နယ်သာလန်အသင်းနဲ့ ဝိုင်နယ်လ်ဒန်းတို့ စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ကြ

နယ်သာလန်အသင်းဟာ ယူရိုအုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲမှာ (၃)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး အဲဒီပွဲမှာ နယ်သာလန်အသင်းသာမက ကွင်းလယ်လူဝိုင်နယ်လ်ဒန်းတို့ စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ကြပါတယ်။ မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲမှာ နယ်သာလန်အသင်းအတွက် ဂိုးတွေကို ဒီပိုင်း၊ ဝိုင်နယ်လ်ဒန်း(၂ဂိုး)တို့က သွင်းယူခဲ့ပြီး အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့ပါပြီ။

နယ်သာလန်အသင်းဟာ မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲအပါအဝင် နောက်ဆုံး(၁၀)ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး အဲဒီ(၁၀)ပွဲစလုံး နှစ်ဂိုးနဲ့အထက်သွင်းယူခဲ့တာကြောင့် ၁၉၃၅ ခုနှစ်တုန်းကတင်ရှိခဲ့တဲ့ အသင်းရဲ့စံချိန်ကောင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်းဟာ ၁၉၃၄ ခုနှစ်ကနေ ၁၉၃၅ ခုနှစ်အတွင်း ပြိုင်ပွဲစုံ(၉)ပွဲဆက်အနိုင်ရခဲ့သလို အဲဒီပွဲတွေမှာ နှစ်ဂိုးနဲ့အထက်သွင်းယူခဲ့တာဖြစ်ပြီး (၈၆)နှစ်အကြာမှာ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြောက်မက်ဆီဒိုးနီးယားအသင်းကို နှစ်ဂိုးသွင်းယူခဲ့တဲ့ ဝါရင့်ကွင်းလယ်လူဝိုင်နယ်လ်ဒန်းဟာလည်း အသင်းရဲ့သွင်းဂိုးအများဆုံးစာရင်းမှာ ဂန္ထဝင်ကစားသမား ဗန်ဘက်စတန်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဝိုင်နယ်လ်ဒန်းဟာ နိုင်ငံအသင်းအတွက် (၇၈)ပွဲကစားပြီးချိန်မှာ (၂၅)ဂိုးသွင်းယူနိုင်ခဲ့ဖြစ်ပြီး ဗန်ဘက်စတန်ကတော့ (၅၈)ပွဲမှာ (၂၄)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်ကမှ PSG အသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့သူ ဝိုင်နယ်လ်ဒန်းဟာ အခုဆိုရင် နယ်သာလန်အသင်းရဲ့ သမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ နာမည်ကျော်ကစားသမားဟောင်း ဗန်ဒါဗတ်ရဲ့ဂိုးအရေအတွက်နဲ့ တူညီသွားပြီဖြစ်ပေမယ့် ထိပ်ဆုံး(၁၀)ဦးစာရင်းထဲမှာတော့ မပါဝင်သေးပါဘူး။

အခုရက်ပိုင်းမှ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီမှုရခဲ့တဲ့ ဒီပိုင်းကလည်း မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲမှာ တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် နာမည်ကျော်ကစားသမားဟောင်း ဆနိုက်ဒါပြီးရင် ကမ္ဘာ့ဖလား/ယူရိုပြိုင်ပွဲ ပွဲစဉ်တစ်ပွဲမှာ ကိုယ်တိုင်ဂိုးသွင်း၊ ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

zawgyi

နယ္သာလန္အသင္းနဲ႔ ဝိုင္နယ္လ္ဒန္းတို့ စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ၾက

