အင်္ဂလန်၊ ပြင်သစ် ၊ချက်၊ ဆွီဒင်တို့ အုပ်စုနောက်ဆုံးပွဲစဉ်မကစားခင်မှာတင် (၁၆)သင်း ရှုံးထွက်အဆင့်ကိုတက်

ပြိုင်ပွဲကြီးတွေမှာ ပရိသတ်အားပေးမှုများတဲ့အသင်းတွေ ပြိုင်ပွဲကနေ အစောကြီး နှုတ်ဆက်သွားခဲ့ချိန်တွေဆိုရင် ပြိုင်ပွဲအပေါ်မှာ ပရိသတ်တွေရဲ့အားပေးမှုဟာ လျှင်လျှင်မြန်မြန်လျှော့ကျသွားတတ်ကြတာ ကြောင့် ပြိုင်ပွဲစီစဉ်သူတွေဟာလည်း သူတို့ရဲ့ ပြိုင်ပွဲကို ပရိသတ်တွေစိတ်ဝင်စားမှုမကျသွားအောင် စီစဉ်ထားတတ်ကြပါတယ်။ ဒီနေ့နံနက်အထိ ကစားခဲ့ပြီးကြတဲ့ အုပ်စု (A,B,C)တို့ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေအပြီးမှာ ကျန်အုပ်စု (D, E,F ) တို့ထဲက ၁၆သင်း ရှုံးထွက်အဆင့်ကို မကန်ရသေးဘဲ အလိုအလျောက် တတ်လှမ်းသွားခဲ့တဲ့ အသင်းတွေ ပေါ်ထွက်လာခဲ့ပါပြီ။

ပြိုင်ပွဲစဉ်းမျဉ်းအရ အုပ်စု (၆)စုမှာ အုပ်စု ပထမနဲ့ ဒုတိယရရှိတဲ့အသင်းတွေဟာ နောက်တစ်ဆင့်ကို တက်ရောက်ကြရသလို နောက်ထပ် အုပ်စု တတိယနေရာမှာ ရောက်နေတဲ့ အုပ်စု (၆)စုရဲ့ အသင်း (၆)သင်းထဲက အသင်း(၄)သင်းဟာလည်း ပြိုင်ပွဲရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ ရှုံးထွက်အဆင့်ကိုတက်ရောက်ခွင့်ရကြမှာဖြစ်ပါတယ်။ တတိယနေရာမှာ ရောက်နေတဲ့ အသင်း (၆)သင်းထဲက (၄)သင်း ရွေးချယ်ရာမှာ ရမှတ်၊ သွင်းဂိုးကွာခြားချက်တို့နဲ့ ရွေးချယ်မှာဖြစ်ပါတယ်။

အခုလက်ရှိ အုပ်စု(၃)စု ကစားပြီးချိန်မှာ အုပ်စု( A )ရဲ့ဆွစ်ဇာလန်တစ်သင်းကသာ ရမှတ်(၄)မှတ် ရယူထားနိုင်ခဲ့ပြီး ကျန်တဲ့ အုပ်စု ( B ) ဖင်လန်နဲ့ အုပ်စု ( C ) ယူကရိန်း တို့က (၃)မှတ်စီသာ ရရှိခဲ့ပါတယ်။

ဒါကြောင့် နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့ လက်ကျန် တတိယနေရာ(၃)နေရာအတွက် အသင်းတွေဟာ အနည်းဆုံး ရမှတ်(၃)မှတ်ကို မဖြစ်မနေ ရယူဖို့ လိုအပ်နေပါပြီ။ ဒီအခြေအနေဟာ ရမှတ် (၄)မှတ်ရထားတဲ့အသင်းဆိုရင် နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရရှိတယ် ဆိုတဲ့ သ ဘောပါပဲ။ မနက်ဖန်မှာ ကစားကြမယ့် အုပ်စု ( D )ရဲ့ အနေအထားမှာဆိုရင် ချက်နဲ့ အင်္ဂလန်တို့ဟာ (၄)မှတ်စီရရှိထားကြတာဖြစ်တာကြောင့် ပွဲ မကစားခင်ကတည်းက အုပ်စုအဆင့်ကနေတက်နေပြီလို့ ပြောလို့ရပါတယ်။

