မိုဒရစ်ရဲ့ ဂိုးဟာ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးတွေထဲမှာ ပါဝင်သင့်တယ်လို့ မီဒီယာတွေသုံးသပ်

ခရိုအေးရှားအသင်းရဲ့ ဝါရင့်ကွင်းလယ်လူမိုဒရစ်ဟာ စကော့တလန်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ အသင်းအတွက်အရေးပါတဲ့ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အဲဒီဂိုးကြောင့် ခရိုအေးရှားအသင်းသမိုင်းတစ်လျှောက် သမိုင်းဝင်မယ့်စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။

ခရိုအေးရှားအသင်းဟာ အုပ်စုကတက်ဖို့အတွက် စကော့တလန်အသင်းကို မဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေပြီး (၁၇)မိနစ်မှာ ဗလာဆစ်က အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ပထမပိုင်းမပြီးခင်မှာ စကော့တလန်ကစားသမား မက်ဂရီဂေါ်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

ပွဲချိန်(၆၂)မိနစ်မှာတော့ မိုဒရစ်ဟာ ဂိုးဧရိယာထိပ်နားကနေ လှပတဲ့ကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒီဂိုးဟာ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးတွေထဲမှာ ပါဝင်သင့်တယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ်။ ခရိုအေးရှားအသင်း ရှုံးထွက်(၁၆)သင်းအဆင့်ကိုရောက်ဖို့ သေချာစေတဲ့ဂိုးကို အသင်းရဲ့ဝါရင့်ကစားသမားတစ်ဦးဖြစ်တဲ့ ပါရီဆစ်က သွင်းယူခဲ့တာကြောင့် ခရိုအေးရှားအသင်းဟာ အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။

မိုဒရစ်အနေနဲ့ ခရိုအေးရှားအသင်းကို ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်နိုင်အောင် ကူညီပေးခဲ့သလို အသင်းသမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲမှာ အသက်အငယ်ဆုံးဂိုးသွင်းသူ၊ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ်ပါ စံချိန်တင်ခဲ့ပါတယ်။ ယူရို-၂၀၀၈ ခုနှစ်တုန်းက သြစတြီးယားနဲ့ကစားခဲ့တဲ့ပွဲမှာ မိုဒရစ်ဟာ အသက် ၂၂ နှစ်၊ ၂၇၃ ရက်နဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်ခဲ့ပြီး အခု စကော့တလန်နဲ့ပွဲမှာ ဂိုးသွင်းခဲ့တာကြောင့် အသက် ၃၅နှစ်၊ ၂၈၆ ရက်နဲ့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ခရိုအေးရှားအသင်းရဲ့ အသက်အကြီးဆုံးဂိုးသွင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားအသင်းဟာ အုပ်စုအဆင့်က ထွက်ရမယ့် အခြေအနေဆိုးနဲ့ ရှောင်လွဲှနိုင်ခဲ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့်မှာ အုပ်စု(E)က ဒုတိယရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

zawgyi

မိုဒရစ္ရဲ့ ဂိုးဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးေတြထဲမွာ ပါဝင္သင့္တယ္လို႔ မီဒီယာေတြသုံးသပ္

ခ႐ိုေအးရွားအသင္းရဲ႕ ဝါရင့္ကြင္းလယ္လူမိုဒရစ္ဟာ စေကာ့တလန္အသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အုပ္စုေနာက္ဆုံးပြဲမွာ အသင္းအတြက္အေရးပါတဲ့ ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး အဲဒီဂိုးေၾကာင့္ ခ႐ိုေအးရွားအသင္းသမိုင္းတစ္ေလွ်ာက္ သမိုင္းဝင္မယ့္စံခ်ိန္ေကာင္းတစ္ခု ပိုင္ဆိုင္ခဲ့ပါတယ္။ ခ႐ိုေအးရွားအသင္းဟာ အုပ္စုကတက္ဖို႔အတြက္ စေကာ့တလန္အသင္းကို မျဖစ္မေနအႏိုင္ကစားဖို႔လိုအပ္ေနၿပီး (၁၇)မိနစ္မွာ ဗလာဆစ္က အဖြင့္ဂိုးသြင္းယူခဲ့ေပမယ့္ ပထမပိုင္းမၿပီးခင္မွာ စေကာ့တလန္ကစားသမား မက္ဂရီေဂၚက ေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။

ပြဲခ်ိန္(၆၂)မိနစ္မွာေတာ့ မိုဒရစ္ဟာ ဂိုးဧရိယာထိပ္နားကေန လွပတဲ့ကန္ခ်က္နဲ႔ ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး ဒီဂိုးဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးေတြထဲမွာ ပါဝင္သင့္တယ္လို႔ မီဒီယာေတြက သုံးသပ္ခဲ့ၾကပါတယ္။ ခ႐ိုေအးရွားအသင္း ရႈံးထြက္(၁၆)သင္းအဆင့္ကိုေရာက္ဖို႔ ေသခ်ာေစတဲ့ဂိုးကို အသင္းရဲ႕ဝါရင့္ကစားသမားတစ္ဦးျဖစ္တဲ့ ပါရီဆစ္က သြင္းယူခဲ့တာေၾကာင့္ ခ႐ိုေအးရွားအသင္းဟာ အုပ္စုဒုတိယနဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ပါတယ္။

မိုဒရစ္အေနနဲ႔ ခ႐ိုေအးရွားအသင္းကို ရႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ႏိုင္ေအာင္ ကူညီေပးခဲ့သလို အသင္းသမိုင္းတစ္ေလွ်ာက္ ယူ႐ိုၿပိဳင္ပြဲမွာ အသက္အငယ္ဆုံးဂိုးသြင္းသူ၊ အသက္အႀကီးဆုံးဂိုးသြင္းသူအျဖစ္ပါ စံခ်ိန္တင္ခဲ့ပါတယ္။ ယူ႐ို-၂၀၀၈ ခုႏွစ္တုန္းက ၾသစႀတီးယားနဲ႔ကစားခဲ့တဲ့ပြဲမွာ မိုဒရစ္ဟာ အသက္ ၂၂ ႏွစ္၊ ၂၇၃ ရက္နဲ႔ အသက္အငယ္ဆုံးဂိုးသြင္းသူျဖစ္ခဲ့ၿပီး အခု စေကာ့တလန္နဲ႔ပြဲမွာ ဂိုးသြင္းခဲ့တာေၾကာင့္ အသက္ ၃၅ႏွစ္၊ ၂၈၆ ရက္နဲ႔ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ခ႐ိုေအးရွားအသင္းရဲ႕ အသက္အႀကီးဆုံးဂိုးသြင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဒုတိယရခဲ့တဲ့ ခ႐ိုေအးရွားအသင္းဟာ အုပ္စုအဆင့္က ထြက္ရမယ့္ အေျခအေနဆိုးနဲ႔ ေရွာင္လြဲွႏိုင္ခဲ့ၿပီး ရႈံးထြက္(၁၆)သင္းအဆင့္မွာ အုပ္စု(E)က ဒုတိယရတဲ့အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။