင်းအဆင့်တက်ခွင့်ရရှိခဲ့

ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ သေမန်းတမန်အုပ်စုဖြစ်တဲ့ အုပ်စု(F)မှာ ရေပန်းစားနေတဲ့အတိုင်းပဲ အသင်းကြီး(၃)သင်းဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ပေါ်တူဂီအသင်းတို့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပြင်သစ်နဲ့ပေါ်တူဂီပွဲမှာ တစ်ဖက်နှစ်ဂိုးစီနဲ့ပွဲပြီးဆုံးခဲ့တာကြောင့် ပြင်သစ်အသင်းက အုပ်စုပထမရရှိခဲ့ပြီး ပေါ်တူဂီအသင်းကတော့ အကောင်းဆုံးတတိယအဖြစ်နဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ကွင်းလယ်ဒိုင်လာဟို့ဇ်ရဲ့ ဆုံးဖြတ်ချက်တွေက အငြင်းပွားစရာကောင်းခဲ့ပြီး ပေါ်တူဂီအသင်းရခဲ့တဲ့ ပထမပယ်နယ်တီက မဖြစ်သင့်ပါဘူး။ လိုရစ်အနေနဲ့ ဂိုးသမားတစ်ဦးရဲ့လုပ်ပိုင်ခွင့်အတိုင်း ဘောလုံးကို ပုတ်ထုတ်ဖို့ကြိုးစားခဲ့ချိန်မှာ ဒန်နီလိုနဲ့မတော်တဆထိခိုက်မိတာဖြစ်ပြီး ဒါက ဘောလုံးပွဲတစ်ပွဲမှာဖြစ်နေကြပါပဲ။ ဒါပေမဲ့ ဒိုင်လူကြီးလာဟို့ဇ်က ပယ်နယ်တီပေးခဲ့သလို ဒီပယ်နယ်တီကို စီရော်နယ်လ်ဒိုက အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။

ပြင်သစ်အသင်းရခဲ့တဲ့ ပယ်နယ်တီကလည်း ၅၀-၅၀ အနေအထားဖြစ်ပြီး မပေးလည်းရတဲ့အခြေအနေပါ။ ဒီပယ်နယ်တီကို ပြီးခဲ့တဲ့အုပ်စုနှစ်ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ ဘန်ဇီမာက ကန်သွင်းခဲ့ပြီး (၅)နှစ်နဲ့ (၂၅၈)ရက်ကြာမှာ လက်ရွေးစင်အသင်းအတွက် ဂိုးပြန်သွင်းခဲ့တာဖြစ်တဲ့အပြင် ဘန်ဇီမာဟာ အသက် ၃၃နှစ်၊ ၁၈၆ ရက်ရှိနေပြီဖြစ်တာကြောင့် ဇီဒန်း(၃၁နှစ်၊ ၃၅၆ရက်)တင်ရှိထားတဲ့ အဓိကပြိုင်ပွဲကြီးတစ်ခုမှာ ပြင်သစ်အသင်းအတွက် ဂိုးသွင်းခဲ့တဲ့အသက်အကြီးဆုံးကစားသမားစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘန်ဇီမာဟာ ပြင်သစ်အသင်းအတွက် ဒုတိယဂိုးကို ဒုတိယပိုင်းပြန်စလို့ မိနစ်ပိုင်းအကြာမှာပဲ သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ မိနစ်(၆၀)မှာ ပြင်သစ်နောက်ခံလူခွန်ဒဲ ပယ်နယ်တီဧရိယာအတွင်းလက်ထိဘောဖြစ်ခဲ့လို့ ပေါ်တူဂီ ဒုတိယအကြိမ်ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး စီရော်နယ်လ်ဒိုကပဲ ဂိုးအဖြစ်ပြောင်းလဲခဲ့တဲ့အပြင် အခုဆိုရင် စီရော်နယ်လ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားဖြစ်တဲ့ အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီရဲ့ (၁၀၉)ဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့ပါပြီ။

ပြင်သစ်နဲ့ပေါ်တူဂီပွဲမှာ ပယ်နယ်တီ(၃)ကြိမ်ရရှိခဲ့တာက ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး ပြင်သစ်အသင်းဟာ နည်းပြဒက်စ်ချမ့်စ်လက်ထက်မှာ ယူရိုနဲ့ကမ္ဘာ့ဖလား (၄)ကြိမ်စလုံးမှာ အုပ်စုပထမနေရာရရှိခဲ့ပါတယ်။

