ပျော်လို့မဆုံးဖြစ်ခဲ့တဲ့ ဘတ်ပီ

ပေါ်တူဂီ နဲ့ ပြင်သစ်တို့ ကစားခဲ့တဲ့ ပွဲအပြီးမှာ ရော်နယ်ဒို နဲ့ ဘတ်ပီ တို့ဟာ အဝတ်စားလဲခန်းထဲကို သွားရာလမ်းမှာ ဂျာစီချင်းလဲလှယ်ပြီး စကား လက်ဆုံ ပြောမကုန်၊ ပြုံးရယ်မဆုံး ဖြစ်ခဲ့ကြပါတယ်။

အဲဒီပွဲမှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တာဖြစ်ပြီး ပြင်သစ်အသင်းက အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်ခဲ့ပြီး
ပေါ်တူဂီ အသင်းကတော့ အကောင်းဆုံး အုပ်စုတတိယအနေအထား နဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘတ်ပီ ဟာ ရော်နယ်ဒို ကို သဘောကျနှစ်သက်တဲ့သူဖြစ်ပြီး စံနမူစရာ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။


ငယ်စဉ်က ဘတ်ပီ ရဲ့အခန်းထဲမှာဆိုရင် ရော်နယ်ဒို ရီးရဲလ် အသင်းမှာ ကစားနေတဲ့ ပုံရိပ်ကို သူ့အခန်း ပတ်ပတ်လည်မှာ
ကပ်ထားတာဖြစ်ပါတယ်။

ဘတ်ပီတစ်ယောက် ရော်နယ်ဒို နဲ့ ကွင်းထဲမှာ ရင်ဆိုင်ကစားချင်တဲ့ အိပ်မက်တွေဟာနောက်ပိုင်းမှာ အကောင်အထည် ပေါ်ခဲ့ပြီး
မနေ့က ပေါ်တူဂီ နဲ့ ပြင်သစ်တို့ ကစားတဲ့ပွဲမှာလည်း ဘတ်ပီဟာ ရော်နယ်ဒို နဲ့ အနီးကပ်တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။

အဝတ်အစား လဲခန်း ကို သွားရာလမ်းမှာ ရော်နယ်ဒို ပြောနေတာကို ဘတ်ပီက အာရုံစိုက်နားထောင်သလို၊
ရော်နယ်ဒိုကလည်း ညီငယ်လေးကို ရတဲ့ အချိန်မှာ သေသေချာချာ စကားပြောဆိုပါတယ်။

ဘတ်ပီဟာ တစ်နေ့တွင်ရော်နယ်ဒိုရဲ့အဆင့်မျိုးကိုရောက်ကာအောင်မြင်မှုများစွာရယူနိုင်လိမ့်မယ်လို့
ထင်ကြေးပေးခြင်းခံထားရသူဖြစ်ပါတယ်။

အမ်ဘတ်ပီဟာပြင်သစ်နှင့်အတူ ယူရို၂၀၂၀ပြိုင်ပွဲမှာ အဓိကကစားသမားအဖြစ် ကစားခွင့်ရရှိနေပေမယ့်လည်း ဂိုးပေါက်မတွေ့သေးပါဘူး။

ရော်နယ်ဒိုကတော့ အသက် ၃၆ နှစ်အရွယ်ရောက်ပြီဖြစ်ပေမယ့် အကောင်းဆုံးခြေစွမ်းမျိုးတွင်ရှိနေဆဲဖြစ်ပြီး

မနေ့ညတုန်းက ဘတ်ပီရဲ့ပြင်သစ်အသင်းနဲ့နှစ်ဂိုးစီသရေကျတဲ့ပွဲမှာ ပင်နယ်တီမှတစ်ဆင့် ၂ဂိုးသွင်းယူကာ ဂိုးသွင်းဘုရင် ဖြစ်နေပါတယ်။

