ဆာလက် အိုလံပစ်ပွဲမှာ လိုက်ပါနိုင်ဖို့ ၄၈ နာရီပဲ အချိန်ရမယ်

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အာမက်မီဂါဟက်က မိုဟာမက်ဆာလက်ဟာ အီဂျစ်အိုလံပစ်အသင်းနှင့်အတူ
ဝင်ရောက် ယှဉ်ပြိုင်လိုလျက်ရှိကြောင်းနှင့် လာမယ့် ၄၈နာရီအတွင်းတွင် လီဗာပူးနှင့် ညှိနှိုင်းကာ ပါဝင်ကစားနိုင်ရေး
ကြိုးပမ်းသွားလိမ့်လို့ ပြောကြားလိုက်ပါတယ်။

ဆာလက်ဟာအိုလံပစ်ပြိုင်ပွဲဝင်မယ့် အီဂျစ်အသင်းရဲ့ ကန့်သတ်အသက်ကျော် လွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဆာလက်ကို မိခင်နိုင်ငံအတွက် အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးမပေးဆိုတာ ယတိပြတ်ခွင့်ပြုထားတာမျိုး
မရှိတဲ့အတွက် အီဂျစ်အသင်းအခက်အခဲဖြစ်နေပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟာ ဆာလက်ကို အိုလံပစ်ပြိုင်ပွဲမှာအသုံးပြုခွင့်ရဖို့ လအတန်ကြာကြိုးပမ်းနေခဲ့ပြီး
လာမယ့်နှစ်ရက်အတွင်း အပြီးသတ်ကြိုးပမ်းရဖွယ်ရှိနေပါတယ်။

အီဂျစ်အိုလံပစ် ဘောလုံးအသင်းဟာ တိုကျိုတွင် ကျင်းပမယ့်အိုလံပစ်ပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦးစာရင်းထုတ်ပြန်ခဲ့ရာမှာ
အသက်ကျော် ကစားသမားများအဖြစ် မိုဟာမက်ဆာလက်နှင့် အာဆင်နယ်မှ မိုဟာမက်အယ်လ်နီနီတို့ကို ထည့်သွင်းထားပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲက “ဆာလက်ဟာ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဖူးဆိုတာ မပြောလိုသေးပါဘူး။
ဆာလက်ကို အိုလံပစ်ပြိုင်ပွဲမှာ အသုံးပြုခွင့်ရဖို့ အခြေအနေတွေကခက်ခဲနေတယ်။

ဆာလက်ဘက်ကတော့ အိုလံပစ်ပြိုင်ပွဲမှာ ဦးဆောင်ပါဝင်ဖို့ သဘောတူညီထားတယ်။”

“မကြာခင်မှာ ပရီးမီးယားလိဂ်ရာသီစမှာဖြစ်တဲ့အတွက် လီဗာပူးအသင်းကတော့ ဆာလက်ကိုအသုံးပြုခွင့်ပေးဖို့ ငြင်းဆန်ထားဖူးတယ်။

အဲဒီအတွက်လည်း ဆာလက်နဲ့ ထပ်မံဆွေးနွေးခဲ့ရတယ်။
ဆာလက်ကတော့ လီဗာပူးအသင်းခွင့်ပြုချက်ရအောင် ထပ်မံကြိုးစားဖို့ ကျွန်တော်တို့ကိုပြောထားပါတယ်။”လို့ ဆိုပါတယ်။

အိုလံပစ်ပြိုင်ပွဲဘောလုံးအားကစားကို ဇွန်လ၂၂ရက်နေ့မှ ဩဂုတ်လ ၇ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
အိုလံပစ်ပြိုင်ပွဲဟာ ပရီးမီးယားလိဂ်မစတင်မီတစ်ပတ်အလိုတွင်ပြီးဆုံးမှာ ဖြစ်ရာအီဂျစ်သာဗိုလ်လုပွဲသို့တက်ပါက
ဆာလက်အနေနဲ့ ရာသီအစပွဲအချို့ကိုလွဲချော်ပါမယ်။

ဒါ့အပြင် ဆာလက်မှာ လီဗာပူးရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကိုလည်း လွဲချော်ဦးမှာဖြစ်ပါတယ်။

