ရက်ဖို့ဒ်အနေနဲ့ မန်ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဆန်ချိုနဲ့ တွဲဖက်ကစားခွင့်ရခဲ့

မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် မားကတ် ရက်ဖို့ဒ်ဟာ အင်္ဂလန်အသင်းအတွက် ( ၃ ) ပွဲဆက် အရံကစားသမားအနေနဲ့သာ ပါဝင်ခွင့်ရထားပါတယ်။ ယခု တစ်ကြိမ်မှာတော့ ရက်ဖို့ဒ်အနေနဲ့ မန်ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘိုရပ်ရှား ဒေါ့မွန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုနဲ့ တွဲဖက်ကစားခွင့်ရခဲ့ပါတယ်။

ဆန်ချိုက နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရတဲ့ ချက် ရီပက်ဘလစ်နဲ့ ပွဲစဉ်အတွင်း သူတို့ ( ၂ ) ဦးအနေနဲ့ ယခုလို တွဲဖက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဆန်ချိုက ပွဲကစားချိန် ( ၈၃ ) မိနစ်မှသာ လူစားဝင်ကစားခွင့်ရတာဖြစ်ပေမယ့် ရက်ဖို့ဒ်နဲ့ လျင်မြန်စွာ တွဲဖက်ကစားနိုင်ခဲ့ပါတယ်။

သူတို့ ( ၂ ) ဦးက ညာခြမ်းတစ်လျှောက် ဘောလုံးပေးပို့မှုတွေ ပြုလုပ်ကာ ဂိုးကန်သွင်းခွင့်ရအောင် ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် ‌ဂျော်ဒန် ဟန်ဒါဆန်ရဲ့ အဆိုပါ သွင်းဂိုးကိုက လူကျွံဘောအဖြစ်သတ်မှတ်ခြင်းခံခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့( ၂ ) ဦးကို အိုးထရတ်ဖို့ဒ်မှာ အတူတကွ မြင်တွေ့ရဖို့ ဆန္ဒပြင်းပြနေကြပါတယ်။

သရဲနီ ပရိသတ်တစ်ဦးက “ ယခုပွဲစဉ်မှာ ကျွန်တော် အနှစ်သက်ဆုံးအပိုင်းကတော့ ရက်ဖို့ဒ်ကနေ ဆန်ချိုဆီပေးပို့ပြီး ဆန်ချိုက ရက်ဖို့ဒ်ဆီ ပြန်လည်ပေးပို့ခဲ့တဲ့ အခိုက်အတန့်ပါ။”လို့ တွယ်တာမှာ မှတ်ချက်ပေးထားပါတယ်။ နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ ရက်ဖို့ဒ်က ဘောလုံးရပြီးချင်း ဆန်ချိုကို ရှာဖွေနေတာတွေ့ရပါတယ်။ သူတို့ ( ၂ ) ဦးကို လာမယ့်ရာသီ အိုးထရတ်ဖို့ဒ်မှာ အတူတကွ တွေ့ရဖို့ မစောင့်နိုင်အောင်ပဲဖြစ်မိပါတယ်။”လို့ ရေးသားထားပါတယ်။

ယူရို ( ၂၀၂၀ ) ပြိုင်ပွဲမှာ လက်ရှိအချိန်ထိ ရက်ဖို့ဒ်က ( ၅၈ ) မိနစ် ကစားခွင့်ရထားပေမယ့် ဆန်ချိုကတော့ ( ၇ ) မိနစ်သာ ပါဝင်ခွင့်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီအပြီးမှာ အနားယူဖို့လိုအပ်နေတဲ့ ရက်ဖို့ဒ်အတွက် ဆိုးရွားလွန်းတဲ့ အခြေအနေတစ်ခုမဟုတ်ပေမယ့် ဆန်ချိုအတွက်ကတော့ နိုင်ငံတကာပွဲစဉ်တွေ ကစားခွင့်ရလိုပါက ပရီးမီးယားလိဂ်ကို ပြောင်းရွေ့ဖို့ လိုအပ်တယ်လို့ သတိပေးနေပုံရပါတယ်။

zawgyi

ရက္ဖို႔ဒ္အေနနဲ႔ မန္ယူႏိုက္တက္က ေခၚယူဖို႔ ႀကိဳးစားေနတဲ့ ဆန္ခ်ိဳနဲ႔ တြဲဖက္ကစားခြင့္ရခဲ့

