ရူးလောက်တဲ့ကန်ချက်နဲ့ လက်တွေ့ပြသသွားတဲ့ မိုဒရစ်

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ဟာ စကော့တလန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးချင်းစွမ်းရည်အပြည့်နဲ့ဂိုးသွင်းပြပြီး ဘောလုံးမျက်လှည့်ဆရာတစ်ဦးအဖြစ် ရပ်တည်နေဆဲဆိုတာ သက်သေပြသွားပါတယ်။


အုပ်စုနောက်ဆုံးပွဲအဖြစ် နိုင်တဲ့အသင်း နောက်တစ်ဆင့်တက်မယ့်ပွဲမို့ နှစ်သင်းစလုံး ဖွင့်ကစားခဲ့ပြီး ပထမပိုင်းအပြီးမှာ ၁-၁ ဂိုးသရေကျနေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၆၂ မိနစ်မှာတော့ မိုဒရစ်က အားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေတဲ့ကန်ချက်နဲ့အတူ ခရိုအေးရှားအတွက် ဦးဆောင်ဂိုးသွင်းယူသွားပါတယ်။

သူဟ ကိုဗာချစ် ပြန်ခင်းပေးလိုက်တာကို ဧရိယာထိပ်ကနေ ဂိုးသမားရဲ့ညာဘက်အပေါ်ထောင့်ထဲ ဝေ့ဝိုက်ကန်သွင်းသွားတာပါ။ ဒီလိုဝေ့ဝိုက်ကန်သွင်းရာမှာ အများစုကန်သလို ခြေခွင်(ခြေအတွင်းဘက်)နဲ့ ဝိုက်ကန်တာမဟုတ်ဘဲ ဘောလုံးအခေါ် နဂန်(ခြေအပြင်ဘက်)နဲ့ Twist ထည့်ပြီး ကန်လိုက်တာပါ။


မိုဒရစ်ကစားတဲ့ပွဲတွေကို သတိထားကြည့်ဖြစ်သူတွေအတွက်တော့ သူကန်လေ့ရှိတဲ့ပုံစံကို မှတ်မိမှာဖြစ်ပြီး လူပေးရင်လည်း ဒီလိုမျိုးပေးတတ်ပါတယ်။ အခုလည်း ဒီဂိုးအတွက် Build-up လုပ်ရာမှာ မိုဒရစ်က ဘယ်တောင်ပံဘက်ကို ဒီပုံစံအတိုင်းပဲ ပေးလိုက်တာပါ။
ပရိသတ်တွေကလည်း မိုဒရစ်ရဲ့ဂိုးကို တစ်ခုတ်တရချီးကျူးခဲ့ကြပြီး လူမှုမီဒီယာမှာ ပို့စ်တွေအသီးသီးတင်ခဲ့ပါတယ်။

”ယူရို ၂၀၂၀ ရဲ့အကောင်းဆုံးဂိုးဖြစ်သင့်ပါတယ်”။ ”ခြေခုံအပြင်ဘက်နဲ့ အုပ်ကန်ရတာ ကြည့်ပါဦး။ ကစ် ဘယ်လောက်ပါလဲဆိုတာ”လို့ ပရိသတ်တွေက အသီးသီးချီးကျူးခဲ့ကြပါတယ်။ ခရိုအေးရှားကလည်း စကော့တလန်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူကာ အုပ်စုဒုတိယအဖြစ် ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး မိုဒရစ်က ပါရီဆစ်ရဲ့အဆုံးသတ်ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါသေးတယ်။

