အဖေလိုပဲ သားရှမိုက်ကယ်က ယူရိုချန်ပီယံဆုဖလားရယူပေးနိုင်မလား

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဘယ်သူမှမထင်မှတ်လောက်အောင် Shock ဖြစ်ခဲ့ရတဲ့အဖြစ်အပျက်တွေအများကြီးရှိခဲ့ဖူးတယ်။ ၂၀၀၄ ခုနှစ်ပြိုင်ပွဲတုန်းက ဗိုလ်စွဲဖို့ရေပန်းစားနိုင်ခြေအနည်းဆုံး ဂရိအသင်းက ပြင်သစ်၊ ပေါ်တူဂီစတဲ့ ထိပ်သီးအသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ့တာ ယူရို-၉၂ပြိုင်ပွဲမှာ ခြေစစ်ပွဲတောင်မအောင်ခဲ့တဲ့ ဒိန်းမတ်အသင်းက ကံကောင်းလို့ ပြိုင်ပွဲကစားခွင့်ရခဲ့သလို နောက်ဆုံးချန်ပီယံဆုဖလားပါ ကိုင်မြှောက်နိုင်ခဲ့တာတွေက အခုအချိန်အထိပြောစမှတ်ဖြစ်နေဆဲပါပဲ။

ယူရို-၉၂ ပြိုင်ပွဲမှာ ဒိန်းမတ်အသင်းဟာ ခြေစစ်ပွဲအုပ်စုအဆင့်တုန်းက ဒုတိယနေရာသာရခဲ့ပေမယ့် ခြေစစ်ပွဲအောင်ခဲ့တဲ့ ယူဂိုဆလားဗီးယားအသင်းက ပြည်တွင်းစစ်ပြဿနာကြောင့် ပြိုင်ပွဲကအထုတ်ခံခဲ့ရလို့ သူတို့နေရာမှာ ဒိန်းမတ်အသင်း အစားထိုးယှဉ်ပြိုင်ခွင့်ရခဲ့တယ်။ အဲဒီတုန်းက ဒိန်းမတ်အသင်းလူစာရင်းမှာ လောက်လောက်လားလားဆိုလို့ မန်ချက်စတာယူနိုက်တက်ဂိုးသမားရှမိုက်ကယ်၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဘရိုင်ယန်လော့ဒရပ်၊တို့လောက်သာရှိပြီး အများစုက လူမသိသူမသိကစားတွေပါပဲ။

အုပ်စုတွင်းမှာ ပြင်သစ်၊အင်္ဂလန်၊ ဆွီဒင်တို့နဲ့အတူကျနေတာကြောင့် ဒိန်းမတ်တို့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ရမယ်လို့ အားလုံးကတွက်ထားသလို တကယ်လည်း ဒိန်းမတ်အသင်းရဲ့ ရလဒ်တွေက အားရစရာမကောင်းခဲ့ဘူး။ ဒါပေမဲ့ နာမည်ကြီး ပြင်သစ်နဲ့အင်္ဂလန်တို့ရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်နဲ့အတူ ဒိန်းမတ်အသင်းဟာ (၁)ပွဲနိုင်၊ (၁)ပွဲသရေ(၃)မှတ်(အဲဒီအချိန်က တစ်ပွဲနိုင် ၂ မှတ်သာပေး)သာရခဲ့ပြီး အုပ်စုဒုတိယရခဲ့တာကြောင့် လိမ်ဖယ်လိမ်ဖယ်နဲ့ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ ဘားကမ့်၊ အဲဒီအချိန်က ရဲသုံးဖော်အဖြစ် နာမည်ကျော်ခဲ့တဲ့ ဂူးလစ်၊ ဗန်ဘာစတန်၊ ရီကတ်တို့လို နာမည်ကျော်ကစားသမားတွေပါဝင်နေတဲ့ နယ်သာလန်အသင်းနဲ့ ဆုံတွေ့ခဲ့တာကြောင့် ဒိန်းမတ်တို့ ဒီတစ်ခါတော့ ကံမကောင်းနိုင်တော့ဘူးလို့ ယူဆခဲ့ကြပြန်တယ်။

ဒါပေမဲ့လည်း ဂိုးသမားကြီးရှမိုက်ကယ်ရဲ့လက်စွမ်းပြမှုနဲ့အတူ ပယ်နယ်တီအဆုံးအဖြတ်မှာ နယ်သာလန်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲရောက်၊ ဗိုလ်လုပွဲမှာလည်း ဗိုလ်စွဲဖို့ရေပန်းအစားဆုံး ဂျာမနီကို (၂)ဂိုးပြတ်အနိုင်ယူခဲ့တာကြောင့် ဒိန်းမတ်အသင်းက တစ်ကမ္ဘာလုံးကပရိသတ်တွေက အံ့အားသင့်စရာဖြစ်အောင်ဖန်တီးပြနိုင်ခဲ့တယ်။

