ကိုကာကိုလာဘူးနဲ့ ပစ်ပေါက်ခံရတဲ့ စီရော်နယ်ဒို

မနေ့ညက ကစား သွားခဲ့တဲ့ ယူရို အုပ်စု ပွဲစဉ် အပြီးမှာ ရော်နယ်ဒို ဟာ အလီဒါယီ ရဲ့ လက်ရွေးစင် အသင်း သမိုင်း တစ်လျောက် သွင်းဂိုး အများဆုံး စံချိန်ကို လိုက်မီ သွားနိုင်ခဲ့ပါတယ်။

ပြင်သစ်ကို ရင်ဆိုင်ကစားတဲ့ အုပ်စုတွင်း နောက်ဆုံးပွဲမှာ ရော်နယ်ဒိုက သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့တယ်။ သူဟာ ပေါ်တူဂီအသင်းအတွက် ၁၇၆ ပွဲ ကစားရာမှာ ၁၀၉ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ကာ လက်ရွေးစင်အဆင့် ပြိုင်ပွဲတွေမှာ သူ့ထက် ဂိုးပိုသွင်းထားသူ မရှိတော့ပါဘူး။

စံချိန်တင်မင်းသား ရော်နယ်ဒိုဟာကွင်းထဲမှာကံမကောင်းမှုတွေနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။
ဒိုလေးဟာကိုကာကိုလာဗူးနဲ့အထုခံခဲ့ရသလိုကွင်းအတွင်းဝင်ရောက်လာတဲ့သူတစ်ဦးနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။
ဒိုလေးဟာ ဂိုးသွင်း အောင်ပွဲခံချိန်မှာ ကိုလာဘူးနဲ့ ပစ်ပေါက်ခံခဲ့ရတာပါ။

ကွင်းအတွင်းဝင်ရောက်လာတဲ့ပရိသတ်ကိုတော့ လုံခြုံရေးတာဝန်ရှိသူတွေကတားဆီးအကာအကွယ်ပေးနိုင်ခဲ့ပါတယ်။


ရော်နယ်ဒိုဟာကိုလာဘူးအပြင် ခွက်နဲ့လည်း ပစ်ပေါက်ခံခဲ့ရပါသေးတယ်။

ရော်နယ်ဒိုဟာသူ့ကို ကိုကာကိုလာဘူး ၊ ခွက်တွေနဲ့ ထုတာကို သတိကြီးကြီးထားပြီး ရှောင်ကွင်း အောင်ပွဲခံခဲ့ပါတယ်။
ဂျူဗင်တပ်စ်စတားဟာလွန်ခဲ့တဲ့တစ်ပတ်တုန်းကသတင်းစာရှင်းလင်းပွဲမှာ ကိုကာကိုလာနဲ့ ဇာတ်လမ်းရှာ ပြဿနာ ဖြစ်ခဲ့တာပါ။

ဒိုလေးဟာ သတင်းစာရှင်းလင်းပွဲမှာ ကိုကာကိုလာပုလင်းနှစ်ပုလင်းကို ဖယ်ရှားပြီးရေသောက်ကြရန် ပြောကြားပြီးနောက် ပြင်သစ်နှင့်ပွဲမှာ ကိုကာကိုလာဗူးနဲ့အထုခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်ဒို မီးစမွှေးခဲ့တာကြောင့် နောက်ပိုင်းသတင်းစာရှင်းလင်းပွဲတွေမှာ ဘီယာပုလင်း ဖယ်သူ၊ ကိုလာပုလင်း မော့သောက်သူတွေ ရှိလာပါတယ်။

UEFA ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက စပွန်ဆာ ပစ္စည်း ဖယ်ရှားတာကို အရေးယူမယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