ရမှတ် (၁)မှတ်စီသာရရှိထားသေးတဲ့ ခရိုအေးရှားနဲ့ စကော့တလန်အသင်းတို့ကတော့ သရေကျခွင့်မရှိဘဲ နိုင်တဲ့အသင်းက နောက်တစ်ဆင့်ကို တက်ခွင့်ရမှာပါ။ အုပ်စု ( E ) မှာတော ဆွီဒင်တစ်သင်းကသာ ရမှတ် (၄)မှတ်ရရှိထားတာကြောင့် အုပ်စုကနေ နောက်တစ်ဆင့်ကိုတက်ခွင့်ရဖို့သေချာပြီး စပိန်နဲ့ပိုလန်တို့က အနိုင်ရရှိမှသာ နောက်တစ်ဆင့်ကိုတက်ခွင့်ရကြမှာပါ။ ဆလိုဗက်ကီးယား အသင်းကတော့ သရေ(၁)မှတ်ရတာနဲ့တင် နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပေမယ့် အမှတ်လိုနေတဲ့ စပိန်တွေကြောင့် ဒီပွဲဟာ ဘယ်အသင်း အုပ်စုကနေ နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဒီပြိုင်ပွဲရဲ့ မရဏအုပ်စုလို့တင်စားထားကြတဲ့ အုပ်စု ( F ) မှာ နောက်တစ်ဆင့်တက်နိုင်ဖို့ ရမှတ် (၄)မှတ် ရထားတဲ့အသင်းဟာ ပြင်သစ် တစ်သင်းထဲသာရှိနေပါသေးတယ်။ ဂျာမနီနဲ့ ပေါ်တူဂီတို့ဟာ ရမှတ် (၃)မှတ်စီရရှိထားပြီး ဟန်ဂေရီက ရမှတ် (၁)မှတ် ရရှိထားတာကြောင့် ဒီအုပ်စုမှာ ဘယ်အသင်းမဆို နောက်တစ်ဆင့်ကိုတက်ရောက်နိုင်တဲ့အခွင့်အရေးတွေရှိနေပါတယ်။

ဒီအချိန်မှာ ပရိသတ်အားပေးမှုများတဲ့ အင်္ဂလန်၊ ပြင်သစ်တို့နဲ့အတူ ချက်၊ ဆွီဒင်တို့ဟာ ရမှတ် (၄)မှတ်ရထားတဲ့အသင်းတွေဖြစ်တာကြောင့် သူတို့အသင်းရဲ့ပရိသတ်တွေက နောက်တစ်ဆင့်မတက်နိုင်မှာက စိတ်ပူနေစရာမရှိတော့ပဲ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို စိတ်အေးစွာနဲ့ အားပေးနိုင်တော့မှာပါ။

zawgyi

အဂၤလန္၊ ျပင္သစ္ ၊ခ်က္၊ ဆြီဒင္တို႕ အုပ္စုေနာက္ဆံုးပြဲစဥ္မကစားခင္မွာတင္ (၁၆)သင္း ရႈံးထြက္အဆင့္ကိုတက္

ျပိဳင္ပြဲၾကီးေတြမွာ ပရိသတ္အားေပးမႈမ်ားတဲ့အသင္းေတြ ျပိဳင္ပြဲကေန အေစာၾကီး ႏႈတ္ဆက္သြားခဲ့ခ်ိန္ေတြဆိုရင္ ျပိဳင္ပြဲအေပၚမွာ ပရိသတ္ေတြရဲ႕အားေပးမႈဟာ လွ်င္လွ်င္ျမန္္ျမန္ေလွ်ာ့က်သြားတတ္ၾကတာ ေၾကာင့္ ျပိဳင္ပြဲစီစဥ္သူေတြဟာလည္း သူတုိ႕ရဲ႕ ျပိဳင္ပြဲကို ပရိသတ္ေတြစိတ္ဝင္စားမႈမက်သြားေအာင္ စီစဥ္ထားတတ္ၾကပါတယ္။ ဒီေန႕နံနက္အထိ ကစားခဲ့ၿပီးၾကတဲ့ အုပ္စု (A,B,C)တို႕ရဲ႕ အုပ္စုေနာက္ဆုံးပြဲစဥ္ေတြအၿပီးမွာ က်န္အုပ္စု (D, E,F ) တို႕ထဲက ၁၆သင္း ရႈံးထြက္အဆင့္ကို မကန္ရေသးဘဲ အလိုအေလ်ာက္ တတ္လွမ္းသြားခဲ့တဲ့ အသင္းေတြ ေပၚထြက္လာခဲ့ပါၿပီ။

ျပိဳင္ပြဲစဥ္းမ်ဥ္းအရ အုပ္စု (၆)စုမွာ အုပ္စု ပထမနဲ႕ ဒုတိယရရွိတဲ့အသင္းေတြဟာ ေနာက္တစ္ဆင့္ကို တက္ေရာက္ၾကရသလို ေနာက္ထပ္ အုပ္စု တတိယေနရာမွာ ေရာက္ေနတဲ့ အုပ္စု (၆)စုရဲ႕ အသင္း (၆)သင္းထဲက အသင္း(၄)သင္းဟာလည္း ျပိဳင္ပြဲရဲ႕ ေနာက္တစ္ဆင့္ျဖစ္တဲ့ ရႈံးထြက္အဆင့္ကိုတက္ေရာက္ခြင့္ရၾကမွာျဖစ္ပါတယ္။ တတိယေနရာမွာ ေရာက္ေနတဲ့ အသင္း (၆)သင္းထဲက (၄)သင္း ေရြးခ်ယ္ရာမွာ ရမွတ္၊ သြင္းဂိုးကြာျခားခ်က္တို႕နဲ႕ ေရြးခ်ယ္မွာျဖစ္ပါတယ္။