 

အခုအချိန်မှာလည်း ဒိန်းမတ်အသင်းက ၉၂ တုန်းကလိုအဖြစ်မျိုးနဲ့ ခပ်ဆင်ဆင်သွားတူနေတယ်။ အုပ်စုအဖွင့်ပွဲစဉ်နှစ်ပွဲမှာ ဖင်လန်၊ ဘယ်လ်ဂျီယံတို့ကို ရှုံးခဲ့တာကြောင့် ဒိန်းမတ်တို့ ဒီတစ်ကြိမ်ပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့ပဲကျေနပ်ရတော့မယ်လို့ အားလုံးကထင်ခဲ့ကြပေမယ့် နောက်ဆုံးပွဲမှာ ရုရှားကို (၄-၁)ဂိုးပြတ်နဲ့အနိုင်ယူခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခွင့်ရရှိခဲ့ပါပြီ။ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဖွင့်နှစ်ပွဲဆက်ရှုံးပြီးမှ နောက်တစ်ဆင့်တက်ခဲ့တာက ဒိန်းမတ်တစ်သင်းသာရှိပါသေးတယ်။

ဖင်လန်နဲ့ပွဲတုန်းက သေကံမရောက်အသက်မပျောက်ခဲ့တဲ့ အဲရစ်ဆင်အတွက် ဒိန်းမတ်ကစားသမားတွေ အောင်ပွဲလက်ဆောင်ရယူပေးဖို့ ဆန္ဒပြင်းပြနေတာကလည်း ရုရှားကို ဂိုးပြတ်အနိုင်ရဖို့အတွက် တွန်းအားဖြစ်စေတယ်လို့သတ်မှတ်ရမယ်။ နောက်ထပ်ထူးခြားချက်က ၉၂ ချန်ပီယံအသင်းမှာ ရှမိုက်ကယ်က လက်စွမ်းပြခဲ့သလို အခု ယူရို-၂၀၂၀မှာလည်း သားဖြစ်သူ ကက်စ်ပါရှမိုက်ကယ်ဟာ ဒိန်းမတ်အသင်းအတွက် အကောင်းဆုံးပုံစံပြနေတာကြောင့် အဖေလိုပဲ သားရှမိုက်ကယ်က ယူရိုချန်ပီယံဆုဖလားရယူပေးနိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေတယ်။

တစ်ခုရှိတာက ၉၂ ပြိုင်ပွဲမှာ အသင်းအရေအတွက် (၁၀)သင်းသာရှိသလို ကစားရတဲ့အဆင့်က နည်းပြီး အခုပြိုင်ပွဲမှာတော့ ရှုံးထွက်(၁၆)သင်း၊ ကွာတား၊ ဆီမီးစတဲ့အဆင့်တွေကျော်ဖြတ်ရမှာဖြစ်တဲ့အတွက် ဒိန်းမတ်တို့ ၉၂ ပြိုင်ပွဲကထက် ကံကြမ္မာကောင်းပိုရဖို့လိုနေပါတယ်။

ရှုံးထွက်(၁၆)သင်းအဆင့်မှာ အဆင့်တူ ဝေးလ်စ်နဲ့ ဆုံတွေ့ရမှာဖြစ်တာကြောင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိနေပြီး ကျန်တဲ့အဆင့်တွေရောက်ရင်တော့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရဖို့ရှိနေပါပြီ။ ဘာပဲဖြစ်ဖြစ် အုပ်စုကထွက်ရဖို့ ရာခိုင်နှုန်းများတဲ့အနေအထားကနေ ရှုံးထွက်(၁၆)သင်းအဆင့်တက်ခဲ့တာက ဒိန်းမတ်တို့အတွက် ကျေနပ်စရာကောင်းတယ်လို့ သတ်မှတ်ရမှာဖြစ်ပြီး ယူရို-၉၂တုန်းက ပုံပြင်ဟောင်းကို (၂၉)နှစ်အကြာမှာ Danish Dynamite တို့ ပြန်အသက်သွင်းနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတော့တယ် . .

