ယူနိုက်တက်နဲ့ ကစားရမယ့် ရာသီကြိုပွဲစဥ်အပေါ် စိတ်လှုပ်ရှားနေတဲ့ ဝိန်း ရွန်းနီ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရာသီကြို ပထမဆုံးခြေစမ်း ပွဲစဥ်မှာ ဝိန်းရွန်းနီ ဒါဘီကောင်တီ အသင်းနဲ့ ကစားဖို့ စီစဥ်ထားပါတယ်။
ယူနိုက်တက်က လာမယ့် ဇူလိုင် ( ၁၈ ) ရက်နေ့မှာ အသင်းရဲ့ ဂန္တဝင် ကစားသမားဝိန်းရွန်းနီက ပြီးခဲ့တဲ့ နှစ်အတွင်း အမြဲတမ်းနည်းပြအဖြစ် စတင် တာဝန်ယူကိုင်တွယ်နေတဲ့ ချန်ပီယံရှစ်ကလပ်နဲ့ အဝေးကွင်းပွဲစဥ် ကစားဖို့ ရှိနေတာဖြစ်ပါတယ်။
ဒါဘီက ပြီးခဲ့တဲ့ ရာသီ‌ေနာက်ဆုံး ပွဲစဥ်မှာ ရှက်ဖီးဝင်းစ်ဒေးနဲ့ ( ၃-၃ ) သရေကျခဲ့ပြီး တန်းဆင်းဇုန်ကနေ သီသီလေး လွှတ်မြောက်ခဲ့ပါတယ်။
ရွန်းနီက ဒါဟာ ဒါဘီ နှင့် သူ့ရဲ့ အသင်းဟောင်းတို့ကြားက သွားရေကျစရာကောင်းတဲ့ ရာသီကြိုပွဲစဥ်ဖြစ်တယ်လို့ မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။
ရွန်းနီက “ ကျွန်တော့်အနေနဲ့ ရာသီသစ်မတိုင်မီ ပြုလုပ်မယ့် ခြေစမ်းပွဲစဥ်တွေနဲ့ ပတ်သက်လို့ တကယ် ပျော်ရွှင်မိပါတယ်။” လို့ ဆိုပါတယ်။
“ Pride Park Stadiumမှာ ရှည်လျားတဲ့ သမိုင်းကြောင်း အစဥ်အလာနဲ့ ကျွန်တော် ဂုဏ်ယူရတဲ့ အသင်းဖြစ်တဲ့ ယူနိုက်တက်နဲ့ ကစားခွင့်ရတာက
သွားရေကျစရာကောင်းတဲ့ အခွင့်အရေးဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အင်္ဂလန် နှင့် ဥရောပရဲ့ အကောင်းဆုံးအသင်းတစ်သင်းနဲ့ စမ်းသပ်ခွင့်ရမယ့် ပွဲစဥ်ဖြစ်ပါတယ်။”
“ နောက်ပြီး ကျွန်တော်တို့မှာ အခြားသောရာသီကြို ပွဲစဥ်တွေလည်း ရှိပါသေးတယ်။
ဒါ‌ေတွက လာမယ့်ရာသီမှာ အကောင်းဆုံးဖြစ်စေဖို့ အရေးပါတဲ့ စမ်းသပ်ချက်တွေဖြစ်ပါတယ်။”
Zawgyi
ဒါဘီက ပြီးခဲ့တဲ့ ရာသီ‌နောက်ဆုံး ပွဲစဉ်မှာ ရှက်ဖီးဝင်းစ်ဒေးနဲ့ ( ၃-၃ ) သရေကျခဲ့ပြီး တန်းဆင်းဇုန်ကနေ သီသီလေး လွှတ်မြောက်ခဲ့ပါတယ်။