သွင်းဂိုးရော၊ ဂိုးဖန်တီးမှုရောပါ မလုပ်နိုင်ခဲ့ဘဲနဲ့ ဘူကာယိုဆာကာ တစ်ယောက် အင်္ကျီ ချွတ်အောင်ပွဲ ခံခဲ့

မနေ့ညက အင်္ဂလန်အသင်း နဲ့ ချက်ဇ်အသင်း တို့ရဲ့ ယူရိုအုပ်စု နောက်ဆုံးပွဲစဉ်မှာတော့ အင်္ဂလန်တို့ဟာ စတာလင်း ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်သွင်းဂိုး နဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဂရေးလစ်ရှ်က လှပသေသပ်စွာ ဂိုးဖန်တီးပေးခဲ့ကာ ၊ စတာလင်း က ပြေးဝင် ခေါင်းတိုက်ခဲ့တဲ့ အင်္ဂလန်ရဲ့ တစ်လုံးတည်းသော အနိုင်သွင်းဂိုးအပြီးမှာ ကစားသမားတွေစုကာ အောင်ပွဲခံစဉ်မှာပဲ ဘူကာယိုဆာကာ တစ်ယောက် အင်္ကျီချွတ်ပြီး အောင်ပွဲခံတဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။

တချို့ပရိသတ်တွေက သွင်းဂိုးရော၊ ဂိုးဖန်တီးမှုရောပါ မလုပ်နိုင်ခဲ့ဘဲနဲ့ ဘူကာယိုဆာကာ တစ်ယောက် ဘာကြောင့် အင်္ကျီ ချွတ်အောင်ပွဲ ခံခဲ့ရတာလဲ ဆိုပြီးစဉ်းစားခန်းဖွင့်ကြပါတယ်။ တကယ်ကတော့ ဆာကာ ဟာအင်္ကျီ ချွတ် အောင်ပွဲခံခဲ့တာ မဟုတ်ပါဘူး။ ဆာကာ အနေနဲ့ အင်္ဂလန်ဂျာစီ အောက်က ဆင်မြန်းထားခဲ့တဲ့ သူ့ရဲ့ အောက်ခံအင်္ကျီ ကို ချွတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ရုပ်သံမှတ်တမ်းအချို့အရ သိရပါတယ်။

ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ လူငယ် တောင်ပံကစားသမား ဆာကာကတော့ သူတို့အသင်းဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်ကြောင်း ပွဲအပြီးမှာ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

ဆာကာက “၁၆သင်းအဆင့် ပွဲစဉ်ကို ဝင်ဘာလေကွင်းထဲမှာ ကစားရမှာက တကယ်ကို ကောင်းပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အိမ်ကွင်းပါ။ ဝင်ဘာလေကွင်းထဲမှာ ကျွန်တော်တို့တွေ ပွဲစဉ်ပေါင်း များစွာကို အနိုင်ယူခဲ့ကြပါတယ်။ ဒါကြောင့် ဝင်ဘာလေကွင်းမှာ ကစားရတာက တကယ့်ကို ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ဘယ်အသင်းပဲဖြစ်ဖြစ် ကျွန်တော်တို့က သူတို့ကို အနိုင်ယူနိုင်ပါတယ်” လို့ ပြောကြား ထားပါတယ်။

အင်္ဂလန်အသင်းက ချက်အသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့အပြီးမှာ အင်္ဂလန် အသင်းဟာ အုပ်စု D ရဲ့ ပထမနေရာ ကနေ ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ကာ ၁၆သင်းအဆင့်မှာတော့ အုပ်စု Fရဲ့ ဒုတိယနေရာက အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi

သြင္းဂိုးေရာ၊ ဂိုးဖန္တီးမႈေရာပါ မလုပ္ႏိုင္ခဲ့ဘဲနဲ႔ ဘူကာယိုဆာကာ တစ္ေယာက္ အက်ႌ ခြၽတ္ေအာင္ပြဲ ခံခဲ့