မန္ခ်က္စတာ ယူႏိုက္တက္ၾကယ္ပြင့္ မားကတ္ ရက္ဖို႔ဒ္ဟာ အဂၤလန္အသင္းအတြက္ ( ၃ ) ပြဲဆက္ အရံကစားသမားအေနနဲ႔သာ ပါဝင္ခြင့္ရထားပါတယ္။ ယခု တစ္ႀကိမ္မွာေတာ့ ရက္ဖို႔ဒ္အေနနဲ႔ မန္ယူႏိုက္တက္က ေခၚယူဖို႔ ႀကိဳးစားေနတဲ့ ဘိုရပ္ရွား ေဒါ့မြန္ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ တြဲဖက္ကစားခြင့္ရခဲ့ပါတယ္။

ဆန္ခ်ိဳက ႏိုင္ငံတကာၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ ပါဝင္ခြင့္ရတဲ့ ခ်က္ ရီပက္ဘလစ္နဲ႔ ပြဲစဥ္အတြင္း သူတို႔ ( ၂ ) ဦးအေနနဲ႔ ယခုလို တြဲဖက္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ဆန္ခ်ိဳက ပြဲကစားခ်ိန္ ( ၈၃ ) မိနစ္မွသာ လူစားဝင္ကစားခြင့္ရတာျဖစ္ေပမယ့္ ရက္ဖို႔ဒ္နဲ႔ လ်င္ျမန္စြာ တြဲဖက္ကစားႏိုင္ခဲ့ပါတယ္။

သူတို႔ ( ၂ ) ဦးက ညာျခမ္းတစ္ေလွ်ာက္ ေဘာလုံးေပးပို႔မႈေတြ ျပဳလုပ္ကာ ဂိုးကန္သြင္းခြင့္ရေအာင္ ဖန္တီးေပးခဲ့ပါတယ္။ ဒါေပမယ့္ ‌ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ အဆိုပါ သြင္းဂိုးကိုက လူကြၽံေဘာအျဖစ္သတ္မွတ္ျခင္းခံခဲ့ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ သူတို႔( ၂ ) ဦးကို အိုးထရတ္ဖို႔ဒ္မွာ အတူတကြ ျမင္ေတြ႕ရဖို႔ ဆႏၵျပင္းျပေနၾကပါတယ္။

သရဲနီ ပရိသတ္တစ္ဦးက “ ယခုပြဲစဥ္မွာ ကြၽန္ေတာ္ အႏွစ္သက္ဆုံးအပိုင္းကေတာ့ ရက္ဖို႔ဒ္ကေန ဆန္ခ်ိဳဆီေပးပို႔ၿပီး ဆန္ခ်ိဳက ရက္ဖို႔ဒ္ဆီ ျပန္လည္ေပးပို႔ခဲ့တဲ့ အခိုက္အတန႔္ပါ။”လို႔ တြယ္တာမွာ မွတ္ခ်က္ေပးထားပါတယ္။ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “ ရက္ဖို႔ဒ္က ေဘာလုံးရၿပီးခ်င္း ဆန္ခ်ိဳကို ရွာေဖြေနတာေတြ႕ရပါတယ္။ သူတို႔ ( ၂ ) ဦးကို လာမယ့္ရာသီ အိုးထရတ္ဖို႔ဒ္မွာ အတူတကြ ေတြ႕ရဖို႔ မေစာင့္ႏိုင္ေအာင္ပဲျဖစ္မိပါတယ္။”လို႔ ေရးသားထားပါတယ္။

ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲမွာ လက္ရွိအခ်ိန္ထိ ရက္ဖို႔ဒ္က ( ၅၈ ) မိနစ္ ကစားခြင့္ရထားေပမယ့္ ဆန္ခ်ိဳကေတာ့ ( ၇ ) မိနစ္သာ ပါဝင္ခြင့္ရထားပါတယ္။ ၿပီးခဲ့တဲ့ ရာသီအၿပီးမွာ အနားယူဖို႔လိုအပ္ေနတဲ့ ရက္ဖို႔ဒ္အတြက္ ဆိုး႐ြားလြန္းတဲ့ အေျခအေနတစ္ခုမဟုတ္ေပမယ့္ ဆန္ခ်ိဳအတြက္ကေတာ့ ႏိုင္ငံတကာပြဲစဥ္ေတြ ကစားခြင့္ရလိုပါက ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ြ႕ဖို႔ လိုအပ္တယ္လို႔ သတိေပးေနပုံရပါတယ္။