zawgyi

အေဖလိုပဲ သားရွမိုက္ကယ္က ယူ႐ိုခ်န္ပီယံဆုဖလားရယူေပးႏိုင္မလား

ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ ဘယ္သူမွမထင္မွတ္ေလာက္ေအာင္ Shock ျဖစ္ခဲ့ရတဲ့အျဖစ္အပ်က္ေတြအမ်ားႀကီးရွိခဲ့ဖူးတယ္။ ၂၀၀၄ ခုႏွစ္ၿပိဳင္ပြဲတုန္းက ဗိုလ္စြဲဖို႔ေရပန္းစားႏိုင္ေျခအနည္းဆုံး ဂရိအသင္းက ျပင္သစ္၊ ေပၚတူဂီစတဲ့ ထိပ္သီးအသင္းေတြကို ေက်ာ္ျဖတ္ၿပီး ဗိုလ္စြဲခဲ့တာ ယူ႐ို-၉၂ၿပိဳင္ပြဲမွာ ေျခစစ္ပြဲေတာင္မေအာင္ခဲ့တဲ့ ဒိန္းမတ္အသင္းက ကံေကာင္းလို႔ ၿပိဳင္ပြဲကစားခြင့္ရခဲ့သလို ေနာက္ဆုံးခ်န္ပီယံဆုဖလားပါ ကိုင္ေျမႇာက္ႏိုင္ခဲ့တာေတြက အခုအခ်ိန္အထိေျပာစမွတ္ျဖစ္ေနဆဲပါပဲ။

ယူ႐ို-၉၂ ၿပိဳင္ပြဲမွာ ဒိန္းမတ္အသင္းဟာ ေျခစစ္ပြဲအုပ္စုအဆင့္တုန္းက ဒုတိယေနရာသာရခဲ့ေပမယ့္ ေျခစစ္ပြဲေအာင္ခဲ့တဲ့ ယူဂိုဆလားဗီးယားအသင္းက ျပည္တြင္းစစ္ျပႆနာေၾကာင့္ ၿပိဳင္ပြဲကအထုတ္ခံခဲ့ရလို႔ သူတို႔ေနရာမွာ ဒိန္းမတ္အသင္း အစားထိုးယွဥ္ၿပိဳင္ခြင့္ရခဲ့တယ္။ အဲဒီတုန္းက ဒိန္းမတ္အသင္းလူစာရင္းမွာ ေလာက္ေလာက္လားလားဆိုလို႔ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားရွမိုက္ကယ္၊ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးဘ႐ိုင္ယန္ေလာ့ဒရပ္၊တို႔ေလာက္သာရွိၿပီး အမ်ားစုက လူမသိသူမသိကစားေတြပါပဲ။

အုပ္စုတြင္းမွာ ျပင္သစ္၊အဂၤလန္၊ ဆြီဒင္တို႔နဲ႔အတူက်ေနတာေၾကာင့္ ဒိန္းမတ္တို႔ အုပ္စုအဆင့္ကေနပဲ လွည့္ျပန္ရမယ္လို႔ အားလုံးကတြက္ထားသလို တကယ္လည္း ဒိန္းမတ္အသင္းရဲ႕ ရလဒ္ေတြက အားရစရာမေကာင္းခဲ့ဘူး။ ဒါေပမဲ့ နာမည္ႀကီး ျပင္သစ္နဲ႔အဂၤလန္တို႔ရဲ႕ ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္နဲ႔အတူ ဒိန္းမတ္အသင္းဟာ (၁)ပြဲႏိုင္၊ (၁)ပြဲသေရ(၃)မွတ္(အဲဒီအခ်ိန္က တစ္ပြဲႏိုင္ ၂ မွတ္သာေပး)သာရခဲ့ၿပီး အုပ္စုဒုတိယရခဲ့တာေၾကာင့္ လိမ္ဖယ္လိမ္ဖယ္နဲ႔ ဆီမီးဖိုင္နယ္တက္ေရာက္ခဲ့တယ္။

ဆီမီးဖိုင္နယ္အဆင့္မွာ ဘားကမ့္၊ အဲဒီအခ်ိန္က ရဲသုံးေဖာ္အျဖစ္ နာမည္ေက်ာ္ခဲ့တဲ့ ဂူးလစ္၊ ဗန္ဘာစတန္၊ ရီကတ္တို႔လို နာမည္ေက်ာ္ကစားသမားေတြပါဝင္ေနတဲ့ နယ္သာလန္အသင္းနဲ႔ ဆုံေတြ႕ခဲ့တာေၾကာင့္ ဒိန္းမတ္တို႔ ဒီတစ္ခါေတာ့ ကံမေကာင္းႏိုင္ေတာ့ဘူးလို႔ ယူဆခဲ့ၾကျပန္တယ္။ ဒါေပမဲ့လည္း ဂိုးသမားႀကီးရွမိုက္ကယ္ရဲ႕လက္စြမ္းျပမႈနဲ႔အတူ ပယ္နယ္တီအဆုံးအျဖတ္မွာ နယ္သာလန္ကို ေက်ာ္ျဖတ္ၿပီး ဗိုလ္လုပြဲေရာက္၊ ဗိုလ္လုပြဲမွာလည္း ဗိုလ္စြဲဖို႔ေရပန္းအစားဆုံး ဂ်ာမနီကို (၂)ဂိုးျပတ္အႏိုင္ယူခဲ့တာေၾကာင့္ ဒိန္းမတ္အသင္းက တစ္ကမာၻလုံးကပရိသတ္ေတြက အံ့အားသင့္စရာျဖစ္ေအာင္ဖန္တီးျပႏိုင္ခဲ့တယ္။

