မြောက်မက်ဆီဒိုးနီးယား တိုက်စစ်မှူး ပန်ဒက်ဗ်ကို အမှတ်တရဂုဏ်ပြုမှုလုပ်ဆောင်ပေးခဲ့

အားကစားမှမဟုတ် ဘယ်နေရာမဆို စိတ်ကောင်းထား ပြိုင်ကြရတာပါ။ ယူရိုပြိုင်ပွဲမှာတော့ လူသားဆန်မှု၊ စိတ်ကောင်းရှိမှု၊ စည်းလုံးညီညွှတ်မှုတွေကို မြင်ကြရပါတယ်။ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ နယ်သာလန်အသင်းတို့ ရဲ့ ပွဲစဉ် ပွဲမစခင်မှာ မြောက်မက်ဆီဒိုးနီးယား တိုက်စစ်မှူး ပန်ဒက်ဗ်ကို အမှတ်တရဂုဏ်ပြုမှုလုပ်ဆောင်ပေးခဲ့ပါတယ်။

အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးပန်ဒက်ဗ်ဟာ နိုင်ငံအသင်းအတွက်ပွဲစဉ်ပေါင်း (၁၂၂) ပွဲကစားထားပြီး သွင်းဂိုး (၃၈) ဂိုး သွင်းယူထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကနေ စပြီး ပန်ဒက်ဗ်ဟာ နိုင်ငံအသင်းအတွက် စတင်တာဝန်ထမ်းခဲ့တာပါ။

အင်တာမီလန်အသင်းတိုက်စစ်မှူးဟောင်းဖြစ်တဲ့ ပန်ဒက်ဗ်ဟာ လက်ရှိမှာတော့ ဂျီနိုအာအသင်းမှာ ကစားနေပါတယ်။ အခုနှစ်ယူရိုပြိုင်ပွဲက သူ့အနေနဲ့ နိုင်ငံအသင်းအတွက် နောက်ဆုံး ပါဝင် ကစားပေးတာပါ။ နယ်သာလန်က သူတို့ရဲ့ ပြိုင်ဘက်အဖြစ်နဲ့ နိုင်ငံအတွက် နောက်ဆုံးကစားပေးတဲ့ ပန်ဒက်ဗ်ကို အမှတ်တရ ဂျာစီ ပေးအပ်ပါတယ်။

နယ်သာလန်အသင်းဟာ သူတို့ရဲ့ ဂုဏ်ပြုဂျာစီမှာ ပန်ဒက်ဗ် နိုင်ငံအတွက် တာဝန်ထမ်းပေးခဲ့တဲ့ပွဲစဉ် ၁၂၂ ပွဲနံပါတ် ကိုရေးထိုးထားပေးပါတယ်။ နယ်သာလန် အသင်းခေါင်းဆောင် ဝိုင်နယ်လ်ဒမ်း က တိုက်စစ်မှူး ပန်ဒက်ဗ်ကို ဂျာစီပေးအပ်ခဲ့တာပါ။

“ကျွန်တော် အခုလို နိုင်ငံအသင်းကနေ အနားယူတဲ့ အစီအစဉ်ကို စိတ်ကျေနပ်ပါတယ်။ အားလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ လမ်းခွဲနှုတ်ဆက်ချင်ပါတယ်။ ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ နှုတ်ဆက်ပွဲ အခမ်းအနားတွေ မလိုချင်ပါဘူး” ဆိုပြီး ပန်ဒက်ဗ်ကပြောထားပါတယ်။

ပွဲစဉ်မှာ နိုင်ငံအသင်းအတွက် နောက်ဆုံးကစားပေးသွားတဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းခေါင်းဆောင် ပန်ဒက်ဗ် လူစားလဲချိန်မှာလည်း အသင်းသားအားလုံး ဝိုင်းဝန်း နူတ်ဆက်ခဲ့ကြပါတယ်။

ပွဲ အနေအထားမှာတော့ နယ်သာလန်ဟာမြောက် မက်ဆီဒိုးနီးယားကို သက်သောင့်သက်သာ ကစားရင်း ခြေကွာ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ပွဲပြီးရလဒ်ကတော့ ၃ဂိုး၊ ဂိုးမရှိပါ။

မြောက်မက်ဆီဒိုးနီးယားကိုလည်း ချီးကျူးရမှာ ဖြစ်ပြီး နယ်သာလန်အသင်းကို ခံစစ်ပိတ်မဆော့ဘဲ တိုက်စစ်ယှဉ်ဆော့ခဲ့ပါတယ်။ အုပ်စုတွင်း အဆင့်မှာ ရာနှုန်းပြည့် နိုင်ပွဲရတဲ့ နယ်သာလန်က နောက်တစ်ဆင့် တက်ခဲ့ပြီး၊ မြောက်မက်ဆီဒိုးနီးယားအသင်းကတော့ အုပ်စုတွင်း ယူရိုပြိုင်ပွဲ ၃ ပွဲကစားခဲ့ရာမှာ နိုင်ပွဲမရရှိဘဲ အုပ်စုအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရတာပဲဖြစ်ပါတယ်။

zawgyi

ေျမာက္မက္ဆီဒိုးနီးယား တိုက္စစ္မႉး ပန္ဒက္ဗ္ကို အမွတ္တရဂုဏ္ျပဳမႈလုပ္ေဆာင္ေပးခဲ့

အားကစားမွမဟုတ္ ဘယ္ေနရာမဆို စိတ္ေကာင္းထား ၿပိဳင္ၾကရတာပါ။ ယူ႐ိုၿပိဳင္ပြဲမွာေတာ့ လူသားဆန္မႈ၊ စိတ္ေကာင္းရွိမႈ၊ စည္းလုံးညီၫႊတ္မႈေတြကို ျမင္ၾကရပါတယ္။ ေျမာက္မက္ဆီဒိုးနီးယားအသင္းနဲ႔ နယ္သာလန္အသင္းတို႔ ရဲ႕ ပြဲစဥ္ ပြဲမစခင္မွာ ေျမာက္မက္ဆီဒိုးနီးယား တိုက္စစ္မႉး ပန္ဒက္ဗ္ကို အမွတ္တရဂုဏ္ျပဳမႈလုပ္ေဆာင္ေပးခဲ့ပါတယ္။

