ယူနိုက်တက်အသင်းကို နည်းပြအနေနဲ့ ရင်ဆိုင်သွားဖို့ မစောင့်နေချင်တော့ဘူးလို့ပြောလာတဲ့ ရူနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေထဲမှာ ဝိန်းရွန်းနီ နည်းပြနေတဲ့ ဒါဘီကောင်တီအသင်းနဲ့လည်း ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားပြီး ခြေစမ်းပွဲစဉ်ကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ကစားမယ်လို့ကြေငြာထားပါတယ်။

ရူနီဟာ အမေရိကန်ကလပ် ဒီစီယူနိုက်တက်အသင်းကနေ ဒီချန်ပီယံရှစ်ကလပ်ကို ၂၀၂၀ ဘောလုံးရာသီမှာ ကစားသမား-နည်းပြဘဝနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြ ဖီလစ်ကိုကူ ထွက်ခွာသွားချိန်မှာ ယာယီနည်းပြအဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရပြီးနောက် အမြဲတမ်းနည်းပြဖြစ်လာခဲ့တာပါ။

ရူနီက “ရာသီသစ်မစတင်ခင်မှာ ကျွန်တော်တို့အသင်းရဲ့ ရာသီကြိုအစီအစဉ်တွေနဲ့ပတ်သက်ပြီး အရမ်းသဘောကျမိပါတယ်။

ယူနိုက်တက်အသင်းနဲ့ ကျွန်တော်က ဂုဏ်ယူစရာကောင်းတဲ့ ဆယ်နွယ်မှုတွေရှိပြီး ဒီသမိုင်းကြောင်းကောင်းတဲ့အသင်းနဲ့ ကျွန်တော်တို့ ဒါဘီအသင်း ကစားရမှာပါ။

ဒါဘီအသင်းရဲ့ Pride Park ကွင်းမှာ ကစားမယ့် ဒီပွဲကို ကျွန်တော်က အရမ်းကစားချင်နေပါပြီ။

ယူနိုက်တက်အသင်းက အင်္ဂလန်နဲ့ ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်နေတော့ ဒီအသင်းနဲ့ ခြေစမ်းကစားရမယ်ဆိုတာ ကျွန်တော်တို့အသင်းအတွက်က အခွင့်အရေးကောင်းတစ်ခုပါဘဲ။”

“ထပ်ပြောရရင် ကျွန်တော်တို့မှာ တခြားစိန်ခေါ်နေတဲ့ ခြေစမ်းပွဲစဉ်တွေရှိပါသေးတယ်။

ဒါတွေက ကျွန်တော်တို့အသင်းရဲ့ခြေစွမ်းကို ရာသီသစ်မစခင် အရေးပါတဲ့ စမ်းသပ်မှုတွေ အမျိုးမျိုး ဖြစ်စေမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ကတော့ ဒါဘီကောင်တီအသင်းနဲ့ ကစားပြီးရင် ဇူလိုင်လ ၂၄ ရက်နေ့မှာ QPR၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ ဘရန့်ဖို့ဒ်၊ သြဂုတ်လ ၇ ရက်နေ့မှာ အဲဗာတန်အသင်းတို့နဲ့ ခြေစမ်းပွဲစဉ်တွေကစားသွားဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္အသင္းကို နည္းျပအေနနဲ႔ ရင္ဆိုင္သြားဖို႔ မေစာင့္ေနခ်င္ေတာ့ဘူးလို႔ေျပာလာတဲ့ ႐ူနီ

ယူႏိုက္တက္အသင္းဟာ ရာသီႀကိဳေျခစမ္းပြဲစဥ္ေတြထဲမွာ ဝိန္း႐ြန္းနီ နည္းျပေနတဲ့ ဒါဘီေကာင္တီအသင္းနဲ႔လည္း ယွဥ္ၿပိဳင္ကစားသြားဖို႔ စီစဥ္ထားၿပီး ေျခစမ္းပြဲစဥ္ကို ဇူလိုင္လ ၁၈ ရက္ေန႔မွာ ကစားမယ္လို႔ေၾကျငာထားပါတယ္။

႐ူနီဟာ အေမရိကန္ကလပ္ ဒီစီယူႏိုက္တက္အသင္းကေန ဒီခ်န္ပီယံရွစ္ကလပ္ကို ၂၀၂၀ ေဘာလုံးရာသီမွာ ကစားသမား-နည္းျပဘဝနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး နည္းျပ ဖီလစ္ကိုကူ ထြက္ခြာသြားခ်ိန္မွာ ယာယီနည္းျပအဖြဲ႕ဝင္အျဖစ္ခန႔္အပ္ခံရၿပီးေနာက္ အၿမဲတမ္းနည္းျပျဖစ္လာခဲ့တာပါ။

႐ူနီက “ရာသီသစ္မစတင္ခင္မွာ ကြၽန္ေတာ္တို႔အသင္းရဲ႕ ရာသီႀကိဳအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး အရမ္းသေဘာက်မိပါတယ္။ ယူႏိုက္တက္အသင္းနဲ႔ ကြၽန္ေတာ္က ဂုဏ္ယူစရာေကာင္းတဲ့ ဆယ္ႏြယ္မႈေတြရွိၿပီး ဒီသမိုင္းေၾကာင္းေကာင္းတဲ့အသင္းနဲ႔ ကြၽန္ေတာ္တို႔ ဒါဘီအသင္း ကစားရမွာပါ။ ဒါဘီအသင္းရဲ႕ Pride Park ကြင္းမွာ ကစားမယ့္ ဒီပြဲကို ကြၽန္ေတာ္က အရမ္းကစားခ်င္ေနပါၿပီ။ ယူႏိုက္တက္အသင္းက အဂၤလန္နဲ႔ ဥေရာပရဲ႕ အေကာင္းဆုံးအသင္းျဖစ္ေနေတာ့ ဒီအသင္းနဲ႔ ေျခစမ္းကစားရမယ္ဆိုတာ ကြၽန္ေတာ္တို႔အသင္းအတြက္က အခြင့္အေရးေကာင္းတစ္ခုပါဘဲ။”

“ထပ္ေျပာရရင္ ကြၽန္ေတာ္တို႔မွာ တျခားစိန္ေခၚေနတဲ့ ေျခစမ္းပြဲစဥ္ေတြရွိပါေသးတယ္။ ဒါေတြက ကြၽန္ေတာ္တို႔အသင္းရဲ႕ေျခစြမ္းကို ရာသီသစ္မစခင္ အေရးပါတဲ့ စမ္းသပ္မႈေတြ အမ်ိဳးမ်ိဳး ျဖစ္ေစမွာပါ။” လို႔ ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္ကေတာ့ ဒါဘီေကာင္တီအသင္းနဲ႔ ကစားၿပီးရင္ ဇူလိုင္လ ၂၄ ရက္ေန႔မွာ QPR၊ ဇူလိုင္လ ၂၉ ရက္ေန႔မွာ ဘရန႔္ဖို႔ဒ္၊ ၾသဂုတ္လ ၇ ရက္ေန႔မွာ အဲဗာတန္အသင္းတို႔နဲ႔ ေျခစမ္းပြဲစဥ္ေတြကစားသြားဖို႔ ရွိေနပါတယ္။