လုခ်ရှောကသာ ယူနိုက်တက် အသင်းခေါင်းဆောင် နေရာမှာ ရှိသင့်တယ်လို့ ဝိန်းရူနီက ပြော

ယူနိုက်တက်အသင်းမှာ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်နေရာမှာ ရှိမနေသင့်ဘူးလို့ ဝိန်းရူနီက ပြောကြားခဲ့ပြီး။ လက်ရှိကစားသမားတွေထဲမှာ လုခ်ရှောကသာ အသင်းခေါင်းဆောင် နေရာမှာ ရှိသင့်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ခေါင်းဆောင်ဟောင်း ဝိန်းရူနီဟာ နည်းပြဖာဂူဆန်လက်ထက်မှာ အဲဗာတန်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့သလို ဂန္တဝင်ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ ဖာဂူဆန်အနားယူသွားခဲ့ပြီးနောက်ပိုင်း နည်းပြတွေနဲ့အချိန်မှာလည်း သူဟာ တိုက်စစ်မှူးတစ်ဦးအနေနဲ့သာမက ကွင်းထဲမှာနေရာစုံကနေ အသင်းကို ပေးဆပ်မှုကြီးခဲ့တာကြောင့် ပရိသတ်တွေက ရူနီရဲ့ပေးဆပ်နိုင်မှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်လူးဝစ်ဗန်ဂေါ လက်ထက်မှာ အသင်းခေါင်းဆောင် ဗီဒစ် အသင်းက ထွက်ခွာသွားချိန်မှာ သူဟာ ယူနိုက်တက်အသင်းရဲ့အသင်း ခေါင်းဆောင်နေရာကိုလွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။ ဒါကြောင့် သူက ယူနိုက်တက်အသင်းခေါင်းဆောင်နေရာ ကို အသင်းသားတွေအတွက် ပြောရဲဆိုရဲ၊ တာဝန်ယူရဲတဲ့သူကိုသာ တာဝန်ပေးစေချင်တယ်လို့ ပြောကြားခဲ့တာပါ။

အသင်းခေါင်းဆောင် အက်ရှလေယန်းနေရာကို ဆက်ခံခဲ့တဲ့ မက်ဂွိုင်းယားဟာ ဂရိမှာ ကြုံခဲ့တဲ့ ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ ရာသီက တစ်ချို့ပွဲတွေမှာ ကွင်းထဲမှာ စိတ်တွေမတည်ငြိမ်ခဲ့တာတွေ့ရသလို အသင်းခေါင်းဆောင် တာဝန်ကို မကျေပွန်မှုတွေရှိခဲ့ပါတယ်။ ယူနိုက်တက် အသင်းသားတွေကို ပြိုင်ဘက်တွေက ဥပဒေပ ကစားလာချိန်မှာ ကွင်းလယ်ဒိုင် ကိုဖိအားပေးမပြောဆိုနိုင်တာ၊ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှား တွေနဲ့ရင်ဆိုင်နေချိန်မှာ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကို မလုပ်နိုင်တာတွေကြောင့် ဝိန်းရူနီက နည်းပြဆိုးရှားလ်ကို အသင်းခေါင်းဆောင် နောက်တစ်ယောက်ပြောင်းဖို့ အကြံပေးခဲ့တာလည်းဖြစ်ပါတယ်။

ရူနီက “မက်ဂွိုင်းယား က ယူနိက်တက်မှာ တာဝန်မဲ့ဆုံးကစားသမားပါ။ သူ့ထက် အသင်းခေါင်းဆောင်နေရာကို ပိုထိုက်တန်တဲ့သူက ဘရူနိုပါ။ ဒါပေမဲ့ ဘရူနိုကလည်း အာရုံတွေထွေပြားလွယ်ပါတယ်။ ကျွန်တော်က အခုရှိနေတဲ့သူတွေထဲမှာ အေးဆေးတည်ငြိမ်ပြီး ညွှန်ကြားနိုင်စွမ်း ထိမ်းကျောင်းနိုင်စွမ်းကောင်းတွေရှိတဲ့ လုရှောကို အသင်းခေါင်းဆောင်နေရာ ပေးသင့်တယ်လို့မြင်ပါတယ်။ ပရိတ်သတ်တွေကလည်း လုခ်ရှောကို အသင်းခေါင်းဆောင်ခန့်မယ်ဆို နှစ်သက်ကြပါလိမ့်မယ် ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi

လုခ္ေရွာကသာ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ ေနရာမွာ ရွိသင့္တယ္လို႔ ဝိန္း႐ူနီက ေျပာ