Zawgyi

ေပ်ာ္လို႔မဆုံးျဖစ္ခဲ့တဲ့ ဘတ္ပီ

ေပၚတူဂီ နဲ႔ ျပင္သစ္တို႔ ကစားခဲ့တဲ့ ပြဲအၿပီးမွာ ေရာ္နယ္ဒို နဲ႔ ဘတ္ပီ တို႔ဟာ အဝတ္စားလဲခန္းထဲကို သြားရာလမ္းမွာ ဂ်ာစီခ်င္းလဲလွယ္ၿပီး စကား လက္ဆုံ ေျပာမကုန္၊ ၿပဳံးရယ္မဆုံး ျဖစ္ခဲ့ၾကပါတယ္။

အဲဒီပြဲမွာ တစ္ဖက္ႏွစ္ဂိုးစီ သေရက်ခဲ့တာျဖစ္ၿပီး ျပင္သစ္အသင္းက အုပ္စုပထမနဲ႔ ေနာက္တစ္ဆင့္တက္ခဲ့ၿပီး
ေပၚတူဂီ အသင္းကေတာ့ အေကာင္းဆုံး အုပ္စုတတိယအေနအထား နဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘတ္ပီ ဟာ ေရာ္နယ္ဒို ကို သေဘာက်ႏွစ္သက္တဲ့သူျဖစ္ၿပီး စံနမူစရာ ပုဂၢိဳလ္ အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။
ငယ္စဥ္က ဘတ္ပီ ရဲ႕အခန္းထဲမွာဆိုရင္ ေရာ္နယ္ဒို ရီးရဲလ္ အသင္းမွာ ကစားေနတဲ့ ပုံရိပ္ကို သူ႔အခန္း ပတ္ပတ္လည္မွာ

ကပ္ထားတာျဖစ္ပါတယ္။

ဘတ္ပီတစ္ေယာက္ ေရာ္နယ္ဒို နဲ႔ ကြင္းထဲမွာ ရင္ဆိုင္ကစားခ်င္တဲ့ အိပ္မက္ေတြဟာေနာက္ပိုင္းမွာ အေကာင္အထည္ ေပၚခဲ့ၿပီး
မေန႔က ေပၚတူဂီ နဲ႔ ျပင္သစ္တို႔ ကစားတဲ့ပြဲမွာလည္း ဘတ္ပီဟာ ေရာ္နယ္ဒို နဲ႔ အနီးကပ္ေတြ႕ဆုံခဲ့ရတာျဖစ္ပါတယ္။

အဝတ္အစား လဲခန္း ကို သြားရာလမ္းမွာ ေရာ္နယ္ဒို ေျပာေနတာကို ဘတ္ပီက အာ႐ုံစိုက္နားေထာင္သလို၊
ေရာ္နယ္ဒိုကလည္း ညီငယ္ေလးကို ရတဲ့ အခ်ိန္မွာ ေသေသခ်ာခ်ာ စကားေျပာဆိုပါတယ္။

ဘတ္ပီဟာ တစ္ေန႔တြင္ေရာ္နယ္ဒိုရဲ႕အဆင့္မ်ိဳးကိုေရာက္ကာေအာင္ျမင္မႈမ်ားစြာရယူႏိုင္လိမ့္မယ္လို႔
ထင္ေၾကးေပးျခင္းခံထားရသူျဖစ္ပါတယ္။

အမ္ဘတ္ပီဟာျပင္သစ္ႏွင့္အတူ ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာ အဓိကကစားသမားအျဖစ္ ကစားခြင့္ရရွိေနေပမယ့္လည္း ဂိုးေပါက္မေတြ႕ေသးပါဘူး။

ေရာ္နယ္ဒိုကေတာ့ အသက္ ၃၆ ႏွစ္အ႐ြယ္ေရာက္ၿပီျဖစ္ေပမယ့္ အေကာင္းဆုံးေျခစြမ္းမ်ိဳးတြင္ရွိေနဆဲျဖစ္ၿပီး
မေန႔ညတုန္းက ဘတ္ပီရဲ႕ျပင္သစ္အသင္းနဲ႔ႏွစ္ဂိုးစီသေရက်တဲ့ပြဲမွာ ပင္နယ္တီမွတစ္ဆင့္ ၂ဂိုးသြင္းယူကာ ဂိုးသြင္းဘုရင္ ျဖစ္ေနပါတယ္။