ရွှေရောင်နေ့ရက်တွေမဝေးတော့တဲ့ ရော်ဘင်ဂိုဆန်

ဒတ်လူမျိုး ဖခင်နဲ့ ဂျာမန်မိခင်တို့ကမွေးဖွားလာခဲ့တဲ့ ရော်ဘင်ဂိုဆန်ဟာ ဒေါ့မွန်မှာ ကစားသမားဘဝစတင်နိုင်ဖို့ စမ်းသပ် လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် သူ့ကို အသင်းဘက်က အရည်အချင်းမပြည့်မီဘူးလို့ မှတ်ချက်ပေးခဲ့ပြီး ရွေးချယ်မှုကိုမခံခဲ့ရပါဘူး။ သူ့ဘဝရဲ့ ဆယ်ကျော်သက်အရွယ်ဟာလည်း သက်သောင့်သက်သာ အနေအထားမဟုတ်ခဲ့ပါဘူး။ ၁၇ နှစ်အရွယ် မှာ ဓာတ်ဆိုင်ဆီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ ပြီး ညပိုင်းမှာလည်း သူဟာ ဒစ္စကိုကလပ်ထဲက အကသမားတစ်ယောက် အနေနဲ့ လုပ်ကိုင်ခဲ့ရသူပါ။

အသက် ၁၈ နှစ်မှာ သူဟာ နယ်သာလန်ကလပ် ဗီတက်ဆီ မှာ ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်ခဲ့ပေမယ့် သူ့ကို နယ်သာလန် ဒုတိယတန်းက FC Dordrecht အသင်းဆီကို အငှားချခဲ့ပါတယ်။ ၂၀၁၄-၁၅ ဘောလုံးရာသီ ၂ခုမှာ သူဟာ FC Dordrecht အသင်းမှာ ကစားခဲ့ပြီး (၄၇)ပွဲ ကစားခွင့်ရခဲ့ကာ သွင်းဂိုး (၃)ဂိုး သွင်းယူခဲ့ပါတယ်။ သူ့ရဲ့ မိခင်ကလပ် ဗီတက်ဆီမှာတော့ သူဟာ အသင်းသားတစ်ယောက်အနေနဲ့ (၁) ပွဲမှ မကစားခဲ့လိုက်ရဘူး။

၂၀၁၅ ဘောလုံးရာသီမှာ တော့ သူဟာ Heracles Almelo အသင်းကို ပြောင်းရွှေ့ခဲ့ပြီး (၂)ရာသီကစားခဲ့ပါတယ်။ ပွဲထွက်ခွင့်လည်း (၂)နှစ်အတွင်း အကြိမ် (၆၀) အထိ ရခဲ့ပြီး သွင်းဂိုး (၄)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒတ်အသင်းတွေမှာပဲ ကစားနေခဲ့တဲ့ ရော်ဘင်ဂိုဆန်ဟာ ၂၀၁၇ခုနှစ်မှာ တော့သူဟာ အီတလီကလပ် အတ္တလန်တာ အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပွဲထွက်ကစားခွင့်တွေရရှိလာခဲ့သလို (၄)ရာသီ အတွင်း ပွဲပေါင်း (၁၁၅)ပွဲကစားခဲ့ကာ ၂၄ ဂိုးသွင်းယူခဲ့ပါတယ်။

မနှစ်က အတ္တလန်တာ အသင်းနဲ့ ဂျူဗင်တပ်တို့ ပွဲအပြီးမှာ စီရော်နယ်ဒိုဆီက သူဟာ အင်္ကျီတောင်းခဲ့ပေမယ့် စီရော်နယ်ဒိုရဲ့ ငြင်းဆိုခြင်းကို ခံခဲ့ရပါတယ်။ ဒီနှစ်ယူရို ပြိုင်ပွဲမှာတော့ သူဟာ စီရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းကို ဂျာမနီအသင်းသားတစ်ယော်အနေနဲ့ ရင်ဆိုင်ခဲ့ပြီး သွင်းဂိုး(၁)ဂိုးသွင်းယူ ခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်ခဲ့ကာ ပေါ်တူဂီအသင်းကို အနိုင်ကစားခဲ့ပါတယ်။

ပွဲပြီးမီဒီယာတွေအရှေ့မှာ သူဟာ စီရော်နယ်ဒိုနဲ့ ပတ်သက်လို့ သူ့စိတ်မှာ ရှိနေတဲ့ အရိပ်ဆိုးကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ သူဟာ ဘဝမှာ အကြိမ်ပေါင်းများစွာ ခက်ခဲမှုတွေ၊ လျစ်လျူရှုခံရတာတွေနဲ့ ကြုံခဲ့ပေမယ့် စီရော်နယ်ဒိုဆီက ဂျူဗင်တပ် အင်္ကျီတောင်းခံခဲ့ချိန်မှာ အငြင်းခံခဲ့ရတာက သူ့အတွက် အရမ်းကို သိမ်ငယ်မှုဖြစ်စေခဲ့ပါတယ်လို့ မီဒီယာတွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။