နယ္သာလန္အသင္းဟာ ယူ႐ိုအုပ္စုေနာက္ဆုံးပြဲျဖစ္တဲ့ ေျမာက္မက္ဆီဒိုးနီးယားနဲ႔ပြဲမွာ (၃)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ၿပီး အဲဒီပြဲမွာ နယ္သာလန္အသင္းသာမက ကြင္းလယ္လူဝိုင္နယ္လ္ဒန္းတို႔ စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ၾကပါတယ္။ ေျမာက္မက္ဆီဒိုးနီးယားနဲ႔ပြဲမွာ နယ္သာလန္အသင္းအတြက္ ဂိုးေတြကို ဒီပိုင္း၊ ဝိုင္နယ္လ္ဒန္း(၂ဂိုး)တို႔က သြင္းယူခဲ့ၿပီး အုပ္စုတြင္းရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ခဲ့ပါၿပီ။

နယ္သာလန္အသင္းဟာ ေျမာက္မက္ဆီဒိုးနီးယားနဲ႔ပြဲအပါအဝင္ ေနာက္ဆုံး(၁၀)ပြဲဆက္တိုက္အႏိုင္ရခဲ့ၿပီး အဲဒီ(၁၀)ပြဲစလုံး ႏွစ္ဂိုးနဲ႔အထက္သြင္းယူခဲ့တာေၾကာင့္ ၁၉၃၅ ခုႏွစ္တုန္းကတင္ရွိခဲ့တဲ့ အသင္းရဲ႕စံခ်ိန္ေကာင္းတစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။ နယ္သာလန္အသင္းဟာ ၁၉၃၄ ခုႏွစ္ကေန ၁၉၃၅ ခုႏွစ္အတြင္း ၿပိဳင္ပြဲစုံ(၉)ပြဲဆက္အႏိုင္ရခဲ့သလို အဲဒီပြဲေတြမွာ ႏွစ္ဂိုးနဲ႔အထက္သြင္းယူခဲ့တာျဖစ္ၿပီး (၈၆)ႏွစ္အၾကာမွာ စံခ်ိန္သစ္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ေျမာက္မက္ဆီဒိုးနီးယားအသင္းကို ႏွစ္ဂိုးသြင္းယူခဲ့တဲ့ ဝါရင့္ကြင္းလယ္လူဝိုင္နယ္လ္ဒန္းဟာလည္း အသင္းရဲ႕သြင္းဂိုးအမ်ားဆုံးစာရင္းမွာ ဂႏၴဝင္ကစားသမား ဗန္ဘက္စတန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါၿပီ။ ဝိုင္နယ္လ္ဒန္းဟာ ႏိုင္ငံအသင္းအတြက္ (၇၈)ပြဲကစားၿပီးခ်ိန္မွာ (၂၅)ဂိုးသြင္းယူႏိုင္ခဲ့ျဖစ္ၿပီး ဗန္ဘက္စတန္ကေတာ့ (၅၈)ပြဲမွာ (၂၄)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

မၾကာေသးခင္ကမွ PSG အသင္းနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူ ဝိုင္နယ္လ္ဒန္းဟာ အခုဆိုရင္ နယ္သာလန္အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာ နာမည္ေက်ာ္ကစားသမားေဟာင္း ဗန္ဒါဗတ္ရဲ႕ဂိုးအေရအတြက္နဲ႔ တူညီသြားၿပီျဖစ္ေပမယ့္ ထိပ္ဆုံး(၁၀)ဦးစာရင္းထဲမွာေတာ့ မပါဝင္ေသးပါဘူး။ အခုရက္ပိုင္းမွ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔သေဘာတူညီမႈရခဲ့တဲ့ ဒီပိုင္းကလည္း ေျမာက္မက္ဆီဒိုးနီးယားနဲ႔ပြဲမွာ တစ္ဂိုးသြင္း၊ ဂိုးဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ခဲ့တာေၾကာင့္ နာမည္ေက်ာ္ကစားသမားေဟာင္း ဆႏိုက္ဒါၿပီးရင္ ကမာၻ႔ဖလား/ယူ႐ိုၿပိဳင္ပြဲ ပြဲစဥ္တစ္ပြဲမွာ ကိုယ္တိုင္ဂိုးသြင္း၊ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့တဲ့ ဒုတိယေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။