ယူႏိုက္တက္အသင္းမွာ မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္ေနရာမွာ ရွိမေနသင့္ဘူးလို႔ ဝိန္း႐ူနီက ေျပာၾကားခဲ့ၿပီး။ လက္ရွိကစားသမားေတြထဲမွာ လုခ္ေရွာကသာ အသင္းေခါင္းေဆာင္ ေနရာမွာ ရွိသင့္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ေခါင္းေဆာင္ေဟာင္း ဝိန္း႐ူနီဟာ နည္းျပဖာဂူဆန္လက္ထက္မွာ အဲဗာတန္အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အသင္းမွာ ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ့သလို ဂႏၲဝင္ကစားသမားတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။ ဖာဂူဆန္အနားယူသြားခဲ့ၿပီးေနာက္ပိုင္း နည္းျပေတြနဲ႔အခ်ိန္မွာလည္း သူဟာ တိုက္စစ္မႉးတစ္ဦးအေနနဲ႔သာမက ကြင္းထဲမွာေနရာစုံကေန အသင္းကို ေပးဆပ္မႈႀကီးခဲ့တာေၾကာင့္ ပရိသတ္ေတြက ႐ူနီရဲ႕ေပးဆပ္ႏိုင္မႈကို အသိအမွတ္ျပဳခဲ့ၾကပါတယ္။ ၂၀၁၄ ခုႏွစ္လူးဝစ္ဗန္ေဂါ လက္ထက္မွာ အသင္းေခါင္းေဆာင္ ဗီဒစ္ အသင္းက ထြက္ခြာသြားခ်ိန္မွာ သူဟာ ယူႏိုက္တက္အသင္းရဲ႕အသင္း ေခါင္းေဆာင္ေနရာကိုလႊဲေျပာင္းတာဝန္ယူခဲ့ပါတယ္။ ဒါေၾကာင့္ သူက ယူႏိုက္တက္အသင္းေခါင္းေဆာင္ေနရာ ကို အသင္းသားေတြအတြက္ ေျပာရဲဆိုရဲ၊ တာဝန္ယူရဲတဲ့သူကိုသာ တာဝန္ေပးေစခ်င္တယ္လို႔ ေျပာၾကားခဲ့တာပါ။

အသင္းေခါင္းေဆာင္ အက္ရွေလယန္းေနရာကို ဆက္ခံခဲ့တဲ့ မက္ဂြိဳင္းယားဟာ ဂရိမွာ ႀကဳံခဲ့တဲ့ ျပႆနာေတြေၾကာင့္ ၿပီးခဲ့တဲ့ ရာသီက တစ္ခ်ိဳ႕ပြဲေတြမွာ ကြင္းထဲမွာ စိတ္ေတြမတည္ၿငိမ္ခဲ့တာေတြ႕ရသလို အသင္းေခါင္းေဆာင္ တာဝန္ကို မေက်ပြန္မႈေတြရွိခဲ့ပါတယ္။ ယူႏိုက္တက္ အသင္းသားေတြကို ၿပိဳင္ဘက္ေတြက ဥပေဒပ ကစားလာခ်ိန္မွာ ကြင္းလယ္ဒိုင္ ကိုဖိအားေပးမေျပာဆိုႏိုင္တာ၊ ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္အမွား ေတြနဲ႔ရင္ဆိုင္ေနခ်ိန္မွာ ျပင္းထန္တဲ့ ဖိအားေပးမႈေတြကို မလုပ္ႏိုင္တာေတြေၾကာင့္ ဝိန္း႐ူနီက နည္းျပဆိုးရွားလ္ကို အသင္းေခါင္းေဆာင္ ေနာက္တစ္ေယာက္ေျပာင္းဖို႔ အႀကံေပးခဲ့တာလည္းျဖစ္ပါတယ္။

႐ူနီက “မက္ဂြိဳင္းယား က ယူနိက္တက္မွာ တာဝန္မဲ့ဆုံးကစားသမားပါ။ သူ႔ထက္ အသင္းေခါင္းေဆာင္ေနရာကို ပိုထိုက္တန္တဲ့သူက ဘ႐ူႏိုပါ။ ဒါေပမဲ့ ဘ႐ူႏိုကလည္း အာ႐ုံေတြေထြျပားလြယ္ပါတယ္။ ကြၽန္ေတာ္က အခုရွိေနတဲ့သူေတြထဲမွာ ေအးေဆးတည္ၿငိမ္ၿပီး ၫႊန္ၾကားႏိုင္စြမ္း ထိမ္းေက်ာင္းႏိုင္စြမ္းေကာင္းေတြရွိတဲ့ လုေရွာကို အသင္းေခါင္းေဆာင္ေနရာ ေပးသင့္တယ္လို႔ျမင္ပါတယ္။ ပရိတ္သတ္ေတြကလည္း လုခ္ေရွာကို အသင္းေခါင္းေဆာင္ခန႔္မယ္ဆို ႏွစ္သက္ၾကပါလိမ့္မယ္ ” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။