သူဟာ ပေါ်တူဂီနဲ့ပွဲမှာ star of the match ဆုကို ရရှိခဲ့ပါသေးတယ်။ မနှစ်ကတည်းက အတ္တလန်တာမှာ ကစားခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကို သဘောကျပြီးစောင့်ကြည့်နေတဲ့ အသင်းတွေရှိလာနေပေမယ့် ဈေးကွက်ထဲမှာ တန်ဖိုးမြင့်ကစားသမားတစ်ဦးအနေနဲ့တော့ မဖြစ်လာသေးပါဘူး။ တစ်ကယ်လို့သာ ဂျာမနီအသင်းအနေနဲ့ အုပ်စုအဆင့်ကို ကျော်လွန်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့တန်ဖိုးဟာ ပိုတက်လာမှာသေချာပါတယ်။

အခက်အခဲတွေ ငြင်းဆန်ခံရတာတွေနဲ့ ဘဝရဲ့ ဆယ်ကျော်သက်အရွယ်မှာ အောင်မြင်မှုတွေမရရှိခဲ့ပေမယ့် အခု သူ့ရဲ့ (၂၆)နှစ်အရွယ်မှာတော့ အောင်မြင်ဖို့လမ်းစတွေရှိလာခဲ့ပါပြီ။ မီဒီယာတွေကလည်း သူ့အကြောင်းကို ဖော်ပြလာခဲ့တာတွေကြောင့် ပရိသတ်တွေကလည်း ပိုပြီးသတိထားမိလာတာက သူ့ရဲ့ ရွှေရောင်နေ့ရက်တွေမဝေးတော့ဘူးလို့ ဆိုခြင်ပါတယ်။

zawgyi

ေ႐ႊေရာင္ေန႔ရက္ေတြမေဝးေတာ့တဲ့ ေရာ္ဘင္ဂိုဆန္

ဒတ္လူမ်ိဳး ဖခင္နဲ႔ ဂ်ာမန္မိခင္တို႔ကေမြးဖြားလာခဲ့တဲ့ ေရာ္ဘင္ဂိုဆန္ဟာ ေဒါ့မြန္မွာ ကစားသမားဘဝစတင္ႏိုင္ဖို႔ စမ္းသပ္ ေလ့က်င့္ခန္းဆင္းခဲ့ေပမယ့္ သူ႔ကို အသင္းဘက္က အရည္အခ်င္းမျပည့္မီဘူးလို႔ မွတ္ခ်က္ေပးခဲ့ၿပီး ေ႐ြးခ်ယ္မႈကိုမခံခဲ့ရပါဘူး။

သူ႔ဘဝရဲ႕ ဆယ္ေက်ာ္သက္အ႐ြယ္ဟာလည္း သက္ေသာင့္သက္သာ အေနအထားမဟုတ္ခဲ့ပါဘူး။ ၁၇ ႏွစ္အ႐ြယ္ မွာ ဓာတ္ဆိုင္ဆီမွာ ဝင္ေရာက္လုပ္ကိုင္ခဲ့ ၿပီး ညပိုင္းမွာလည္း သူဟာ ဒစၥကိုကလပ္ထဲက အကသမားတစ္ေယာက္ အေနနဲ႔ လုပ္ကိုင္ခဲ့ရသူပါ။

အသက္ ၁၈ ႏွစ္မွာ သူဟာ နယ္သာလန္ကလပ္ ဗီတက္ဆီ မွာ ပေရာ္ဖက္ရွင္နယ္ ကစားသမား ျဖစ္ခဲ့ေပမယ့္ သူ႔ကို နယ္သာလန္ ဒုတိယတန္းက FC Dordrecht အသင္းဆီကို အငွားခ်ခဲ့ပါတယ္။ ၂၀၁၄-၁၅ ေဘာလုံးရာသီ ၂ခုမွာ သူဟာ FC Dordrecht အသင္းမွာ ကစားခဲ့ၿပီး (၄၇)ပြဲ ကစားခြင့္ရခဲ့ကာ သြင္းဂိုး (၃)ဂိုး သြင္းယူခဲ့ပါတယ္။ သူ႔ရဲ႕ မိခင္ကလပ္ ဗီတက္ဆီမွာေတာ့ သူဟာ အသင္းသားတစ္ေယာက္အေနနဲ႔ (၁) ပြဲမွ မကစားခဲ့လိုက္ရဘူး။