zawgyi

႐ူးေလာက္တဲ့ကန္ခ်က္နဲ႔ လက္ေတြ႕ျပသသြားတဲ့ မုိဒရစ္

ခ႐ိုေအးရွားအသင္းေခါင္းေဆာင္ မုိဒရစ္ဟာ စေကာ့တလန္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ဦးခ်င္းစြမ္းရည္အျပည့္နဲ႔ဂိုးသြင္းျပၿပီး ေဘာလုံးမ်က္လွည့္ဆရာတစ္ဦးအျဖစ္ ရပ္တည္ေနဆဲဆုိတာ သက္ေသျပသြားပါတယ္။
အုပ္စုေနာက္ဆုံးပြဲအျဖစ္ ႏုိင္တဲ့အသင္း ေနာက္တစ္ဆင့္တက္မယ့္ပြဲမို႔ ႏွစ္သင္းစလုံး ဖြင့္ကစားခ့ဲၿပီး ပထမပိုင္းအၿပီးမွာ ၁-၁ ဂိုးသေရက်ေနခဲ့ပါတယ္။
ဒါေပမဲ့ ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ မုိဒရစ္က အားလုံးကို ပါးစပ္အေဟာင္းသားျဖစ္ေစတဲ့ကန္ခ်က္နဲ႔အတူ ခ႐ိုေအးရွားအတြက္ ဦးေဆာင္ဂုိးသြင္းယူသြားပါတယ္။

သူဟ ကုိဗာခ်စ္ ျပန္ခင္းေပးလိုက္တာကို ဧရိယာထိပ္ကေန ဂိုးသမားရဲ႕ညာဘက္အေပၚေထာင့္ထဲ ေ၀့၀ုိက္ကန္သြင္းသြားတာပါ။

ဒီလိုေ၀့၀ုိက္ကန္သြင္းရာမွာ အမ်ားစုကန္သလုိ ေျခခြင္(ေျခအတြင္းဘက္)နဲ႔ ၀ိုက္ကန္တာမဟုတ္ဘဲ ေဘာလုံးအေခၚ နဂန္(ေျခအျပင္ဘက္)နဲ႔ Twist ထည့္ၿပီး ကန္လုိက္တာပါ။
မုိဒရစ္ကစားတဲ့ပြဲေတြကို သတိထားၾကည့္ျဖစ္သူေတြအတြက္ေတာ့ သူကန္ေလ့ရွိတဲ့ပုံစံကို မွတ္မိမွာျဖစ္ၿပီး လူေပးရင္လည္း ဒီလုိမ်ိဳးေပးတတ္ပါတယ္။

အခုလည္း ဒီဂုိးအတြက္ Build-up လုပ္ရာမွာ မုိဒရစ္က ဘယ္ေတာင္ပံဘက္ကို ဒီပုံစံအတုိင္းပဲ ေပးလုိက္တာပါ။

ပရိသတ္ေတြကလည္း မိုဒရစ္ရဲ႕ဂိုးကို တစ္ခုတ္တရခ်ီးက်ဴးခဲ့ၾကၿပီး လူမႈမီဒီယာမွာ ပို႔စ္ေတြအသီးသီးတင္ခဲ့ပါတယ္။
”ယူ႐ို ၂၀၂၀ ရဲ႕အေကာင္းဆုံးဂိုးျဖစ္သင့္ပါတယ္”။ ”ေျခခုံအျပင္ဘက္နဲ႔ အုပ္ကန္ရတာ ၾကည့္ပါဦး။ ကစ္ ဘယ္ေလာက္ပါလဲဆုိတာ”လုိ႔ ပရိသတ္ေတြက အသီးသီးခ်ီးက်ဴးခဲ့ၾကပါတယ္။

ခ႐ိုေအးရွားကလည္း စေကာ့တလန္ကို ၃-၁ ဂိုးနဲ႔ အႏုိင္ယူကာ အုပ္စုဒုတိယအျဖစ္ ၁၆သင္းအဆင့္ကို တက္လွမ္းႏုိင္ခဲ့ၿပီး မုိဒရစ္က ပါရီဆစ္ရဲ႕အဆုံးသတ္ဂိုးကိုလည္း ဖန္တီးေပးခဲ့ပါေသးတယ္။