စီရော်နယ်လ်ဒို နောက်ထပ်ပိုင်ဆိုင်ခဲ့တဲ့စံချိန်မှတ်တမ်းများ

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တာတောင် အခုအချိန်အထိ စံချိန်တွေတစ်ခုပြီးတစ်ခု ရယူနေတဲ့ စီရော်နယ်လ်ဒိုဟာ ပြင်သစ်အသင်းနဲ့ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်း စံချိန်မှတ်တမ်းကောင်းတွေအများကြီး ပိုင်ဆိုင်ခဲ့ပြန်ပါတယ်။

စီရော်နယ်လ်ဒိုဟာ အဲဒီပွဲမှာ ပေါ်တူဂီအသင်းအတွက်နှစ်ဂိုးစလုံးကို ပယ်နယ်တီကနေသွင်းယူခဲ့ပြီး သူ့ရဲ့နိုင်ငံတကာသွင်းဂိုးအရေအတွက်က (၁၀၉)ဂိုးအထိရှိလာပြီဖြစ်လို့ အခုဆိုရင် အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီတင်ရှိထားတဲ့ ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်နဲ့တူညီသွားခဲ့ပါပြီ။

ပေါ်တူဂီအသင်းဟာ အကောင်းဆုံးအုပ်စုတတိယနဲ့ အုပ်စုကနေတက်ရောက်ခဲ့တာကြောင့် လာမယ့်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ စီရော်နယ်လ်ဒို ဂိုးထပ်သွင်းနိုင်မယ်ဆိုရင်ဘောလုံးသမိုင်းတစ်လျှောက် ဂုဏ်ယူစရာအကောင်းဆုံး သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်မှာပါ။ ယူရို-၂၀၀၄ ပြိုင်ပွဲ၊ ဂရိနဲ့အုပ်စုပွဲတုန်းက ပေါ်တူဂီအသင်းအတွက် နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပထမဆုံးဂိုးသွင်းယူခဲ့သူ စီရော်နယ်လ်ဒိုဟာ ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်း သွင်းဂိုး(၂၀)အထိရှိလာပြီဖြစ်လို့ ဥရောပကစားသမားတွေထဲမှာ သွင်းဂိုးအများဆုံးအဖြစ်ရပ်တည်နေတဲ့ ဂျာမနီဂန္ထဝင်တိုက်စစ်မှူးကလိုဆေးကို တစ်ဂိုးအသာနဲ့ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ အုပ်စုပွဲစဉ်(၃)ပွဲကစားအပြီးမှာ (၅)ဂိုးအထိသွင်းယူခဲ့ပြီး သူ့ထက် အုပ်စုတွင်းသွင်းဂိုးအရေအတွက်ပိုများတာဆိုလို့ ပြင်သစ်ဂန္ထဝင်ကစားသမား ပလာတီနီတစ်ဦးသာရှိပါတော့တယ်။ ပလာတီနီဟာ ယူရို-၁၉၈၄ပြိုင်ပွဲတုန်းက အုပ်စုတွင်းမှာ (၇)ဂိုးအထိသွင်းယူခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်မှာတော့ (၉)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၀ ပြိုင်ပွဲစတင်ချိန်ကတည်းက ယူရိုပြိုင်ပွဲအကြိမ်အရေအတွက် အများဆုံးကစားခဲ့သူ(၅ကြိမ်)၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား(၁၄ဂိုး)၊ ယူရိုပြိုင်ပွဲ(၅)ကြိမ်ဆက်ဂိုးသွင်းခဲ့သူ၊ ယူရိုပြိုင်ပွဲတစ်လျှောက် တစ်ပွဲတည်းမှာ နှစ်ဂိုးသွင်းခဲ့တဲ့အသက်အကြီးဆုံးကစားသမားစတဲ့ စံချိန်မှတ်တမ်းတွေ ဆက်တိုက်ရယူခဲ့ပြီး အခုအချိန်မှာလည်း သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေတာကြောင့် နောက်ထပ် ဘယ်လိုစံချိန်တွေဆက်လက်ရယူဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ . .

