ရီးရဲမက်ဒရစ်က သရဲနီတို့ရဲ့ နံပါတ် ( ၁ ) ပစ်မှတ်ကစားသမားကို ကြားဖြတ်ခေါ်ယူဖို့ စီစဉ်

မန်ချက်စတာ ယူနိုက်တက်အသင်းက ဘိုရပ်ရှား ဒေါ့မွန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေပေမယ့် မကြာသေးမီက ရရှိတဲ့ သတင်းတွေအရ ရီးရဲမက်ဒရစ်က သရဲနီတို့ရဲ့ နံပါတ် ( ၁ ) ပစ်မှတ်ကစားသမားကို ကြားဖြတ်ခေါ်ယူဖို့ စီစဉ်လာနိုင်တယ်လို့ သိရပါတယ်။

Don Balon မှ သတင်းအရ ရီးရဲမက်ဒရစ် နည်းပြသစ် ကားလို့စ် အန်ဆလော့တီဟာ အင်္ဂလန်တိုက်စစ်မှူးရဲ့ ခြေစွမ်းကို သဘောကျလျက်ရှိပြီး ဆန်ဒီယေဂို ဘာနေဗျူးထံ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းအရ ဒေါ့မွန်က ဆန်ချိုအတွက် ပေါင် ( ၈၅ ) သန်းတောင်းဆိုထားပေမယ့် ယူနိုက်တက်က ပေးချေဖို့ တုံ့ဆိုင်းနေတယ်လို့ သိရပါတယ်။

သရဲနီတို့ ယခုလို ကြန့်ကြာနေတာက ရီးရဲမက်ဒရစ်ကို လမ်းဖွင့်ပေးသလိုဖြစ်နေပြီး ပဲရစ် စိန့် ဂျာမိန်းရဲ့ ကိုင်လီယန် အမ်ဘာပေ အစား မန်စီးတီးကစားသမားဟောင်းကို ပစ်မှတ်ထားလာနိုင်ပါတယ်။ အိုလေ ဂန်းနား ဆိုးရှားရဲ့ အသင်းက ဆန်ချိုကို အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် နောက်ဆုံးရရှိတဲ့ သတင်းတွေအရ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ အီဒင် ဟာဇက် နှင့် လူကာ ယိုဗစ်တို့က ရုန်းကန်နေရတဲ့အတွက် တိုက်စစ်မှူးတစ်ဦး ခေါ်ယူအားဖြည့်ဖို့ လိုလားနေတာဖြစ်ပါတယ်။ ဆန်ချိုက လက်ရှိမှာ အင်္ဂလန်အသင်းနဲ့ အတူ ယူရို ( ၂၀၂၀ ) ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲပြီးဆုံးပါက လာမယ့်ရာသီ ဘယ်အသင်းမှာ ကစားမယ်ဆိုတာ မြင်တွေ့လာရဖို့ရှိပါတယ်။

zawgyi

ရီးရဲမက္ဒရစ္က သရဲနီတို႔ရဲ႕ နံပါတ္ ( ၁ ) ပစ္မွတ္ကစားသမားကို ၾကားျဖတ္ေခၚယူဖို႔ စီစဥ္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ဘိုရပ္ရွား ေဒါ့မြန္ ေတာင္ပံကစားသမား ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔ အလားအလာေကာင္းေနေပမယ့္ မၾကာေသးမီက ရရွိတဲ့ သတင္းေတြအရ ရီးရဲမက္ဒရစ္က သရဲနီတို႔ရဲ႕ နံပါတ္ ( ၁ ) ပစ္မွတ္ကစားသမားကို ၾကားျဖတ္ေခၚယူဖို႔ စီစဥ္လာႏိုင္တယ္လို႔ သိရပါတယ္။

Don Balon မွ သတင္းအရ ရီးရဲမက္ဒရစ္ နည္းျပသစ္ ကားလို႔စ္ အန္ဆေလာ့တီဟာ အဂၤလန္တိုက္စစ္မႉးရဲ႕ ေျခစြမ္းကို သေဘာက်လ်က္ရွိၿပီး ဆန္ဒီေယဂို ဘာေနဗ်ဴးထံ ေခၚယူဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။ အဆိုပါ သတင္းအရ ေဒါ့မြန္က ဆန္ခ်ိဳအတြက္ ေပါင္ ( ၈၅ ) သန္းေတာင္းဆိုထားေပမယ့္ ယူႏိုက္တက္က ေပးေခ်ဖို႔ တုံ႔ဆိုင္းေနတယ္လို႔ သိရပါတယ္။

သရဲနီတို႔ ယခုလို ၾကန႔္ၾကာေနတာက ရီးရဲမက္ဒရစ္ကို လမ္းဖြင့္ေပးသလိုျဖစ္ေနၿပီး ပဲရစ္ စိန႔္ ဂ်ာမိန္းရဲ႕ ကိုင္လီယန္ အမ္ဘာေပ အစား မန္စီးတီးကစားသမားေဟာင္းကို ပစ္မွတ္ထားလာႏိုင္ပါတယ္။ အိုေလ ဂန္းနား ဆိုးရွားရဲ႕ အသင္းက ဆန္ခ်ိဳကို အၿပီးသတ္ေခၚယူႏိုင္ဖို႔ နီးစပ္ေနေပမယ့္ ေနာက္ဆုံးရရွိတဲ့ သတင္းေတြအရ သေဘာထားကြဲလြဲမႈေတြ ရွိေနတယ္လို႔လည္း သိရပါတယ္။

ရီးရဲမက္ဒရစ္အသင္းဟာ အီဒင္ ဟာဇက္ ႏွင့္ လူကာ ယိုဗစ္တို႔က ႐ုန္းကန္ေနရတဲ့အတြက္ တိုက္စစ္မႉးတစ္ဦး ေခၚယူအားျဖည့္ဖို႔ လိုလားေနတာျဖစ္ပါတယ္။ ဆန္ခ်ိဳက လက္ရွိမွာ အဂၤလန္အသင္းနဲ႔ အတူ ယူ႐ို ( ၂၀၂၀ ) ယွဥ္ၿပိဳင္လ်က္ရွိၿပီး ၿပိဳင္ပြဲၿပီးဆုံးပါက လာမယ့္ရာသီ ဘယ္အသင္းမွာ ကစားမယ္ဆိုတာ ျမင္ေတြ႕လာရဖို႔ရွိပါတယ္။