အင်္ဂလန်အသင်း အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်ခဲ့

ယူရိုအုပ်စု(D)နောက်ဆုံးပွဲတွေအဖြစ် အင်္ဂလန်နဲ့ချက်၊ စကော့တလန်နဲ့ ခရိုအေးရှားအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး အင်္ဂလန်အသင်းက (၁-ဝ)ဂိုး၊ ခရိုအေးရှားအသင်းက စကော့တလန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အင်္ဂလန်အသင်းဟာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်ခဲ့သလို ခရိုအေးရှားက အုပ်စုဒုတိယ၊ ချက်အသင်းက အကောင်းဆုံးအုပ်စုတတိယနေရာတွေနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်လှမ်းခဲ့ကြပါတယ်။

အင်္ဂလန်နဲ့ချက်အသင်းတို့ရဲ့ပွဲမှာ အင်္ဂလန်အသင်းက စတာလင်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ယူပြီး (၃)ပွဲကစား၊ (၂)ပွဲနိုင်၊(၁)ပွဲသရေ ရှုံးပွဲမရှိခဲ့ဘဲ ပေးဂိုးလည်းမရှိခဲ့ပါဘူး။ အင်္ဂလန်အသင်းမှာ ဒဏ်ရာကပြန်သက်သာလာတဲ့ နောက်ခံလူမက်ဂွိုင်းယား ပြန်ကစားနိုင်ပြီဖြစ်သလို ကွင်းလယ်လူဟန်ဒါဆင်လည်း ဒုတိယပိုင်းမှာ လူစားဝင်အဖြစ်ကစားခဲ့ပါတယ်။ ဒီပွဲက ပထမပိုင်းလောက်သာ အပြန်အလှန်ရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ချစ်ကြည်ရေးပွဲလိုမျိုးကစားခဲ့ကြပြီး ဒုတိယပိုင်းတစ်ပိုင်းလုံး နှစ်သင်းပေါင်းဂိုးပေါက်ကန်သွင်းချက်တစ်ကြိမ်သာရှိတဲ့အထိ ဆိုးရွားလွန်းခဲ့ပါတယ်။

အာဆင်နယ်လူငယ်တိုက်စစ်ကစားသမား ဆာကာ(၁၉နှစ်၊ ၂၉၀ရက်)ဟာ ဒီပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ယူရို-၂၀၁၂ ပြိုင်ပွဲတုန်းက ချိန်ဘာလိမ်(၁၈နှစ်၊ ၃၀၁ရက်)နောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံး အာဆင်နယ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဆာကာဟာ တိုက်စစ်ညာခြမ်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အင်္ဂလန်အသင်းရခဲ့တဲ့ဂိုးက သူ့ဆီကနေစတင်ခဲ့တာပါ။

ပွဲချိန်(၁၂)မိနစ်မှာ ညာခြမ်းကနေ ဆာကာ တင်ပေးလိုက်တဲ့ ဘောလုံးကို ဂရီးလစ်ရှ်က ဂိုးရှေ့ပြန်တင်ပေးတာမှာ အသင့်ရှိနေတဲ့ စတာလင်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်ခဲ့တာကြောင့် အုပ်စု(F)က ပြင်သစ်၊ ပေါ်တူဂီ၊ ဂျာမနီတို့ထဲက တစ်သင်းနဲ့ပွဲကျပ်ရင်ဆိုင်ရမှာဖြစ်ပြီး ဝင်ဘလေကွင်းမှာကစားရမှာဖြစ်လို့ အိမ်ကွင်းအားသာချက်တော့ရှိနေပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားအသင်းဟာ စကော့တလန်ကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် အုပ်စုကထွက်ရမယ့်အဖြစ်ဆိုးကနေ ရှောင်လွှဲနိုင်ခဲ့သလို ဒုတိယနေရာကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။ စကော့တလန်အသင်းဟာ ကိုယ့်ကွင်းမှာကစားရတာဖြစ်ပေမယ့် နိုင်ပွဲမယူနိုင်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေလှည့်ပြန်ခဲ့ရပြီဖြစ်ပြီး ဒါဟာ အသင်းသမိုင်းတစ်လျှောက် ယူရို/ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်းမှာ စကော့တလန်အသင်း (၁၁)ကြိမ်စလုံးအုပ်စုအဆင့်က ထွက်ခဲ့ရတာပါ/အုပ်စုဒုတိယရခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်မှာ အုပ်စု(E)ဒုတိယရတဲ့အသင်းနဲ့ ဆုံတွေ့ရမှာလည်းဖြစ်ပါတယ်။

zawgyi

အဂၤလန္အသင္း အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္တစ္ဆင့္တက္ခဲ့

ယူ႐ိုအုပ္စု(D)ေနာက္ဆုံးပြဲေတြအျဖစ္ အဂၤလန္နဲ႔ခ်က္၊ စေကာ့တလန္နဲ႔ ခ႐ိုေအးရွားအသင္းတို႔ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး အဂၤလန္အသင္းက (၁-ဝ)ဂိုး၊ ခ႐ိုေအးရွားအသင္းက စေကာ့တလန္အသင္းကို (၃-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ အဂၤလန္အသင္းဟာ အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္တစ္ဆင့္တက္ခဲ့သလို ခ႐ိုေအးရွားက အုပ္စုဒုတိယ၊ ခ်က္အသင္းက အေကာင္းဆုံးအုပ္စုတတိယေနရာေတြနဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္လွမ္းခဲ့ၾကပါတယ္။