အခုအခ်ိန္မွာလည္း ဒိန္းမတ္အသင္းက ၉၂ တုန္းကလိုအျဖစ္မ်ိဳးနဲ႔ ခပ္ဆင္ဆင္သြားတူေနတယ္။ အုပ္စုအဖြင့္ပြဲစဥ္ႏွစ္ပြဲမွာ ဖင္လန္၊ ဘယ္လ္ဂ်ီယံတို႔ကို ရႈံးခဲ့တာေၾကာင့္ ဒိန္းမတ္တို႔ ဒီတစ္ႀကိမ္ၿပိဳင္ပြဲမွာ အုပ္စုအဆင့္နဲ႔ပဲေက်နပ္ရေတာ့မယ္လို႔ အားလုံးကထင္ခဲ့ၾကေပမယ့္ ေနာက္ဆုံးပြဲမွာ ႐ုရွားကို (၄-၁)ဂိုးျပတ္နဲ႔အႏိုင္ယူခဲ့တာေၾကာင့္ အုပ္စုဒုတိယနဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ခြင့္ရရွိခဲ့ပါၿပီ။ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အုပ္စုအဖြင့္ႏွစ္ပြဲဆက္ရႈံးၿပီးမွ ေနာက္တစ္ဆင့္တက္ခဲ့တာက ဒိန္းမတ္တစ္သင္းသာရွိပါေသးတယ္။

ဖင္လန္နဲ႔ပြဲတုန္းက ေသကံမေရာက္အသက္မေပ်ာက္ခဲ့တဲ့ အဲရစ္ဆင္အတြက္ ဒိန္းမတ္ကစားသမားေတြ ေအာင္ပြဲလက္ေဆာင္ရယူေပးဖို႔ ဆႏၵျပင္းျပေနတာကလည္း ႐ုရွားကို ဂိုးျပတ္အႏိုင္ရဖို႔အတြက္ တြန္းအားျဖစ္ေစတယ္လို႔သတ္မွတ္ရမယ္။ ေနာက္ထပ္ထူးျခားခ်က္က ၉၂ ခ်န္ပီယံအသင္းမွာ ရွမိုက္ကယ္က လက္စြမ္းျပခဲ့သလို အခု ယူ႐ို-၂၀၂၀မွာလည္း သားျဖစ္သူ ကက္စ္ပါရွမိုက္ကယ္ဟာ ဒိန္းမတ္အသင္းအတြက္ အေကာင္းဆုံးပုံစံျပေနတာေၾကာင့္ အေဖလိုပဲ သားရွမိုက္ကယ္က ယူ႐ိုခ်န္ပီယံဆုဖလားရယူေပးႏိုင္မလားဆိုတာက စိတ္ဝင္စားဖို႔ေကာင္းေနတယ္။

တစ္ခုရွိတာက ၉၂ ၿပိဳင္ပြဲမွာ အသင္းအေရအတြက္ (၁၀)သင္းသာရွိသလို ကစားရတဲ့အဆင့္က နည္းၿပီး အခုၿပိဳင္ပြဲမွာေတာ့ ရႈံးထြက္(၁၆)သင္း၊ ကြာတား၊ ဆီမီးစတဲ့အဆင့္ေတြေက်ာ္ျဖတ္ရမွာျဖစ္တဲ့အတြက္ ဒိန္းမတ္တို႔ ၉၂ ၿပိဳင္ပြဲကထက္ ကံၾကမၼာေကာင္းပိုရဖို႔လိုေနပါတယ္။ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အဆင့္တူ ေဝးလ္စ္နဲ႔ ဆုံေတြ႕ရမွာျဖစ္တာေၾကာင့္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ရွိေနၿပီး က်န္တဲ့အဆင့္ေတြေရာက္ရင္ေတာ့ အသင္းႀကီးေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိေနပါၿပီ။ ဘာပဲျဖစ္ျဖစ္ အုပ္စုကထြက္ရဖို႔ ရာခိုင္ႏႈန္းမ်ားတဲ့အေနအထားကေန ရႈံးထြက္(၁၆)သင္းအဆင့္တက္ခဲ့တာက ဒိန္းမတ္တို႔အတြက္ ေက်နပ္စရာေကာင္းတယ္လို႔ သတ္မွတ္ရမွာျဖစ္ၿပီး ယူ႐ို-၉၂တုန္းက ပုံျပင္ေဟာင္းကို (၂၉)ႏွစ္အၾကာမွာ Danish Dynamite တို႔ ျပန္အသက္သြင္းႏိုင္မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပဲျဖစ္ပါေတာ့တယ္ . .