တစ်ဖက်ပွဲမှာတော့ ဂျာမနီအသင်းဟာ ဟန်ဂေရီကို အသည်းအသန်ကစားပြီးမှ (၂)ဂိုးစီသရေကျခဲ့တာကြောင့် ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်ခွင့်လက်မှတ် ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီအုပ်စုမှာ မထင်မှတ်တာတွေလုပ်ပြနေတဲ့ ဟန်ဂေရီဟာ ဂျာမနီကို အနိုင်ရလုနီးပါးစွမ်းဆောင်ခဲ့ပြီးမှ ချေပဂိုးပြန်ပေးလိုက်ရလို့သာ နောက်တစ်ဆင့်တက်ခွင့်ဆုံးရှုံးခဲ့တာပါ။ ဂျာမနီအသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်မှာ သူတို့ရဲ့ရာဇဝင်ပြိုင်ဘက် အင်္ဂလန်အသင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး အဲဒီပွဲကို ဝင်ဘလေကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းကလည်း ဘယ်လ်ဂျီယံနဲ့ပွဲကျပ်ကစားရမှာဖြစ်ပေမယ့် ပြင်သစ်အသင်းကတော့ ဆွစ်ဇာလန်နဲ့ဆုံတွေ့မှာဖြစ်လို့ ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားပါပြီ။

zawgyi

ျပင္သစ္၊ ဂ်ာမနီနဲ႔ေပၚတူဂီ ရႈံးထြက္(၁၆)သင္းအဆင့္တက္ခြင့္ရရွိခဲ့

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရဲ႕ ေသမန္းတမန္အုပ္စုျဖစ္တဲ့ အုပ္စု(F)မွာ ေရပန္းစားေနတဲ့အတိုင္းပဲ အသင္းႀကီး(၃)သင္းျဖစ္တဲ့ ျပင္သစ္၊ ဂ်ာမနီနဲ႔ေပၚတူဂီအသင္းတို႔ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

ျပင္သစ္နဲ႔ေပၚတူဂီပြဲမွာ တစ္ဖက္ႏွစ္ဂိုးစီနဲ႔ပြဲၿပီးဆုံးခဲ့တာေၾကာင့္ ျပင္သစ္အသင္းက အုပ္စုပထမရရွိခဲ့ၿပီး ေပၚတူဂီအသင္းကေတာ့ အေကာင္းဆုံးတတိယအျဖစ္နဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ကြင္းလယ္ဒိုင္လာဟို႔ဇ္ရဲ႕ ဆုံးျဖတ္ခ်က္ေတြက အျငင္းပြားစရာေကာင္းခဲ့ၿပီး ေပၚတူဂီအသင္းရခဲ့တဲ့ ပထမပယ္နယ္တီက မျဖစ္သင့္ပါဘူး။

လိုရစ္အေနနဲ႔ ဂိုးသမားတစ္ဦးရဲ႕လုပ္ပိုင္ခြင့္အတိုင္း ေဘာလုံးကို ပုတ္ထုတ္ဖို႔ႀကိဳးစားခဲ့ခ်ိန္မွာ ဒန္နီလိုနဲ႔မေတာ္တဆထိခိုက္မိတာျဖစ္ၿပီး ဒါက ေဘာလုံးပြဲတစ္ပြဲမွာျဖစ္ေနၾကပါပဲ။

ဒါေပမဲ့ ဒိုင္လူႀကီးလာဟို႔ဇ္က ပယ္နယ္တီေပးခဲ့သလို ဒီပယ္နယ္တီကို စီေရာ္နယ္လ္ဒိုက အမွားအယြင္းမရွိကန္သြင္းခဲ့ပါတယ္။