အဂၤလန္နဲ႔ခ်က္အသင္းတို႔ရဲ႕ပြဲမွာ အဂၤလန္အသင္းက စတာလင္ရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔အႏိုင္ယူၿပီး (၃)ပြဲကစား၊ (၂)ပြဲႏိုင္၊(၁)ပြဲသေရ ရႈံးပြဲမရွိခဲ့ဘဲ ေပးဂိုးလည္းမရွိခဲ့ပါဘူး။ အဂၤလန္အသင္းမွာ ဒဏ္ရာကျပန္သက္သာလာတဲ့ ေနာက္ခံလူမက္ဂြိဳင္းယား ျပန္ကစားႏိုင္ၿပီျဖစ္သလို ကြင္းလယ္လူဟန္ဒါဆင္လည္း ဒုတိယပိုင္းမွာ လူစားဝင္အျဖစ္ကစားခဲ့ပါတယ္။ ဒီပြဲက ပထမပိုင္းေလာက္သာ အျပန္အလွန္ရွိခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းစလုံး ခ်စ္ၾကည္ေရးပြဲလိုမ်ိဳးကစားခဲ့ၾကၿပီး ဒုတိယပိုင္းတစ္ပိုင္းလုံး ႏွစ္သင္းေပါင္းဂိုးေပါက္ကန္သြင္းခ်က္တစ္ႀကိမ္သာရွိတဲ့အထိ ဆိုး႐ြားလြန္းခဲ့ပါတယ္။

အာဆင္နယ္လူငယ္တိုက္စစ္ကစားသမား ဆာကာ(၁၉ႏွစ္၊ ၂၉၀ရက္)ဟာ ဒီပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ယူ႐ို-၂၀၁၂ ၿပိဳင္ပြဲတုန္းက ခ်ိန္ဘာလိမ္(၁၈ႏွစ္၊ ၃၀၁ရက္)ေနာက္ပိုင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ပြဲထြက္ခြင့္ရခဲ့တဲ့ ဒုတိယေျမာက္အသက္အငယ္ဆုံး အာဆင္နယ္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ ဆာကာဟာ တိုက္စစ္ညာျခမ္းမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး အဂၤလန္အသင္းရခဲ့တဲ့ဂိုးက သူ႔ဆီကေနစတင္ခဲ့တာပါ။

ပြဲခ်ိန္(၁၂)မိနစ္မွာ ညာျခမ္းကေန ဆာကာ တင္ေပးလိုက္တဲ့ ေဘာလုံးကို ဂရီးလစ္ရွ္က ဂိုးေရွ႕ျပန္တင္ေပးတာမွာ အသင့္ရွိေနတဲ့ စတာလင္က ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။ အဂၤလန္အသင္းဟာ အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္တစ္ဆင့္တက္ခဲ့တာေၾကာင့္ အုပ္စု(F)က ျပင္သစ္၊ ေပၚတူဂီ၊ ဂ်ာမနီတို႔ထဲက တစ္သင္းနဲ႔ပြဲက်ပ္ရင္ဆိုင္ရမွာျဖစ္ၿပီး ဝင္ဘေလကြင္းမွာကစားရမွာျဖစ္လို႔ အိမ္ကြင္းအားသာခ်က္ေတာ့ရွိေနပါတယ္။

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဒုတိယရခဲ့တဲ့ ခ႐ိုေအးရွားအသင္းဟာ စေကာ့တလန္ကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ အုပ္စုကထြက္ရမယ့္အျဖစ္ဆိုးကေန ေရွာင္လႊဲႏိုင္ခဲ့သလို ဒုတိယေနရာကိုပါ ပိုင္ဆိုင္ခဲ့ပါတယ္။ စေကာ့တလန္အသင္းဟာ ကိုယ့္ကြင္းမွာကစားရတာျဖစ္ေပမယ့္ ႏိုင္ပြဲမယူႏိုင္ခဲ့တာေၾကာင့္ အုပ္စုအဆင့္ကေနလွည့္ျပန္ခဲ့ရၿပီျဖစ္ၿပီး ဒါဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ယူ႐ို/ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္းမွာ စေကာ့တလန္အသင္း (၁၁)ႀကိမ္စလုံးအုပ္စုအဆင့္က ထြက္ခဲ့ရတာပါ။ အုပ္စုဒုတိယရခဲ့တဲ့ ခ႐ိုေအးရွားအသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အုပ္စု(E)ဒုတိယရတဲ့အသင္းနဲ႔ ဆုံေတြ႕ရမွာလည္းျဖစ္ပါတယ္။