Zawgyi

ဆာလက္ အိုလံပစ္ပြဲမွာ လိုက္ပါႏိုင္ဖို႔ ၄၈ နာရီပဲ အခ်ိန္ရမယ္

အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ အာမက္မီဂါဟက္က မိုဟာမက္ဆာလက္ဟာ အီဂ်စ္အိုလံပစ္အသင္းႏွင့္အတူ
ဝင္ေရာက္ ယွဥ္ၿပိဳင္လိုလ်က္ရွိေၾကာင္းႏွင့္ လာမယ့္ ၄၈နာရီအတြင္းတြင္ လီဗာပူးႏွင့္ ညႇိႏႈိင္းကာ ပါဝင္ကစားႏိုင္ေရး
ႀကိဳးပမ္းသြားလိမ့္လို႔ ေျပာၾကားလိုက္ပါတယ္။

ဆာလက္ဟာအိုလံပစ္ၿပိဳင္ပြဲဝင္မယ့္ အီဂ်စ္အသင္းရဲ႕ ကန႔္သတ္အသက္ေက်ာ္ လြန္တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ ဆာလက္ကို မိခင္ႏိုင္ငံအတြက္ အိုလံပစ္ၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ေပးမေပးဆိုတာ ယတိျပတ္ခြင့္ျပဳထားတာမ်ိဳး
မရွိတဲ့အတြက္ အီဂ်စ္အသင္းအခက္အခဲျဖစ္ေနပါတယ္။

အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္ အႀကီးအကဲဟာ ဆာလက္ကို အိုလံပစ္ၿပိဳင္ပြဲမွာအသုံးျပဳခြင့္ရဖို႔ လအတန္ၾကာႀကိဳးပမ္းေနခဲ့ၿပီး
လာမယ့္ႏွစ္ရက္အတြင္း အၿပီးသတ္ႀကိဳးပမ္းရဖြယ္ရွိေနပါတယ္။

အီဂ်စ္အိုလံပစ္ ေဘာလုံးအသင္းဟာ တိုက်ိဳတြင္ က်င္းပမယ့္အိုလံပစ္ၿပိဳင္ပြဲအတြက္ ကစားသမား ၂၃ ဦးစာရင္းထုတ္ျပန္ခဲ့ရာမွာ
အသက္ေက်ာ္ ကစားသမားမ်ားအျဖစ္ မိုဟာမက္ဆာလက္ႏွင့္ အာဆင္နယ္မွ မိုဟာမက္အယ္လ္နီနီတို႔ကို ထည့္သြင္းထားပါတယ္။

အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္အႀကီးအကဲက “ဆာလက္ဟာ အိုလံပစ္ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ မျဖစ္ႏိုင္ဖူးဆိုတာ မေျပာလိုေသးပါဘူး။
ဆာလက္ကို အိုလံပစ္ၿပိဳင္ပြဲမွာ အသုံးျပဳခြင့္ရဖို႔ အေျခအေနေတြကခက္ခဲေနတယ္။
ဆာလက္ဘက္ကေတာ့ အိုလံပစ္ၿပိဳင္ပြဲမွာ ဦးေဆာင္ပါဝင္ဖို႔ သေဘာတူညီထားတယ္။”

“မၾကာခင္မွာ ပရီးမီးယားလိဂ္ရာသီစမွာျဖစ္တဲ့အတြက္ လီဗာပူးအသင္းကေတာ့ ဆာလက္ကိုအသုံးျပဳခြင့္ေပးဖို႔ ျငင္းဆန္ထားဖူးတယ္။
အဲဒီအတြက္လည္း ဆာလက္နဲ႔ ထပ္မံေဆြးေႏြးခဲ့ရတယ္။
ဆာလက္ကေတာ့ လီဗာပူးအသင္းခြင့္ျပဳခ်က္ရေအာင္ ထပ္မံႀကိဳးစားဖို႔ ကြၽန္ေတာ္တို႔ကိုေျပာထားပါတယ္။”လို႔ ဆိုပါတယ္။

အိုလံပစ္ၿပိဳင္ပြဲေဘာလုံးအားကစားကို ဇြန္လ၂၂ရက္ေန႔မွ ဩဂုတ္လ ၇ရက္ေန႔အထိ က်င္းပမွာျဖစ္ပါတယ္။
အိုလံပစ္ၿပိဳင္ပြဲဟာ ပရီးမီးယားလိဂ္မစတင္မီတစ္ပတ္အလိုတြင္ၿပီးဆုံးမွာ ျဖစ္ရာအီဂ်စ္သာဗိုလ္လုပြဲသို႔တက္ပါက
ဆာလက္အေနနဲ႔ ရာသီအစပြဲအခ်ိဳ႕ကိုလြဲေခ်ာ္ပါမယ္။

ဒါ့အျပင္ ဆာလက္မွာ လီဗာပူးရဲ႕ ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ကိုလည္း လြဲေခ်ာ္ဦးမွာျဖစ္ပါတယ္။