ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ကစားမယ်ဆိုတဲ့ ရာမို့စ်

ရီးရဲလ်အသင်းမှာ (၁၆)နှစ်ကြာ ကစားပြီး ထွက်ခွာလာခဲ့တဲ့ ရာမို့စ်က သူ့ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေကို လာမယ့်ရာသီ သူကစားမယ့် အသင်းကို ပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ယူနိုက်တက်၊ အေစီမီလန်၊ ချဲလ်ဆီးအသင်းတွေကလိုချင်တဲ့ ၃၅ နှစ်အရွယ် ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ သူ့ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော်သုံးယောက်ကို ဒီနွေရာသီမှာ သူကပီအက်စ်ဂျီကို ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း ပြောပြခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

သတင်းတွေအရတော့ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိထားပြီးဖြစ်သလို ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့လို အခြားအသင်းတွေဆီက ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီဟာ မနှစ်က ချဲလ်ဆီးအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ သီယာဂိုဆေးလ်ဗာရဲ့ နေရာမှာ အတွေ့အကြုံရင့် ကစားသမား တစ်ယောက်ဖြစ်တဲ့ ရာမို့စ်နဲ့ အစားထိုးလိုနေတာပဲ ဖြစ်ပါတယ်။

အသင်းနဲ့ လမ်းခွဲတုန်းက ရာမို့စ်က “ကျွန်တော်ဘယ်တုန်းကမှ ထွက်ဖို့မစဉ်းစားခဲ့ပါဘူး။
အသင်းကလစာလျှော့ပြီး တစ်နှစ်စာချုပ် ကမ်းလှမ်းခဲ့ပါတယ်။


ကျွန်တော်က ၂ နှစ်လိုချင်တာပါ၊ ပိုက်ဆံကြောင့် မဟုတ်ပါဘူး။

ကျွန်တော်နဲ့ ကျွန်တော့်မိသားစု တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ပါ။


နောက်ပိုင်း အဲဒီကမ်းလှမ်းမှုကိုပဲ လက်ခံလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ကမ်းလှမ်းမှုက သက်တမ်းကုန်သွားပြီလို့ကြားရပြီး၊ ညှိနှိုင်းမှုကိစ္စ ပြီးဆုံးခဲ့ပါတယ်” လို့ ပြောဆိုထားပါတယ်။

ရာမို့စ် ဟာ ရီးရဲလ် အသင်းအတွက် (၆၇၁)ပွဲပါဝင်ကစားထားပြီး ဂိုး(၁၀၀)ကျော်သွင်းယူထားတာဖြစ်ပါတယ်။

ရာမို့စ် ဟာ ရီးရဲလ် အသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်၊ စပိန်လာလီဂါ (၅)ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီဆီ ေျပာင္းေ႐ႊ႕ကစားမယ္ဆိုတဲ့ ရာမို႔စ္

ရီးရဲလ္အသင္းမွာ (၁၆)ႏွစ္ၾကာ ကစားၿပီး ထြက္ခြာလာခဲ့တဲ့ ရာမို႔စ္က သူ႔ရဲ႕အရင္းႏွီးဆုံး မိတ္ေဆြေတြကို လာမယ့္ရာသီ သူကစားမယ့္ အသင္းကို ေျပာဆိုခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ယူႏိုက္တက္၊ ေအစီမီလန္၊ ခ်ဲလ္ဆီးအသင္းေတြကလိုခ်င္တဲ့ ၃၅ ႏွစ္အ႐ြယ္ ဝါရင့္ေနာက္ခံလူ ရာမို႔စ္ဟာ သူ႔ရဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းေဖာ္သုံးေယာက္ကို ဒီေႏြရာသီမွာ သူကပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္ေၾကာင္း ေျပာျပခဲ့တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။

သတင္းေတြအရေတာ့ ရာမို႔စ္ဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ ကမ္းလွမ္းမႈကို ရရွိထားၿပီးျဖစ္သလို ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔လို အျခားအသင္းေတြဆီက ကမ္းလွမ္းမႈေတြကိုလည္း ပယ္ခ်ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီဟာ မႏွစ္က ခ်ဲလ္ဆီးအသင္းကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ သီယာဂိုေဆးလ္ဗာရဲ႕ ေနရာမွာ အေတြ႕အႀကဳံရင့္ ကစားသမား တစ္ေယာက္ျဖစ္တဲ့ ရာမို႔စ္နဲ႔ အစားထိုးလိုေနတာပဲ ျဖစ္ပါတယ္။

အသင္းနဲ႔ လမ္းခြဲတုန္းက ရာမို႔စ္က “ကြၽန္ေတာ္ဘယ္တုန္းကမွ ထြက္ဖို႔မစဥ္းစားခဲ့ပါဘူး။

အသင္းကလစာေလွ်ာ့ၿပီး တစ္ႏွစ္စာခ်ဳပ္ ကမ္းလွမ္းခဲ့ပါတယ္။
ကြၽန္ေတာ္က ၂ ႏွစ္လိုခ်င္တာပါ၊ ပိုက္ဆံေၾကာင့္ မဟုတ္ပါဘူး။
ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္မိသားစု တည္တည္ၿငိမ္ၿငိမ္ေနႏိုင္ဖို႔ပါ။
ေနာက္ပိုင္း အဲဒီကမ္းလွမ္းမႈကိုပဲ လက္ခံလိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါေသးတယ္။
ဒါေပမယ့္ ကမ္းလွမ္းမႈက သက္တမ္းကုန္သြားၿပီလို႔ၾကားရၿပီး၊ ညႇိႏႈိင္းမႈကိစၥ ၿပီးဆုံးခဲ့ပါတယ္” လို႔ ေျပာဆိုထားပါတယ္။

ရာမို႔စ္ ဟာ ရီးရဲလ္ အသင္းအတြက္ (၆၇၁)ပြဲပါဝင္ကစားထားၿပီး ဂိုး(၁၀၀)ေက်ာ္သြင္းယူထားတာျဖစ္ပါတယ္။
ရာမို႔စ္ ဟာ ရီးရဲလ္ အသင္းနဲ႔ အတူ ခ်န္ပီယံလိဂ္ဖလား(၄)ႀကိမ္၊ စပိန္လာလီဂါ (၅)ႀကိမ္အပါအဝင္ ဆုဖလားအမ်ားအျပားရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။