အင်္ဂလန်အသင်း အုပ်စုဗိုလ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူမလား၊ ရှုံးထွက်(၁၆)သင်းအဆင့်မှာ လမ်းကြောင်းချောင်အောင် ဂုဏ်သိက္ခာကိုပဲ ရင်းမလား

လက်ရှိကျင်းပနေတဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းဟာ ဒီနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးမနက် ၁:၃၀)မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ချက်အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ အခုလောလောဆယ် အင်္ဂလန်အသင်းဟာ အုပ်စုနှစ်ပွဲကစားပြီးချိန်မှာ ခရိုအေးရှားကို နိုင်၊ စကော့တလန်နဲ့သရေကျခဲ့လို့ (၄)မှတ်နဲ့ ချက်အသင်းနဲ့အမှတ်တူ၊ ဂိုးကွာခြားချက်အရ ဒုတိယနေရာမှာရပ်တည်နေပါတယ်။

အင်္ဂလန်အသင်းဟာ ချက်အသင်းကို ရှုံးနိမ့်ခဲ့ရင်တောင် အုပ်စုအကောင်းဆုံးတတိယနေရာသတ်မှတ်ချက်မှာ ယူကရိန်း၊ ဖင်လန်တို့က (၃)မှတ်စီသာရခဲ့တာကြောင့် အင်္ဂလန်အသင်း အကောင်းဆုံးတတိယတစ်နေရာရဖို့သေချာသွားပြီဖြစ်လို့ ဘယ်လိုရလဒ်ပဲထွက်ပေါ်လာပါစေ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်မှာပါ။

ယူရိုပြိုင်ပွဲအုပ်စု(၆)ခုက အကောင်းဆုံးတတိယ(၄)သင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်ခွင့်ရမှာဖြစ်တာကြောင့် (၄)မှတ်ရထားတဲ့ အင်္ဂလန်အသင်း အုပ်စုကထွက်ရဖို့ အခြေအနေမရှိတော့ပါဘူး။ အင်္ဂလန်ပရိသတ်တွေကတော့ သူတို့အသင်း အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ မြင်ချင်နေတာအမှန်ပါပဲ။

ဒါပေမဲ့ အင်္ဂလန်သာ အုပ်စုဗိုလ်ဖြစ်ခဲ့မယ်ဆိုရင် ရှုံးထွက်(၁၆)သင်းအဆင့်မှာ အုပ်စု(F)က ဒုတိယရတဲ့အသင်းနဲ့ဆုံတွေ့ရမှာဖြစ်လို့ ပွဲကျပ်ကစားရမှာပါ။ ယူရို-၂၀၂၀ပြိုင်ပွဲရဲ့ Group Of Death အဖြစ် သတ်မှတ်ခံထားရတဲ့ အုပ်စု(F)မှာ ပြင်သစ်အသင်းက (၄)မှတ်နဲ့ဦးဆောင်နေပြီး ဂျာမနီနဲ့ပေါ်တူဂီက (၃)မှတ်စီ၊ ဟန်ဂေရီက (၁)မှတ်နဲ့ အသင်းတိုင်း အသက်ရှိနေဆဲဖြစ်ပါတယ်။ သေချာတာကတော့ အင်္ဂလန်ဟာ အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်တက်ခဲ့ရင် ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီတစ်သင်းသင်းနဲ့ သေချာပေါက်ရင်ဆိုင်ရမှာဖြစ်လို့ သိပ်တော့မချောင်ပါဘူး။

ကံဆိုးပြီး ပေါ်တူဂီသာ အုပ်စုဒုတိယနဲ့တက်လာရင် အင်္ဂလန်တို့ ရှုံးထွက်(၁၆)သင်းအဆင့်ကနေ လှည့်ပြန်ဖို့ အထုတ်သာပြင်ထားရတော့မှာပါ။ အင်္ဂလန်ဟာ ပေါ်တူဂီနဲ့ပြိုင်ပွဲကြီးတွေမှာ ဆုံတွေ့ရင် ရလဒ်မကောင်းခဲ့ဘဲ ယူရို-၂၀၀၄၊ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ နှစ်ကြိမ်စလုံး ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာကို အားလုံးအသိပါပဲ။ တကယ်လို့ အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်မယ်ဆိုရင် ရှုံးထွက်(၁၆)သင်းအဆင့်မှာ အုပ်စု(E)ဒုတိယအသင်းနဲ့ ဆုံတွေ့မှာဖြစ်ပါတယ်။ အုပ်စု(E)မှာ ဆွီဒင်၊ ဆလိုဗက်ကီးယား၊ စပိန်တို့ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စပိန်အသင်းနဲ့ ဆုံတွေ့ဖို့က ၅၀%အောက်မှာပဲရှိပါတယ်။