အခုလက္ရွိ အုပ္စု(၃)စု ကစားၿပီးခ်ိန္မွာ အုပ္စု( A )ရဲ႕ဆြစ္ဇာလန္တစ္သင္းကသာ ရမွတ္(၄)မွတ္ ရယူထားႏိုင္ခဲ့ၿပီး က်န္တဲ့ အုပ္စု ( B ) ဖင္လန္နဲ႕ အုပ္စု ( C ) ယူကရိန္း တို႔က (၃)မွတ္စီသာ ရရွိခဲ့ပါတယ္။

ဒါေၾကာင့္ ေနာက္တစ္ဆင့္ကို တတ္လွမ္းႏိုင္ဖို႔ လက္က်န္ တတိယေနရာ(၃)ေနရာအတြက္ အသင္းေတြဟာ အနည္းဆုံး ရမွတ္(၃)မွတ္ကို မျဖစ္မေန ရယူဖို႔ လိုအပ္ေနပါၿပီ။ ဒီအေျခအေနဟာ ရမွတ္ (၄)မွတ္ရထားတဲ့အသင္းဆိုရင္ ေနာက္တစ္ဆင့္ကို တက္ေရာက္ခြင့္ရရွိတယ္ ဆိုတဲ့ သ ေဘာပါပဲ။ မနက္ဖန္မွာ ကစားၾကမယ့္ အုပ္စု ( D )ရဲ႕ အေနအထားမွာဆိုရင္ ခ်က္နဲ႕ အဂၤလန္တို႕ဟာ (၄)မွတ္စီရရွိထားၾကတာျဖစ္တာေၾကာင့္ ပြဲ မကစားခင္ကတည္းက အုပ္စုအဆင့္ကေနတက္ေနၿပီလို႕ ေျပာလို႕ရပါတယ္။

ရမွတ္ (၁)မွတ္စီသာရရွိထားေသးတဲ့ ခရိုေအးရွားနဲ႕ စေကာ့တလန္အသင္းတို႕ကေတာ့ သေရက်ခြင့္မရွိဘဲ ႏိုင္တဲ့အသင္းက ေနာက္တစ္ဆင့္ကို တက္ခြင့္ရမွာပါ။ အုပ္စု ( E ) မွာေတာ ဆြီဒင္တစ္သင္းကသာ ရမွတ္ (၄)မွတ္ရရွိထားတာေၾကာင့္ အုပ္စုကေန ေနာက္တစ္ဆင့္ကိုတက္ခြင့္ရဖို႕ေသခ်ာၿပီး စပိန္နဲ႕ပိုလန္တို႕က အႏိုင္ရရွိမွသာ ေနာက္တစ္ဆင့္ကိုတက္ခြင့္ရၾကမွာပါ။

ဆလိုဗက္ကီးယား အသင္းကေတာ့ သေရ(၁)မွတ္ရတာနဲ႕တင္ ေနာက္တစ္ဆင့္ကိုတက္ေရာက္ႏိုင္မွာျဖစ္ေပမယ့္ အမွတ္လိုေနတဲ့ စပိန္ေတြေၾကာင့္ ဒီပြဲဟာ ဘယ္အသင္း အုပ္စုကေန ေနာက္တစ္ဆင့္ကိုတက္ေရာက္သြားႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

ဒီျပိဳင္ပြဲရဲ႕ မရဏအုပ္စုလို႕တင္စားထားၾကတဲ့ အုပ္စု ( F ) မွာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႕ ရမွတ္ (၄)မွတ္ ရထားတဲ့အသင္းဟာ ျပင္သစ္ တစ္သင္းထဲသာရွိေနပါေသးတယ္။ ဂ်ာမနီနဲ႕ ေပၚတူဂီတို႕ဟာ ရမွတ္ (၃)မွတ္စီရရွိထားၿပီး ဟန္ေဂရီက ရမွတ္ (၁)မွတ္ ရရွိထားတာေၾကာင့္ ဒီအုပ္စုမွာ ဘယ္အသင္းမဆို ေနာက္တစ္ဆင့္ကိုတက္ေရာက္ႏိုင္တဲ့အခြင့္အေရးေတြရွိေနပါတယ္။

ဒီအခ်ိန္မွာ ပရိသတ္အားေပးမႈမ်ားတဲ့ အဂၤလန္၊ ျပင္သစ္တို႕နဲ႕အတူ ခ်က္၊ ဆြီဒင္တို႕ဟာ ရမွတ္ (၄)မွတ္ရထားတဲ့အသင္းေတြျဖစ္တာေၾကာင့္ သူတို႕အသင္းရဲ႕ပရိသတ္ေတြက ေနာက္တစ္ဆင့္မတက္ႏိုင္မွာက စိတ္ပူေနစရာမရွိေတာ့႔ပဲ အုပ္စုေနာက္ဆံုးပြဲစဥ္ေတြကို စိတ္ေအးစြာနဲ႕ အားေပးႏိုင္ေတာ့မွာပါ။