zawgyi

စီေရာ္နယ္လ္ဒို ေနာက္ထပ္ပိုင္ဆိုင္ခဲ့တဲ့စံခ်ိန္မွတ္တမ္းမ်ား

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တာေတာင္ အခုအခ်ိန္အထိ စံခ်ိန္ေတြတစ္ခုၿပီးတစ္ခု ရယူေနတဲ့ စီေရာ္နယ္လ္ဒိုဟာ ျပင္သစ္အသင္းနဲ႔ကစားခဲ့တဲ့ အုပ္စုေနာက္ဆုံးပြဲစဥ္မွာလည္း စံခ်ိန္မွတ္တမ္းေကာင္းေတြအမ်ားႀကီး ပိုင္ဆိုင္ခဲ့ျပန္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ အဲဒီပြဲမွာ ေပၚတူဂီအသင္းအတြက္ႏွစ္ဂိုးစလုံးကို ပယ္နယ္တီကေနသြင္းယူခဲ့ၿပီး သူ႔ရဲ႕ႏိုင္ငံတကာသြင္းဂိုးအေရအတြက္က (၁၀၉)ဂိုးအထိရွိလာၿပီျဖစ္လို႔ အခုဆိုရင္ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီတင္ရွိထားတဲ့ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္နဲ႔တူညီသြားခဲ့ပါၿပီ။

ေပၚတူဂီအသင္းဟာ အေကာင္းဆုံးအုပ္စုတတိယနဲ႔ အုပ္စုကေနတက္ေရာက္ခဲ့တာေၾကာင့္ လာမယ့္ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ စီေရာ္နယ္လ္ဒို ဂိုးထပ္သြင္းႏိုင္မယ္ဆိုရင္ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဂုဏ္ယူစရာအေကာင္းဆုံး သမိုင္းမွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္မွာပါ။ ယူ႐ို-၂၀၀၄ ၿပိဳင္ပြဲ၊ ဂရိနဲ႔အုပ္စုပြဲတုန္းက ေပၚတူဂီအသင္းအတြက္ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ပထမဆုံးဂိုးသြင္းယူခဲ့သူ စီေရာ္နယ္လ္ဒိုဟာ ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္း သြင္းဂိုး(၂၀)အထိရွိလာၿပီျဖစ္လို႔ ဥေရာပကစားသမားေတြထဲမွာ သြင္းဂိုးအမ်ားဆုံးအျဖစ္ရပ္တည္ေနတဲ့ ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉးကလိုေဆးကို တစ္ဂိုးအသာနဲ႔ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ စီေရာ္နယ္လ္ဒိုဟာ အုပ္စုပြဲစဥ္(၃)ပြဲကစားအၿပီးမွာ (၅)ဂိုးအထိသြင္းယူခဲ့ၿပီး သူ႔ထက္ အုပ္စုတြင္းသြင္းဂိုးအေရအတြက္ပိုမ်ားတာဆိုလို႔ ျပင္သစ္ဂႏၴဝင္ကစားသမား ပလာတီနီတစ္ဦးသာရွိပါေတာ့တယ္။ ပလာတီနီဟာ ယူ႐ို-၁၉၈၄ၿပိဳင္ပြဲတုန္းက အုပ္စုတြင္းမွာ (၇)ဂိုးအထိသြင္းယူခဲ့ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္မွာေတာ့ (၉)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲစတင္ခ်ိန္ကတည္းက ယူ႐ိုၿပိဳင္ပြဲအႀကိမ္အေရအတြက္ အမ်ားဆုံးကစားခဲ့သူ(၅ႀကိမ္)၊ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမား(၁၄ဂိုး)၊ ယူ႐ိုၿပိဳင္ပြဲ(၅)ႀကိမ္ဆက္ဂိုးသြင္းခဲ့သူ၊ ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ တစ္ပြဲတည္းမွာ ႏွစ္ဂိုးသြင္းခဲ့တဲ့အသက္အႀကီးဆုံးကစားသမားစတဲ့ စံခ်ိန္မွတ္တမ္းေတြ ဆက္တိုက္ရယူခဲ့ၿပီး အခုအခ်ိန္မွာလည္း သြင္းဂိုး(၅)ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနတာေၾကာင့္ ေနာက္ထပ္ ဘယ္လိုစံခ်ိန္ေတြဆက္လက္ရယူဦးမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ . .