မေဆင်မောင့်နဲ့ ဘန်ချေဝဲလ် ဘီလီ ဂီလ်မာနဲ့ စကားပြောမိလို့ ပက်ပက်စက်စက်ဝေဖန်ခံနေရ

အင်္ဂလန် အသင်းရဲ့ ယူရို ၂၀၂၀ အုပ်စု နောက်ဆုံးပွဲ ဖြစ်တဲ့ ချက် အသင်းကို ၁ – ၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲကို ကွာရန်တင်း ဝင်နေခဲ့ရတဲ့ ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်နဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်တို့ လွဲချော်ခဲ့ပါတယ်။

အဲဒီပွဲမတိုင်ခင် စကော့တလန် အသင်းနဲ့ ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲအပြီးမှာ မေဆင်မောင့်နဲ့ ချေဝဲလ် ဟာ ချဲလ်ဆီး အသင်းဖော် စကော့တလန် လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာနဲ့ မိနစ် အတော်ကြာစကားပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ရက်မှာတော့ ဘီလီ ဂီလ်မာ ဟာ ကိုဗစ်ပိုး ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ မောင့်နဲ့ ချေဝဲလ် ဟာ ဂီလ်မာ ပိုးကူးစက်မခံရသေးခင်က အနီးကပ် ပြောဆို ဆက်ဆံခဲ့တာ ဖြစ်ပြီး အခုသူတို့ဟာ သီးခြားခွဲနေနေရပါတယ်။အဲ ဒီကစားသမားနှစ်ယောက်စလုံး ဟာ ၁၀ ရက်ကွာရန်တင်းဝင်ရမှာ ဖြစ်တာကြောင့် အင်္ဂလန်ရဲ့ ၁၆ သင်း ရှုံးထွက်ပွဲစဉ်ကိုပါ လွဲချော်တော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူ ရွိုင်ကိန်း ကတော့ လေပေါတဲ့ နှစ်ယောက်ကို အပြစ်တင်ထားပါတယ်။ “ကျွန်တော် တစ်ခု ဝေဖန်ချင်တာက သူတို့ဟာ ဘာလို့ ပြိုင်ဖက် ကစားသမား တစ်ယောက်ကို အချိန် အကြာကြီး စကားပြောနေခဲ့တာလဲ ဆိုတာပါပဲ။ အဲဒီ ကစားသမားဟာ ကလပ် အသင်းဖော် ဖြစ်မဖြစ် ကျွန်တော် ဂရုမစိုက်ပါဘူး ။ ”

“ကျွန်တော်ဆို ၅ မိနစ်တောင် စကားပြောခဲပါတယ်။ ပွဲတစ်ပွဲပြီးသွားတယ်ဆိုတာ စစ်ပွဲတစ်ခု တိုက်ခဲ့ရသလိုပဲ ဒါတောင် ဒီလိုပြိုင်ဘက်တွေနဲ့ စကားအကြာကြီး ပြောနေချင်သေးတာလား။ နည်းနည်းအဓိပ္ပာယ်ရှိတာလေးတော့ လုပ်ကြဦး”ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

ချက်နဲ့ပွဲကို လွဲခဲ့ကြတဲ့ မောင့်နဲ့ ချေဝဲလ်တို့ကတော့အသင်းဖော်တွေကို ဆိုရှယ်မီဒီယာကနေ အားပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ မောင့်က “ ဒီညပွဲကို မကစားနိုင်လို့ တကယ်ပဲ ဝမ်းနည်းရပါတယ်။ သူငယ်ချင်းတွေကို ပုံမှန်အတိုင်း အားပေးနေမှာပါ။ အဆင်သင့်ဖြစ်တာနဲ့ အကောင်းဆုံး ပုံစံနဲ့ ပြန်လာပါမယ်။ ကြိုးစားထား အင်္ဂလန်”ဆိုပြီး ပို့စ်တင်ထားပါတယ်။

ချေဝဲလ်ကလည်း “ ဒီအချိန်ကြီး အိမ်မှာနေနေရတာ တကယ်ပင်ပန်းပါတယ်။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းတွေ ဒီညမှာ အကောင်းဆုံးပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးကို အားပေးနေမယ်။ အသင်းနဲ့ပူးပေါင်းနိုင်ပြီဆိုတာနဲ့ အသင့်ဖြစ်နေအောင် ပြင်ဆင်ထားတယ်။ ကြိုးစားကြမယ် အင်္ဂလန်”ဆိုပြီး တင်ထားပါတယ်။

zawgyi

ေမဆင္ေမာင့္နဲ႔ ဘန္ေခ်ဝဲလ္ ဘီလီ ဂီလ္မာနဲ႔ စကား​ေျပာ​မိလို႔ ပက္ပက္စက္စက္​ေ၀ဖန္ခံေနရ

အဂၤလန္ အသင္းရဲ႕ ယူ႐ို ၂၀၂၀ အုပ္စု ေနာက္ဆုံးပြဲ ျဖစ္တဲ့ ခ်က္ အသင္းကို ၁ – ၀ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲကို ကြာရန္တင္း ဝင္ေနခဲ့ရတဲ့ ခ်ဲလ္ဆီး အသင္းရဲ႕ အဂၤလန္ လက္ေ႐ြးစင္ ကြင္းလယ္လူ ေမဆင္ေမာင့္နဲ႔ ဘယ္ေနာက္ခံလူ ဘန္ေခ်ဝဲလ္တို႔ လြဲေခ်ာ္ခဲ့ပါတယ္။

