အင်္ဂလန်အသင် းအုပ်စုဗိုလ်အသင်းတွေထဲမှာ သွင်းဂိုးအနည်းဆုံးဆိုတဲ့ စံချိန်ဆိုးတစ်ခုပိုင်ဆိုင်ခဲ့

ယူရို-၂၀၂၀ပြိုင်ပွဲ အုပ်စု(D)နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန်နဲ့ချက်အသင်းတို့ကစားခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းက (၁-ဝ)ဂိုးနဲ့အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အဲဒီပွဲမှာ စိတ်ပျက်စရာကောင်းတဲ့မှတ်တမ်းတွေထွက်ပေါ်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ပွဲအစ(၁၂)မိနစ်မှာ ဂရီးလစ်ရှ်ရဲ့ဖန်တီးပေးမှုကနေ စတာလင်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ဒါဟာ စတာလင်အတွက် လက်ရှိယူရိုပြိုင်ပွဲမှာ ဒုတိယမြောက်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် စတာလင်ဟာ ယူရို-၁၉၉၆ ပြိုင်ပွဲတုန်းက အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးရှီးယားနောက်ပိုင်း ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ဦးဆုံးနှစ်ဂိုးကို သွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ အင်္ဂလန်အသင်းဟာ အုပ်စုတွင်း(၃)ပွဲကစားခဲ့တာမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့သလို ပေးဂိုးလည်းမရှိခဲ့ပေမယ့် တိုက်စစ်စွမ်းဆောင်ရည်က စိတ်ပျက်စရာကောင်းလောက်အောင် နှစ်ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ၁၉၉၆၊ ၂၀၁၂ ပြိုင်ပွဲတွေတုန်းက အုပ်စုပထမနေရာရရှိခဲ့ပြီး အခု တတိယအကြိမ်မြောက်အဖြစ် အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာကြောင့် ဂုဏ်ယူစရာကောင်းခဲ့ပေမယ့်လည်း ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုဗိုလ်အသင်းတွေထဲမှာ သွင်းဂိုးအနည်းဆုံးဆိုတဲ့ စံချိန်ဆိုးတစ်ခုပိုင်ဆိုင်ခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်နဲ့ချက်အသင်းတို့ကစားခဲ့တဲ့ပွဲ ဒုတိယပိုင်းမှာ နှစ်သင်းစလုံးက နောက်တစ်ဆင့်တက်ဖို့သေချာနေပြီဖြစ်လို့ သာမန်လောက်သာကစားခဲ့ကြပြီး ဒုတိယပိုင်းတစ်ပိုင်းလုံး (၈၃)မိနစ်မှာ ချက်အသင်းတိုက်စစ်မှူး ပက်ခ်ဟာ့တ် ဂိုးဧရိယာထိပ်ကနေ ကန်သွင်းတဲ့တစ်ကြိမ်သာ ဂိုးပေါက်ကန်သွင်းမှုရှိခဲ့ပါတယ်။ ယူရိုပွဲစဉ်တစ်ပွဲမှာ ဒုတိယပိုင်းတစ်ပိုင်းလုံး ဂိုးပေါက်ကန်သွင်းချက်တစ်ကြိမ်အတွက် မိနစ်(၄၀)လောက်အထိကြာမြင့်ခဲ့တာက ယူရို-၁၉၈၀ပြိုင်ပွဲနောက်ပိုင်းတစ်ခါမှမရှိခဲ့ဘဲ အခု နှစ်ပေါင်း(၄၀)ကျော်အကြာမှ အင်္ဂလန်-ချက်အသင်းတို့ပွဲမှာ ပထမဆုံးအကြိမ် အဲဒီမှတ်တမ်းဆိုးပြန်လည်ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။

zawgyi

အဂၤလန္အသင္ းအုပ္စုဗိုလ္အသင္းေတြထဲမွာ သြင္းဂိုးအနည္းဆုံးဆိုတဲ့ စံခ်ိန္ဆိုးတစ္ခုပိုင္ဆိုင္ခဲ့