၂၀၁၅ ေဘာလုံးရာသီမွာ ေတာ့ သူဟာ Heracles Almelo အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး (၂)ရာသီကစားခဲ့ပါတယ္။ ပြဲထြက္ခြင့္လည္း (၂)ႏွစ္အတြင္း အႀကိမ္ (၆၀) အထိ ရခဲ့ၿပီး သြင္းဂိုး (၄)ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ဒတ္အသင္းေတြမွာပဲ ကစားေနခဲ့တဲ့ ေရာ္ဘင္ဂိုဆန္ဟာ ၂၀၁၇ခုႏွစ္မွာ ေတာ့သူဟာ အီတလီကလပ္ အတၱလန္တာ အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ပြဲထြက္ကစားခြင့္ေတြရရွိလာခဲ့သလို (၄)ရာသီ အတြင္း ပြဲေပါင္း (၁၁၅)ပြဲကစားခဲ့ကာ ၂၄ ဂိုးသြင္းယူခဲ့ပါတယ္။

မႏွစ္က အတၱလန္တာ အသင္းနဲ႔ ဂ်ဴဗင္တပ္တို႔ ပြဲအၿပီးမွာ စီေရာ္နယ္ဒိုဆီက သူဟာ အက်ႌေတာင္းခဲ့ေပမယ့္ စီေရာ္နယ္ဒိုရဲ႕ ျငင္းဆိုျခင္းကို ခံခဲ့ရပါတယ္။ ဒီႏွစ္ယူ႐ို ၿပိဳင္ပြဲမွာေတာ့ သူဟာ စီေရာ္နယ္ဒိုရဲ႕ေပၚတူဂီအသင္းကို ဂ်ာမနီအသင္းသားတစ္ေယာ္အေနနဲ႔ ရင္ဆိုင္ခဲ့ၿပီး သြင္းဂိုး(၁)ဂိုးသြင္းယူ ခဲ့သလို ဂိုးဖန္တီးမႈတစ္ႀကိမ္လည္း ျပဳလုပ္ခဲ့ကာ ေပၚတူဂီအသင္းကို အႏိုင္ကစားခဲ့ပါတယ္။

ပြဲၿပီးမီဒီယာေတြအေရွ႕မွာ သူဟာ စီေရာ္နယ္ဒိုနဲ႔ ပတ္သက္လို႔ သူ႔စိတ္မွာ ရွိေနတဲ့ အရိပ္ဆိုးကို ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ သူဟာ ဘဝမွာ အႀကိမ္ေပါင္းမ်ားစြာ ခက္ခဲမႈေတြ၊ လ်စ္လ်ဴရႈခံရတာေတြနဲ႔ ႀကဳံခဲ့ေပမယ့္ စီေရာ္နယ္ဒိုဆီက ဂ်ဴဗင္တပ္ အက်ႌေတာင္းခံခဲ့ခ်ိန္မွာ အျငင္းခံခဲ့ရတာက သူ႔အတြက္ အရမ္းကို သိမ္ငယ္မႈျဖစ္ေစခဲ့ပါတယ္လို႔ မီဒီယာေတြကို ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

သူဟာ ေပၚတူဂီနဲ႔ပြဲမွာ star of the match ဆုကို ရရွိခဲ့ပါေသးတယ္။ မႏွစ္ကတည္းက အတၱလန္တာမွာ ကစားခဲ့တဲ့ သူ႔ရဲ႕ေျခစြမ္းကို သေဘာက်ၿပီးေစာင့္ၾကည့္ေနတဲ့ အသင္းေတြရွိလာေနေပမယ့္ ေဈးကြက္ထဲမွာ တန္ဖိုးျမင့္ကစားသမားတစ္ဦးအေနနဲ႔ေတာ့ မျဖစ္လာေသးပါဘူး။ တစ္ကယ္လို႔သာ ဂ်ာမနီအသင္းအေနနဲ႔ အုပ္စုအဆင့္ကို ေက်ာ္လြန္ခဲ့မယ္ဆိုရင္ေတာ့ သူ႔ရဲ႕တန္ဖိုးဟာ ပိုတက္လာမွာေသခ်ာပါတယ္။

အခက္အခဲေတြ ျငင္းဆန္ခံရတာေတြနဲ႔ ဘဝရဲ႕ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ေအာင္ျမင္မႈေတြမရရွိခဲ့ေပမယ့္ အခု သူ႔ရဲ႕ (၂၆)ႏွစ္အ႐ြယ္မွာေတာ့ ေအာင္ျမင္ဖို႔လမ္းစေတြရွိလာခဲ့ပါၿပီ။ မီဒီယာေတြကလည္း သူ႔အေၾကာင္းကို ေဖာ္ျပလာခဲ့တာေတြေၾကာင့္ ပရိသတ္ေတြကလည္း ပိုၿပီးသတိထားမိလာတာက သူ႔ရဲ႕ ေ႐ႊေရာင္ေန႔ရက္ေတြမေဝးေတာ့ဘူးလို႔ ဆိုျခင္ပါတယ္။