အသက္ (၃၇) ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ တိုက္စစ္မႉးပန္ဒက္ဗ္ဟာ ႏိုင္ငံအသင္းအတြက္ပြဲစဥ္ေပါင္း (၁၂၂) ပြဲကစားထားၿပီး သြင္းဂိုး (၃၈) ဂိုး သြင္းယူထားပါတယ္။ လြန္ခဲ့တဲ့ ၂၀၀၁ ခုႏွစ္ကေန စၿပီး ပန္ဒက္ဗ္ဟာ ႏိုင္ငံအသင္းအတြက္ စတင္တာဝန္ထမ္းခဲ့တာပါ။

အင္တာမီလန္အသင္းတိုက္စစ္မႉးေဟာင္းျဖစ္တဲ့ ပန္ဒက္ဗ္ဟာ လက္ရွိမွာေတာ့ ဂ်ီႏိုအာအသင္းမွာ ကစားေနပါတယ္။ အခုႏွစ္ယူ႐ိုၿပိဳင္ပြဲက သူ႔အေနနဲ႔ ႏိုင္ငံအသင္းအတြက္ ေနာက္ဆုံး ပါဝင္ ကစားေပးတာပါ။ နယ္သာလန္က သူတို႔ရဲ႕ ၿပိဳင္ဘက္အျဖစ္နဲ႔ ႏိုင္ငံအတြက္ ေနာက္ဆုံးကစားေပးတဲ့ ပန္ဒက္ဗ္ကို အမွတ္တရ ဂ်ာစီ ေပးအပ္ပါတယ္။

နယ္သာလန္အသင္းဟာ သူတို႔ရဲ႕ ဂုဏ္ျပဳဂ်ာစီမွာ ပန္ဒက္ဗ္ ႏိုင္ငံအတြက္ တာဝန္ထမ္းေပးခဲ့တဲ့ပြဲစဥ္ ၁၂၂ ပြဲနံပါတ္ ကိုေရးထိုးထားေပးပါတယ္။ နယ္သာလန္ အသင္းေခါင္းေဆာင္ ဝိုင္နယ္လ္ဒမ္း က တိုက္စစ္မႉး ပန္ဒက္ဗ္ကို ဂ်ာစီေပးအပ္ခဲ့တာပါ။

“ကြၽန္ေတာ္ အခုလို ႏိုင္ငံအသင္းကေန အနားယူတဲ့ အစီအစဥ္ကို စိတ္ေက်နပ္ပါတယ္။ အားလုံးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ပဲ လမ္းခြဲႏႈတ္ဆက္ခ်င္ပါတယ္။ ပိုၿပီး ႀကီးက်ယ္ခမ္းနားတဲ့ ႏႈတ္ဆက္ပြဲ အခမ္းအနားေတြ မလိုခ်င္ပါဘူး” ဆိုၿပီး ပန္ဒက္ဗ္ကေျပာထားပါတယ္။

ပြဲစဥ္မွာ ႏိုင္ငံအသင္းအတြက္ ေနာက္ဆုံးကစားေပးသြားတဲ့ ေျမာက္မက္ဆီဒိုးနီးယားအသင္းေခါင္းေဆာင္ ပန္ဒက္ဗ္ လူစားလဲခ်ိန္မွာလည္း အသင္းသားအားလုံး ဝိုင္းဝန္း ႏူတ္ဆက္ခဲ့ၾကပါတယ္။

ပြဲ အေနအထားမွာေတာ့ နယ္သာလန္ဟာေျမာက္ မက္ဆီဒိုးနီးယားကို သက္ေသာင့္သက္သာ ကစားရင္း ေျခကြာ ဂိုးျပတ္နဲ႔ အႏိုင္ယူခဲ့ပါတယ္။ ပြဲၿပီးရလဒ္ကေတာ့ ၃ဂိုး၊ ဂိုးမရွိပါ။

ေျမာက္မက္ဆီဒိုးနီးယားကိုလည္း ခ်ီးက်ဴးရမွာ ျဖစ္ၿပီး နယ္သာလန္အသင္းကို ခံစစ္ပိတ္မေဆာ့ဘဲ တိုက္စစ္ယွဥ္ေဆာ့ခဲ့ပါတယ္။ အုပ္စုတြင္း အဆင့္မွာ ရာႏႈန္းျပည့္ ႏိုင္ပြဲရတဲ့ နယ္သာလန္က ေနာက္တစ္ဆင့္ တက္ခဲ့ၿပီး၊ ေျမာက္မက္ဆီဒိုးနီးယားအသင္းကေတာ့ အုပ္စုတြင္း ယူ႐ိုၿပိဳင္ပြဲ ၃ ပြဲကစားခဲ့ရာမွာ ႏိုင္ပြဲမရရွိဘဲ အုပ္စုအဆင့္ကေနပဲ လက္ျပႏႈတ္ဆက္ခဲ့ရတာပဲျဖစ္ပါတယ္။