ချက်အသင်းနဲ့ပွဲမှာ ဆိုးရွားတဲ့ရလဒ်နဲ့ရှုံး၊ စကော့တလန်က ခရိုအေးရှားကို (၄)ဂိုးပြတ်လောက်နဲ့နိုင်ရင် အင်္ဂလန်အသင်း အကောင်းဆုံးတတိယနဲ့ နောက်တစ်ဆင့်တက်နိုင်မှာဖြစ်ပေမယ့် ရှုံးထွက်(၁၆)သင်းအဆင့်မှာ နယ်သာလန် ဒါမှမဟုတ် အုပ်စု(E)ပထမနဲ့ဆုံတွေ့ရမှာဖြစ်ပြီး ဒီအနေအထားက ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ချက်နဲ့ပွဲမှာ သရေကျခဲ့မယ်ဆိုရင် အုပ်စုဒုတိယအဖြစ် နောက်တစ်ဆင့်တက်မှာဖြစ်ပြီး အုပ်စုဗိုလ်ဖြစ်ချင်ရင်တော့ အနိုင်ကစားမှာပါ။

ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်အဆင့်တွေရောက်ရင် အသင်းကြီးတွေနဲ့ ဆုံတွေ့ရဖို့ရှိနေပေမယ့် ဘာပဲဖြစ်ဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်မှာ အသင်းကြီးတွေကို ရှောင်လွှဲနိုင်ရင် အင်္ဂလန်တို့ အတွက် ပိုပြီးအကျိုးရှိစေနိုင်တယ်လို့ ပြောရမယ်။ ဆီမီးဖိုင်နယ်ပွဲတွေနဲ့ ဗိုလ်လုပွဲကို ဝင်ဘလေကွင်းမှာ ကစားရမှာဖြစ်လို့ အင်္ဂလန်အသင်းဟာ အဲဒီအဆင့်တွေအထိတက်လှမ်းနိုင်ခဲ့ရင် အိမ်ကွင်းအားသာချက်ရမှာပါ။ အဲဒါကြောင့် အင်္ဂလန်အသင်း အုပ်စုဗိုလ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူမလား၊ ဒါမှမဟုတ် ရှုံးထွက်(၁၆)သင်းအဆင့်မှာ လမ်းကြောင်းချောင်အောင် ဂုဏ်သိက္ခာကိုပဲ ရင်းမလားဆိုတာ ရွေးချယ်ရတော့မှာပဲဖြစ်ပါတယ်။

zawgyi

အဂၤလန္အသင္း အုပ္စုဗိုလ္ဆိုတဲ့ ဂုဏ္ပုဒ္ကို ရယူမလား၊ ရႈံးထြက္(၁၆)သင္းအဆင့္မွာ လမ္းေၾကာင္းေခ်ာင္ေအာင္ ဂုဏ္သိကၡာကိုပဲ ရင္းမလား

လက္ရွိက်င္းပေနတဲ့ ယူ႐ိုၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းတစ္သင္းျဖစ္တဲ့ အဂၤလန္အသင္းဟာ ဒီေန႔ည(ျမန္မာစံေတာ္ခ်ိန္ ဗုဒၶဟူးမနက္ ၁:၃၀)မွာ အုပ္စုေနာက္ဆုံးပြဲအျဖစ္ ခ်က္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။ အခုေလာေလာဆယ္ အဂၤလန္အသင္းဟာ အုပ္စုႏွစ္ပြဲကစားၿပီးခ်ိန္မွာ ခ႐ိုေအးရွားကို ႏိုင္၊ စေကာ့တလန္နဲ႔သေရက်ခဲ့လို႔ (၄)မွတ္နဲ႔ ခ်က္အသင္းနဲ႔အမွတ္တူ၊ ဂိုးကြာျခားခ်က္အရ ဒုတိယေနရာမွာရပ္တည္ေနပါတယ္။

အဂၤလန္အသင္းဟာ ခ်က္အသင္းကို ရႈံးနိမ့္ခဲ့ရင္ေတာင္ အုပ္စုအေကာင္းဆုံးတတိယေနရာသတ္မွတ္ခ်က္မွာ ယူကရိန္း၊ ဖင္လန္တို႔က (၃)မွတ္စီသာရခဲ့တာေၾကာင့္ အဂၤလန္အသင္း အေကာင္းဆုံးတတိယတစ္ေနရာရဖို႔ေသခ်ာသြားၿပီျဖစ္လို႔ ဘယ္လိုရလဒ္ပဲထြက္ေပၚလာပါေစ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္မွာပါ။ ယူ႐ိုၿပိဳင္ပြဲအုပ္စု(၆)ခုက အေကာင္းဆုံးတတိယ(၄)သင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ခြင့္ရမွာျဖစ္တာေၾကာင့္ (၄)မွတ္ရထားတဲ့ အဂၤလန္အသင္း အုပ္စုကထြက္ရဖို႔ အေျခအေနမရွိေတာ့ပါဘူး။ အဂၤလန္ပရိသတ္ေတြကေတာ့ သူတို႔အသင္း အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ဖို႔ ျမင္ခ်င္ေနတာအမွန္ပါပဲ။

