စပိန်အသင်းအတွက် ဂိုးထဲကိုလက်နဲ့ပုတ်သွင်းပေးခဲ့တဲ့ ဆလိုဗက်ကီးယားဂိုးသမား

ဆလိုဗက်ကီးယားအသင်းရဲ့ နယူးကာဆယ်ဂိုးသမားဒူဘရက်ကာကတော့ စပိန်အသင်းနဲ့ပွဲမှာ အရယ်ရဆုံးနဲ့ စိတ်ပျက်စရာအကောင်းဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူမှုပြုလုပ်ခဲ့ပါတယ်။
ဒူဘရက်ကာဟာ ပရီးမီးယားလိဂ်ပွဲတချို့မှာလည်း အမှားလုပ်ခဲ့ဖူးပေမယ့် ဒီလောက်အထိ ဆိုးရွားတဲ့အမှားမျိုး မကျူးလွန်ခဲ့ပါဘူး။

စပိန်အသင်းနဲ့ပွဲ ပထမပိုင်း(၁၂)မိနစ်မှာ ရရှိခဲ့တဲ့ပယ်နယ်တီကို မိုရာတာ ကန်သွင်းခဲ့တာမှာ ဒူဘရက်ကာဟာ လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး အခွင့်အရေးတချို့ကိုလည်း ပုတ်ထုတ်ခဲ့နိုင်ခဲ့ပေမယ့် ဂိုးပေးလိုက်ရတော့လည်း ဘာမှမဟုတ်တဲ့အနေအထားကနေ ပေးလိုက်ရတာပါ။

မိနစ်(၃၀)မှာ စပိန်အသင်းတောင်ပံတိုက်စစ်ကစားသမား ဆာရာဘီယာရဲ့ အဝေးကန်ချက်က အပေါ်ဘားတိုင်နဲ့ထိပြီး ဘောလုံးပြန်အကျမှာ ဒူဘရက်ကာဟာ ပုတ်ထုတ်ဖို့ကြိုးစားခဲ့တာကနေ ဘောလုံးက အပြင်မရောက်ဘဲ ဂိုးထဲဝင်သွားတာပဲဖြစ်ပါတယ်။

အနှေးပြကွက်တွေကို ပြန်ကြည့်ရင် ဒူဘရက်ကာဟာ တမင်တကာများ ကိုယ့်ဂိုးထဲကိုယ်ပုတ်ထည့်လိုက်သလားလို့တောင် ထင်ရပါတယ်။

ပိုလန်နဲ့ဆလိုဗက်ကီးယားတို့ကစားခဲ့တဲ့ပွဲတုန်းက ပိုလန်ဂိုးသမားဆဇက်စနီ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်
OG သွင်းခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် စံချိန်တင်ခဲ့သလို ဒူဘရက်ကာဟာလည်း အားကျမခံ ဆဇက်စနီနဲ့အတူ မှတ်တမ်းဝင်အောင် စွမ်းဆောင်နိုင်ခဲ့တာပါပဲ။

ဒူဘရက်ကာရဲ့ OG ဂိုးက ယူရို-၂၀၂၀ ပြိုင်ပွဲမှာ (၇)ဂိုးမြောက် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပြီး ၂၀၀၀(၁ဂိုး)၊ ၂၀၀၄(၂ဂိုး)၊ ၂၀၀၈(ဝဂိုး)၊
၂၀၁၂(၁ဂိုး)၊ ၂၀၁၆(၃ဂိုး)ပြိုင်ပွဲအားလုံးပေါင်း OG ဂိုးအရေအတွက်ကို ဒီတစ်ကြိမ်တည်းနဲ့တူညီသွားခဲ့တာလည်းဖြစ်ပါတယ်။

 

Zawgyi

စပိန္အသင္းအတြက္ ဂိုးထဲကိုလက္နဲ႔ပုတ္သြင္းေပးခဲ့တဲ့ ဆလိုဗက္ကီးယားဂိုးသမား

ဆလိုဗက္ကီးယားအသင္းရဲ႕ နယူးကာဆယ္ဂိုးသမားဒူဘရက္ကာကေတာ့ စပိန္အသင္းနဲ႔ပြဲမွာ အရယ္ရဆုံးနဲ႔ စိတ္ပ်က္စရာအေကာင္းဆုံး ကိုယ့္ဂိုးကိုယ္သြင္းယူမႈျပဳလုပ္ခဲ့ပါတယ္။
ဒူဘရက္ကာဟာ ပရီးမီးယားလိဂ္ပြဲတခ်ိဳ႕မွာလည္း အမွားလုပ္ခဲ့ဖူးေပမယ့္ ဒီေလာက္အထိ ဆိုး႐ြားတဲ့အမွားမ်ိဳး မက်ဴးလြန္ခဲ့ပါဘူး။

စပိန္အသင္းနဲ႔ပြဲ ပထမပိုင္း(၁၂)မိနစ္မွာ ရရွိခဲ့တဲ့ပယ္နယ္တီကို မိုရာတာ ကန္သြင္းခဲ့တာမွာ ဒူဘရက္ကာဟာ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ၿပီး အခြင့္အေရးတခ်ိဳ႕ကိုလည္း ပုတ္ထုတ္ခဲ့ႏိုင္ခဲ့ေပမယ့္ ဂိုးေပးလိုက္ရေတာ့လည္း ဘာမွမဟုတ္တဲ့အေနအထားကေန ေပးလိုက္ရတာပါ။

မိနစ္(၃၀)မွာ စပိန္အသင္းေတာင္ပံတိုက္စစ္ကစားသမား ဆာရာဘီယာရဲ႕ အေဝးကန္ခ်က္က အေပၚဘားတိုင္နဲ႔ထိၿပီး ေဘာလုံးျပန္အက်မွာ ဒူဘရက္ကာဟာ ပုတ္ထုတ္ဖို႔ႀကိဳးစားခဲ့တာကေန ေဘာလုံးက အျပင္မေရာက္ဘဲ ဂိုးထဲဝင္သြားတာပဲျဖစ္ပါတယ္။

အေႏွးျပကြက္ေတြကို ျပန္ၾကည့္ရင္ ဒူဘရက္ကာဟာ တမင္တကာမ်ား ကိုယ့္ဂိုးထဲကိုယ္ပုတ္ထည့္လိုက္သလားလို႔ေတာင္ ထင္ရပါတယ္။
ပိုလန္နဲ႔ဆလိုဗက္ကီးယားတို႔ကစားခဲ့တဲ့ပြဲတုန္းက ပိုလန္ဂိုးသမားဆဇက္စနီ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္
OG သြင္းခဲ့တဲ့ ပထမဆုံးဂိုးသမားအျဖစ္ စံခ်ိန္တင္ခဲ့သလို ဒူဘရက္ကာဟာလည္း အားက်မခံ ဆဇက္စနီနဲ႔အတူ မွတ္တမ္းဝင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာပါပဲ။

ဒူဘရက္ကာရဲ႕ OG ဂိုးက ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ (၇)ဂိုးေျမာက္ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တာျဖစ္ၿပီး ၂၀၀၀(၁ဂိုး)၊ ၂၀၀၄(၂ဂိုး)၊ ၂၀၀၈(ဝဂိုး)၊
၂၀၁၂(၁ဂိုး)၊ ၂၀၁၆(၃ဂိုး)ၿပိဳင္ပြဲအားလုံးေပါင္း OG ဂိုးအေရအတြက္ကို ဒီတစ္ႀကိမ္တည္းနဲ႔တူညီသြားခဲ့တာလည္းျဖစ္ပါတယ္။