Zawgyi

ကိုကာကိုလာဘူးနဲ႔ ပစ္ေပါက္ခံရတဲ့ စီေရာ္နယ္ဒို

မေန႔ညက ကစား သြားခဲ့တဲ့ ယူ႐ို အုပ္စု ပြဲစဥ္ အၿပီးမွာ ေရာ္နယ္ဒို ဟာ အလီဒါယီ ရဲ႕ လက္ေ႐ြးစင္ အသင္း သမိုင္း တစ္ေလ်ာက္ သြင္းဂိုး အမ်ားဆုံး စံခ်ိန္ကို လိုက္မီ သြားႏိုင္ခဲ့ပါတယ္။

ျပင္သစ္ကို ရင္ဆိုင္ကစားတဲ့ အုပ္စုတြင္း ေနာက္ဆုံးပြဲမွာ ေရာ္နယ္ဒိုက သြင္းဂိုး ၂ ဂိုး ရယူႏိုင္ခဲ့တယ္။ သူဟာ ေပၚတူဂီအသင္းအတြက္ ၁၇၆ ပြဲ ကစားရာမွာ ၁၀၉ ဂိုးထိ သြင္းယူႏိုင္ခဲ့ၿပီျဖစ္ကာ လက္ေ႐ြးစင္အဆင့္ ၿပိဳင္ပြဲေတြမွာ သူ႔ထက္ ဂိုးပိုသြင္းထားသူ မရွိေတာ့ပါဘူး။

စံခ်ိန္တင္မင္းသား ေရာ္နယ္ဒိုဟာကြင္းထဲမွာကံမေကာင္းမႈေတြနဲ႔လည္းႀကဳံေတြ႕ခဲ့ရပါတယ္။
ဒိုေလးဟာကိုကာကိုလာဗူးနဲ႔အထုခံခဲ့ရသလိုကြင္းအတြင္းဝင္ေရာက္လာတဲ့သူတစ္ဦးနဲ႔လည္းရင္ဆိုင္ခဲ့ရပါတယ္။
ဒိုေလးဟာ ဂိုးသြင္း ေအာင္ပြဲခံခ်ိန္မွာ ကိုလာဘူးနဲ႔ ပစ္ေပါက္ခံခဲ့ရတာပါ။

ကြင္းအတြင္းဝင္ေရာက္လာတဲ့ပရိသတ္ကိုေတာ့ လုံၿခဳံေရးတာဝန္ရွိသူေတြကတားဆီးအကာအကြယ္ေပးႏိုင္ခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာကိုလာဘူးအျပင္ ခြက္နဲ႔လည္း ပစ္ေပါက္ခံခဲ့ရပါေသးတယ္။

ေရာ္နယ္ဒိုဟာသူ႔ကို ကိုကာကိုလာဘူး ၊ ခြက္ေတြနဲ႔ ထုတာကို သတိႀကီးႀကီးထားၿပီး ေရွာင္ကြင္း ေအာင္ပြဲခံခဲ့ပါတယ္။
ဂ်ဴဗင္တပ္စ္စတားဟာလြန္ခဲ့တဲ့တစ္ပတ္တုန္းကသတင္းစာရွင္းလင္းပြဲမွာ ကိုကာကိုလာနဲ႔ ဇာတ္လမ္းရွာ ျပႆနာ ျဖစ္ခဲ့တာပါ။

ဒိုေလးဟာ သတင္းစာရွင္းလင္းပြဲမွာ ကိုကာကိုလာပုလင္းႏွစ္ပုလင္းကို ဖယ္ရွားၿပီးေရေသာက္ၾကရန္ ေျပာၾကားၿပီးေနာက္ ျပင္သစ္ႏွင့္ပြဲမွာ ကိုကာကိုလာဗူးနဲ႔အထုခံခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္ဒို မီးစေမႊးခဲ့တာေၾကာင့္ ေနာက္ပိုင္းသတင္းစာရွင္းလင္းပြဲေတြမွာ ဘီယာပုလင္း ဖယ္သူ၊ ကိုလာပုလင္း ေမာ့ေသာက္သူေတြ ရွိလာပါတယ္။
UEFA ကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းက စပြန္ဆာ ပစၥည္း ဖယ္ရွားတာကို အေရးယူမယ္လို႔ ထုတ္ျပန္ေၾကျငာထားပါတယ္။