ျပင္သစ္အသင္းရခဲ့တဲ့ ပယ္နယ္တီကလည္း ၅၀-၅၀ အေနအထားျဖစ္ၿပီး မေပးလည္းရတဲ့အေျခအေနပါ။

ဒီပယ္နယ္တီကို ၿပီးခဲ့တဲ့အုပ္စုႏွစ္ပြဲမွာ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ ဘန္ဇီမာက ကန္သြင္းခဲ့ၿပီး (၅)ႏွစ္နဲ႔ (၂၅၈)ရက္ၾကာမွာ လက္ေ႐ြးစင္အသင္းအတြက္ ဂိုးျပန္သြင္းခဲ့တာျဖစ္တဲ့အျပင္ ဘန္ဇီမာဟာ အသက္ ၃၃ႏွစ္၊ ၁၈၆ ရက္ရွိေနၿပီျဖစ္တာေၾကာင့္ ဇီဒန္း(၃၁ႏွစ္၊ ၃၅၆ရက္)တင္ရွိထားတဲ့ အဓိကၿပိဳင္ပြဲႀကီးတစ္ခုမွာ ျပင္သစ္အသင္းအတြက္ ဂိုးသြင္းခဲ့တဲ့အသက္အႀကီးဆုံးကစားသမားစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ဘန္ဇီမာဟာ ျပင္သစ္အသင္းအတြက္ ဒုတိယဂိုးကို ဒုတိယပိုင္းျပန္စလို႔ မိနစ္ပိုင္းအၾကာမွာပဲ သြင္းယူခဲ့ပါတယ္။

ဒါေပမဲ့ မိနစ္(၆၀)မွာ ျပင္သစ္ေနာက္ခံလူခြန္ဒဲ ပယ္နယ္တီဧရိယာအတြင္းလက္ထိေဘာျဖစ္ခဲ့လို႔ ေပၚတူဂီ ဒုတိယအႀကိမ္ပယ္နယ္တီကန္ခြင့္ရခဲ့ၿပီး စီေရာ္နယ္လ္ဒိုကပဲ ဂိုးအျဖစ္ေျပာင္းလဲခဲ့တဲ့အျပင္

အခုဆိုရင္ စီေရာ္နယ္လ္ဒိုဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားျဖစ္တဲ့ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီရဲ႕ (၁၀၉)ဂိုးစံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့ပါၿပီ။

ျပင္သစ္နဲ႔ေပၚတူဂီပြဲမွာ ပယ္နယ္တီ(၃)ႀကိမ္ရရွိခဲ့တာက ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ျဖစ္ခဲ့ၿပီး ျပင္သစ္အသင္းဟာ နည္းျပဒက္စ္ခ်မ့္စ္လက္ထက္မွာ ယူ႐ိုနဲ႔ကမၻာ့ဖလား (၄)ႀကိမ္စလုံးမွာ အုပ္စုပထမေနရာရရွိခဲ့ပါတယ္။

တစ္ဖက္ပြဲမွာေတာ့ ဂ်ာမနီအသင္းဟာ ဟန္ေဂရီကို အသည္းအသန္ကစားၿပီးမွ (၂)ဂိုးစီသေရက်ခဲ့တာေၾကာင့္ ရႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ခြင့္လက္မွတ္ ပိုင္ဆိုင္ခဲ့ပါတယ္။ ဒီအုပ္စုမွာ မထင္မွတ္တာေတြလုပ္ျပေနတဲ့ ဟန္ေဂရီဟာ ဂ်ာမနီကို အႏိုင္ရလုနီးပါးစြမ္းေဆာင္ခဲ့ၿပီးမွ ေခ်ပဂိုးျပန္ေပးလိုက္ရလို႔သာ ေနာက္တစ္ဆင့္တက္ခြင့္ဆုံးရႈံးခဲ့တာပါ။ ဂ်ာမနီအသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္မွာ သူတို႔ရဲ႕ရာဇဝင္ၿပိဳင္ဘက္ အဂၤလန္အသင္းနဲ႔ ဆုံေတြ႕ရမွာျဖစ္ၿပီး အဲဒီပြဲကို ဝင္ဘေလကြင္းမွာ ကစားရမွာျဖစ္ပါတယ္။

ေပၚတူဂီအသင္းကလည္း ဘယ္လ္ဂ်ီယံနဲ႔ပြဲက်ပ္ကစားရမွာျဖစ္ေပမယ့္ ျပင္သစ္အသင္းကေတာ့ ဆြစ္ဇာလန္နဲ႔ဆုံေတြ႕မွာျဖစ္လို႔ ကြာတားဖိုင္နယ္တက္ဖို႔ အေျခအေနေကာင္းသြားပါၿပီ။