မေန႔ညက အဂၤလန္အသင္း နဲ႔ ခ်က္ဇ္အသင္း တို႔ရဲ႕ ယူ႐ိုအုပ္စု ေနာက္ဆုံးပြဲစဥ္မွာေတာ့ အဂၤလန္တို႔ဟာ စတာလင္း ရဲ႕ တစ္လုံးတည္းေသာ ေခါင္းတိုက္သြင္းဂိုး နဲ႔ အႏိုင္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ဂေရးလစ္ရွ္က လွပေသသပ္စြာ ဂိုးဖန္တီးေပးခဲ့ကာ ၊ စတာလင္း က ေျပးဝင္ ေခါင္းတိုက္ခဲ့တဲ့ အဂၤလန္ရဲ႕ တစ္လုံးတည္းေသာ အႏိုင္သြင္းဂိုးအၿပီးမွာ ကစားသမားေတြစုကာ ေအာင္ပြဲခံစဥ္မွာပဲ ဘူကာယိုဆာကာ တစ္ေယာက္ အက်ႌခြၽတ္ၿပီး ေအာင္ပြဲခံတဲ့ အေနအထားမ်ိဳး ျဖစ္ခဲ့ပါတယ္။

တခ်ိဳ႕ပရိသတ္ေတြက သြင္းဂိုးေရာ၊ ဂိုးဖန္တီးမႈေရာပါ မလုပ္ႏိုင္ခဲ့ဘဲနဲ႔ ဘူကာယိုဆာကာ တစ္ေယာက္ ဘာေၾကာင့္ အက်ႌ ခြၽတ္ေအာင္ပြဲ ခံခဲ့ရတာလဲ ဆိုၿပီးစဥ္းစားခန္းဖြင့္ၾကပါတယ္။ တကယ္ကေတာ့ ဆာကာ ဟာအက်ႌ ခြၽတ္ ေအာင္ပြဲခံခဲ့တာ မဟုတ္ပါဘူး။ ဆာကာ အေနနဲ႔ အဂၤလန္ဂ်ာစီ ေအာက္က ဆင္ျမန္းထားခဲ့တဲ့ သူ႔ရဲ႕ ေအာက္ခံအက်ႌ ကို ခြၽတ္ခဲ့ျခင္းသာ ျဖစ္ေၾကာင္း ႐ုပ္သံမွတ္တမ္းအခ်ိဳ႕အရ သိရပါတယ္။

ပြဲစဥ္ရဲ႕ အေကာင္းဆုံး ကစားသမားဆုကို ရခဲ့တဲ့ အဂၤလန္အသင္းရဲ႕ လူငယ္ ေတာင္ပံကစားသမား ဆာကာကေတာ့ သူတို႔အသင္းဟာ ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာ ဘယ္အသင္းကိုမဆို အႏိုင္ယူႏိုင္ေၾကာင္း ပြဲအၿပီးမွာ ႀကဳံးဝါးေျပာဆိုသြားခဲ့ပါတယ္။

ဆာကာက “၁၆သင္းအဆင့္ ပြဲစဥ္ကို ဝင္ဘာေလကြင္းထဲမွာ ကစားရမွာက တကယ္ကို ေကာင္းပါတယ္။ အဲဒါက ကြၽန္ေတာ္တို႔ရဲ႕ အိမ္ကြင္းပါ။ ဝင္ဘာေလကြင္းထဲမွာ ကြၽန္ေတာ္တို႔ေတြ ပြဲစဥ္ေပါင္း မ်ားစြာကို အႏိုင္ယူခဲ့ၾကပါတယ္။ ဒါေၾကာင့္ ဝင္ဘာေလကြင္းမွာ ကစားရတာက တကယ့္ကို ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ၿပိဳင္ဘက္က ဘယ္အသင္းပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔က သူတို႔ကို အႏိုင္ယူႏိုင္ပါတယ္” လို႔ ေျပာၾကား ထားပါတယ္။

အဂၤလန္အသင္းက ခ်က္အသင္းကို ၁-၀ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရခဲ့အၿပီးမွာ အဂၤလန္ အသင္းဟာ အုပ္စု D ရဲ႕ ပထမေနရာ ကေန ၁၆သင္းအဆင့္ကို တက္လွမ္းႏိုင္ခဲ့ကာ ၁၆သင္းအဆင့္မွာေတာ့ အုပ္စု Fရဲ႕ ဒုတိယေနရာက အသင္းနဲ႔ ကစားရမွာပဲ ျဖစ္ပါတယ္။