ဒါေပမဲ့ အဂၤလန္သာ အုပ္စုဗိုလ္ျဖစ္ခဲ့မယ္ဆိုရင္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အုပ္စု(F)က ဒုတိယရတဲ့အသင္းနဲ႔ဆုံေတြ႕ရမွာျဖစ္လို႔ ပြဲက်ပ္ကစားရမွာပါ။ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲရဲ႕ Group Of Death အျဖစ္ သတ္မွတ္ခံထားရတဲ့ အုပ္စု(F)မွာ ျပင္သစ္အသင္းက (၄)မွတ္နဲ႔ဦးေဆာင္ေနၿပီး ဂ်ာမနီနဲ႔ေပၚတူဂီက (၃)မွတ္စီ၊ ဟန္ေဂရီက (၁)မွတ္နဲ႔ အသင္းတိုင္း အသက္ရွိေနဆဲျဖစ္ပါတယ္။ ေသခ်ာတာကေတာ့ အဂၤလန္ဟာ အုပ္စုဗိုလ္နဲ႔ ေနာက္တစ္ဆင့္တက္ခဲ့ရင္ ျပင္သစ္၊ ဂ်ာမနီ၊ ေပၚတူဂီတစ္သင္းသင္းနဲ႔ ေသခ်ာေပါက္ရင္ဆိုင္ရမွာျဖစ္လို႔ သိပ္ေတာ့မေခ်ာင္ပါဘူး။

ကံဆိုးၿပီး ေပၚတူဂီသာ အုပ္စုဒုတိယနဲ႔တက္လာရင္ အဂၤလန္တို႔ ရႈံးထြက္(၁၆)သင္းအဆင့္ကေန လွည့္ျပန္ဖို႔ အထုတ္သာျပင္ထားရေတာ့မွာပါ။ အဂၤလန္ဟာ ေပၚတူဂီနဲ႔ၿပိဳင္ပြဲႀကီးေတြမွာ ဆုံေတြ႕ရင္ ရလဒ္မေကာင္းခဲ့ဘဲ ယူ႐ို-၂၀၀၄၊ ၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ႏွစ္ႀကိမ္စလုံး ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့တာကို အားလုံးအသိပါပဲ။ တကယ္လို႔ အုပ္စုဒုတိယနဲ႔ ေနာက္တစ္ဆင့္တက္မယ္ဆိုရင္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အုပ္စု(E)ဒုတိယအသင္းနဲ႔ ဆုံေတြ႕မွာျဖစ္ပါတယ္။ အုပ္စု(E)မွာ ဆြီဒင္၊ ဆလိုဗက္ကီးယား၊ စပိန္တို႔ထဲက တစ္သင္းသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး စပိန္အသင္းနဲ႔ ဆုံေတြ႕ဖို႔က ၅၀%ေအာက္မွာပဲရွိပါတယ္။

ခ်က္အသင္းနဲ႔ပြဲမွာ ဆိုး႐ြားတဲ့ရလဒ္နဲ႔ရႈံး၊ စေကာ့တလန္က ခ႐ိုေအးရွားကို (၄)ဂိုးျပတ္ေလာက္နဲ႔ႏိုင္ရင္ အဂၤလန္အသင္း အေကာင္းဆုံးတတိယနဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္မွာျဖစ္ေပမယ့္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ နယ္သာလန္ ဒါမွမဟုတ္ အုပ္စု(E)ပထမနဲ႔ဆုံေတြ႕ရမွာျဖစ္ၿပီး ဒီအေနအထားက ျဖစ္လာဖို႔ ခဲယဥ္းပါတယ္။ အဂၤလန္အသင္းအေနနဲ႔ ခ်က္နဲ႔ပြဲမွာ သေရက်ခဲ့မယ္ဆိုရင္ အုပ္စုဒုတိယအျဖစ္ ေနာက္တစ္ဆင့္တက္မွာျဖစ္ၿပီး အုပ္စုဗိုလ္ျဖစ္ခ်င္ရင္ေတာ့ အႏိုင္ကစားမွာပါ။

ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္အဆင့္ေတြေရာက္ရင္ အသင္းႀကီးေတြနဲ႔ ဆုံေတြ႕ရဖို႔ရွိေနေပမယ့္ ဘာပဲျဖစ္ျဖစ္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အသင္းႀကီးေတြကို ေရွာင္လႊဲႏိုင္ရင္ အဂၤလန္တို႔ အတြက္ ပိုၿပီးအက်ိဳးရွိေစႏိုင္တယ္လို႔ ေျပာရမယ္။ ဆီမီးဖိုင္နယ္ပြဲေတြနဲ႔ ဗိုလ္လုပြဲကို ဝင္ဘေလကြင္းမွာ ကစားရမွာျဖစ္လို႔ အဂၤလန္အသင္းဟာ အဲဒီအဆင့္ေတြအထိတက္လွမ္းႏိုင္ခဲ့ရင္ အိမ္ကြင္းအားသာခ်က္ရမွာပါ။ အဲဒါေၾကာင့္ အဂၤလန္အသင္း အုပ္စုဗိုလ္ဆိုတဲ့ ဂုဏ္ပုဒ္ကို ရယူမလား၊ ဒါမွမဟုတ္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ လမ္းေၾကာင္းေခ်ာင္ေအာင္ ဂုဏ္သိကၡာကိုပဲ ရင္းမလားဆိုတာ ေ႐ြးခ်ယ္ရေတာ့မွာပဲျဖစ္ပါတယ္။