ယူ႐ို-၂၀၂၀ၿပိဳင္ပြဲ အုပ္စု(D)ေနာက္ဆုံးပြဲစဥ္တစ္ပြဲျဖစ္တဲ့ အဂၤလန္နဲ႔ခ်က္အသင္းတို႔ကစားခဲ့တဲ့ပြဲမွာ အဂၤလန္အသင္းက (၁-ဝ)ဂိုးနဲ႔အႏိုင္ရၿပီး အုပ္စုဗိုလ္အျဖစ္နဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ေပမယ့္ အဲဒီပြဲမွာ စိတ္ပ်က္စရာေကာင္းတဲ့မွတ္တမ္းေတြထြက္ေပၚခဲ့ပါတယ္။ အဂၤလန္အသင္းဟာ ပြဲအစ(၁၂)မိနစ္မွာ ဂရီးလစ္ရွ္ရဲ႕ဖန္တီးေပးမႈကေန စတာလင္က ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီး ဒါဟာ စတာလင္အတြက္ လက္ရွိယူ႐ိုၿပိဳင္ပြဲမွာ ဒုတိယေျမာက္သြင္းဂိုးလည္းျဖစ္ခဲ့ပါတယ္။

အဲဒါေၾကာင့္ စတာလင္ဟာ ယူ႐ို-၁၉၉၆ ၿပိဳင္ပြဲတုန္းက အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးရွီးယားေနာက္ပိုင္း ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ ဦးဆုံးႏွစ္ဂိုးကို သြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။ အဂၤလန္အသင္းဟာ အုပ္စုတြင္း(၃)ပြဲကစားခဲ့တာမွာ (၂)ပြဲႏိုင္၊ (၁)ပြဲသေရရလဒ္ထြက္ေပၚခဲ့ၿပီး ရႈံးပြဲမရွိခဲ့သလို ေပးဂိုးလည္းမရွိခဲ့ေပမယ့္ တိုက္စစ္စြမ္းေဆာင္ရည္က စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ႏွစ္ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။

အဂၤလန္အသင္းအေနနဲ႔ ၁၉၉၆၊ ၂၀၁၂ ၿပိဳင္ပြဲေတြတုန္းက အုပ္စုပထမေနရာရရွိခဲ့ၿပီး အခု တတိယအႀကိမ္ေျမာက္အျဖစ္ အုပ္စုပထမေနရာနဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့တာေၾကာင့္ ဂုဏ္ယူစရာေကာင္းခဲ့ေပမယ့္လည္း ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အုပ္စုဗိုလ္အသင္းေတြထဲမွာ သြင္းဂိုးအနည္းဆုံးဆိုတဲ့ စံခ်ိန္ဆိုးတစ္ခုပိုင္ဆိုင္ခဲ့ပါတယ္။

ဒါ့အျပင္ အဂၤလန္နဲ႔ခ်က္အသင္းတို႔ကစားခဲ့တဲ့ပြဲ ဒုတိယပိုင္းမွာ ႏွစ္သင္းစလုံးက ေနာက္တစ္ဆင့္တက္ဖို႔ေသခ်ာေနၿပီျဖစ္လို႔ သာမန္ေလာက္သာကစားခဲ့ၾကၿပီး ဒုတိယပိုင္းတစ္ပိုင္းလုံး (၈၃)မိနစ္မွာ ခ်က္အသင္းတိုက္စစ္မႉး ပက္ခ္ဟာ့တ္ ဂိုးဧရိယာထိပ္ကေန ကန္သြင္းတဲ့တစ္ႀကိမ္သာ ဂိုးေပါက္ကန္သြင္းမႈရွိခဲ့ပါတယ္။ ယူ႐ိုပြဲစဥ္တစ္ပြဲမွာ ဒုတိယပိုင္းတစ္ပိုင္းလုံး ဂိုးေပါက္ကန္သြင္းခ်က္တစ္ႀကိမ္အတြက္ မိနစ္(၄၀)ေလာက္အထိၾကာျမင့္ခဲ့တာက ယူ႐ို-၁၉၈၀ၿပိဳင္ပြဲေနာက္ပိုင္းတစ္ခါမွမရွိခဲ့ဘဲ အခု ႏွစ္ေပါင္း(၄၀)ေက်ာ္အၾကာမွ အဂၤလန္-ခ်က္အသင္းတို႔ပြဲမွာ ပထမဆုံးအႀကိမ္ အဲဒီမွတ္တမ္းဆိုးျပန္လည္ထြက္ေပၚခဲ့တာပဲျဖစ္ပါတယ္။