အဲဒီပြဲမတိုင္ခင္ စေကာ့တလန္ အသင္းနဲ႔ ဂိုးမရွိသေရ ရလဒ္ ထြက္ေပၚခဲ့တဲ့ ပြဲအၿပီးမွာ ​ေမဆင္ေမာင့္နဲ႔ ေခ်ဝဲလ္ ဟာ ခ်ဲလ္ဆီး အသင္းေဖာ္ စေကာ့တလန္ လူငယ္ ကြင္းလယ္လူ ဘီလီ ဂီလ္မာနဲ႔ မိနစ္ အေတာ္ၾကာစကား​ေျပာဆိုခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂ရက္မွာေတာ့ ဘီလီ ဂီလ္မာ ဟာ ကိုဗစ္ပိုး ကူးစက္ခံထားရေၾကာင္း စစ္ေဆး ေတြ႕ရွိခဲ့ပါတယ္။ ေမာင့္နဲ႔ ေခ်ဝဲလ္ ဟာ ဂီလ္မာ ပိုးကူးစက္မခံရေသးခင္က အနီးကပ္ ေျပာဆို ဆက္ဆံခဲ့တာ ျဖစ္ၿပီး အခုသူတို႔ဟာ သီးျခားခြဲေနေနရပါတယ္။အဲ ဒီကစားသမားႏွစ္ေယာက္စလုံး ဟာ ၁၀ ရက္ကြာရန္တင္းဝင္ရမွာ ျဖစ္တာေၾကာင့္ အဂၤလန္ရဲ႕ ၁၆ သင္း ရႈံးထြက္ပြဲစဥ္ကိုပါ လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။

ယူႏိုက္တက္ ဂႏၲဝင္ ကြင္းလယ္လူ ႐ြိဳင္ကိန္း ကေတာ့ ​ေလ​ေပါတဲ့ ႏွစ္​ေယာက္ကို အျပစ္တင္ထားပါတယ္။ “ကြၽန္ေတာ္ တစ္ခု ေဝဖန္ခ်င္တာက သူတို႔ဟာ ဘာလို႔ ၿပိဳင္ဖက္ ကစားသမား တစ္ေယာက္ကို အခ်ိန္ အၾကာႀကီး စကားေျပာေနခဲ့တာလဲ ဆိုတာပါပဲ။ အဲဒီ ကစားသမားဟာ ကလပ္ အသင္းေဖာ္ ျဖစ္မျဖစ္ ကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး ။ ”

“ကြၽန္ေတာ္ဆို ၅ မိနစ္ေတာင္ စကားေျပာခဲပါတယ္။ ပြဲတစ္ပြဲၿပီးသြားတယ္ဆိုတာ စစ္ပြဲတစ္ခု တိုက္ခဲ့ရသလိုပဲ ဒါေတာင္ ဒီလိုၿပိဳင္ဘက္ေတြနဲ႔ စကားအၾကာႀကီး ေျပာေနခ်င္ေသးတာလား။ နည္းနည္းအဓိပၸာယ္ရွိတာေလးေတာ့ လုပ္ၾကဦး”ဆိုၿပီး ေျပာခဲ့တာျဖစ္ပါတယ္။

ခ်က္နဲ႔ပြဲကို လြဲခဲ့ၾကတဲ့ ေမာင့္နဲ႔ ​ေခ်ဝဲလ္တို႔က​ေတာ့အသင္းေဖာ္ေတြကို ဆိုရွယ္မီဒီယာကေန အားေပးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ေမာင့္က “ ဒီညပြဲကို မကစားႏိုင္လို႔ တကယ္ပဲ ဝမ္းနည္းရပါတယ္။ သူငယ္ခ်င္းေတြကို ပုံမွန္အတိုင္း အားေပးေနမွာပါ။ အဆင္သင့္ျဖစ္တာနဲ႔ အေကာင္းဆုံး ပုံစံနဲ႔ ျပန္လာပါမယ္။ ႀကိဳးစားထား အဂၤလန္”ဆိုၿပီး ပို႔စ္တင္ထားပါတယ္။

​ေခ်ဝဲလ္ကလည္း “ ဒီအခ်ိန္ႀကီး အိမ္မွာေနေနရတာ တကယ္ပင္ပန္းပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္သူငယ္ခ်င္းေတြ ဒီညမွာ အေကာင္းဆုံးပြဲတစ္ပြဲကို ေဖာ္ေဆာင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ အားလုံးကို အားေပးေနမယ္။ အသင္းနဲ႔ပူးေပါင္းႏိုင္ၿပီဆိုတာနဲ႔ အသင့္ျဖစ္ေနေအာင္ ျပင္ဆင္ထားတယ္။ ႀကိဳးစားၾကမယ္ အဂၤလန္”ဆိုၿပီး တင္ထားပါတယ္။