ချဲလ်ဆီးနောက်ခံလူ ခရစ္စတယ်ဆန်က လျင်မြန်တဲ့ ရော့ကတ်ကန်ချက်နဲ့ အဆုံးသတ်နိုင်ခဲ့

အင်ဒရီ ခရစ္စတယ်ဆန်ဟာ ဒိန်းမတ်အသင်းက ရုရှားကို ( ၄-၁ ) အနိုင်ရပြီး ယူရို ( ၂၀၂၀ ) ၁၆ -သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ လုံးဝ လျင်မြန်တဲ့ ကန်ချက်နဲ့ သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘယ်လ်ဂျီယံအသင်းက ဖင်လန်ကို ( ၂ – ၀ ) အနိုင်ရခဲ့တာကြောင့် ဒိန်းမတ်အနေနဲ့ အဖွင့်ပွဲစဉ် (၂ )ခုစလုံး ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယနေရာကနေ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

Artem Dzyuba က ပွဲကစားချိန် မိနစ် ( ၇၀ ) မှာ ပင်နယ်တီသွင်းဂိုးကနေ ရုရှားအတွက် မျှော်လင့်ချက်တွေ ယူဆောင်ပေးခဲ့ပေမယ့် ခရစ္စတယ်ဆန်က ( ၃-၁ ) အနေအထားရောက်ရှိစေမယ့် အရေးကြီးတဲ့ သွင်းဂိုး ရယူပေးခဲ့တာဖြစ်ပါတယ်။

ရုရှားရဲ့ ဧရိယာထဲမှာ ပေးပို့မှုပြုလုပ်နေစဉ် အပြင်ကို ထွက်လာတဲ့ ဘောလုံးကို ချဲလ်ဆီးနောက်ခံလူ ခရစ္စတယ်ဆန်က လျင်မြန်တဲ့ ရော့ကတ်ကန်ချက်နဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကန်သွင်းချက်ရဲ့ လျင်မြန်မှုကြောင့် ရုရှားအသင်း ခံစစ် နှင့် ဂိုးသမားကလည်း ကာကွယ်ဖို့ မစွမ်းသာပဲ သွင်းဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်က နှလုံးရပ်ဆိုင်သွားမှုကြောင့် ကွင်းအတွင်းလဲကျသွားခဲ့တဲ့တာကြောင့် ယခုနိုင်ပွဲက ဒိန်းမတ်အသင်းအတွက် ပြင်းထန်တဲ့ ခံစားချက်တွေဖြစ်‌ပေါ်စေခဲ့ပါတယ်။ လက်ရှိမှာတော့ ဒိန်းမတ်က ဒဏ်ရာတွေ အခက်အခဲတွေ ကြားကနေ နောက်တစ်ဆင့် တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Mikkel Damsgaard က ဒိန်းမတ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး Yussuf Poulsen က ရုရှားရဲ့ ခံစစ်ပိုင်းအမှားကနေ ( ၂- ၀ ) အနေအထားရောက်ရှိစေမယ့် သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။ Dzyubaက ပင်နယ်တီမှတစ်ဆင့် ရုရှားအတွက် ချေပဂိုး ရယူပေးခဲ့ပေမယ့် ခရစ္စတယ်ဆန်ရဲ့ ရော့ကတ် ကန်ချက် ၊ Joakim Maehle ရဲ့ စတုတ္ထမြောက်သွင်းဂိုးတွေနဲ့အတူ အရေးပါတဲ့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ရုရှားက အုပ်စု နောက်ဆုံးအဆင့်ရရှိတဲ့အတွက် ယူရို ( ၂၀၂၀ ) ကနေ ထွက်ခွာသွားခဲ့ရပြီး ဖင်လန်က ရမှတ် ( ၃ ) မှတ် ဂိုးကွာခြားချက် ( -၂ ) ဂိုး နဲ့ တတိယနေရာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံကတော့ အုပ်စု ပွဲစဉ် ( ၃ ) ပွဲစလုံးအနိုင်ရခဲ့ပြီး ပထမနေရာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

zawgyi

ခ်ဲလ္ဆီးေနာက္ခံလူ ခရစၥတယ္ဆန္က လ်င္ျမန္တဲ့ ေရာ့ကတ္ကန္ခ်က္နဲ႔ အဆုံးသတ္ႏိုင္ခဲ့

အင္ဒရီ ခရစၥတယ္ဆန္ဟာ ဒိန္းမတ္အသင္းက ႐ုရွားကို ( ၄-၁ ) အႏိုင္ရၿပီး ယူ႐ို ( ၂၀၂၀ ) ၁၆ -သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ ပြဲစဥ္မွာ လုံးဝ လ်င္ျမန္တဲ့ ကန္ခ်က္နဲ႔ သြင္းဂိုးရယူႏိုင္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဘယ္လ္ဂ်ီယံအသင္းက ဖင္လန္ကို ( ၂ – ၀ ) အႏိုင္ရခဲ့တာေၾကာင့္ ဒိန္းမတ္အေနနဲ႔ အဖြင့္ပြဲစဥ္ (၂ )ခုစလုံး ရွံုးနိမ့္ခဲ့ေပမယ့္ ဒုတိယေနရာကေန ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Artem Dzyuba က ပြဲကစားခ်ိန္ မိနစ္ ( ၇၀ ) မွာ ပင္နယ္တီသြင္းဂိုးကေန ႐ုရွားအတြက္ ေမွ်ာ္လင့္ခ်က္ေတြ ယူေဆာင္ေပးခဲ့ေပမယ့္ ခရစၥတယ္ဆန္က ( ၃-၁ ) အေနအထားေရာက္ရွိေစမယ့္ အေရးႀကီးတဲ့ သြင္းဂိုး ရယူေပးခဲ့တာျဖစ္ပါတယ္။

႐ုရွားရဲ႕ ဧရိယာထဲမွာ ေပးပို႔မႈျပဳလုပ္ေနစဥ္ အျပင္ကို ထြက္လာတဲ့ ေဘာလုံးကို ခ်ဲလ္ဆီးေနာက္ခံလူ ခရစၥတယ္ဆန္က လ်င္ျမန္တဲ့ ေရာ့ကတ္ကန္ခ်က္နဲ႔ အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ကန္သြင္းခ်က္ရဲ႕ လ်င္ျမန္မႈေၾကာင့္ ႐ုရွားအသင္း ခံစစ္ ႏွင့္ ဂိုးသမားကလည္း ကာကြယ္ဖို႔ မစြမ္းသာပဲ သြင္းဂိုးခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

အုပ္စုအဖြင့္ပြဲစဥ္မွာ အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ အဲရစ္ဆင္က ႏွလုံးရပ္ဆိုင္သြားမႈေၾကာင့္ ကြင္းအတြင္းလဲက်သြားခဲ့တဲ့တာေၾကာင့္ ယခုႏိုင္ပြဲက ဒိန္းမတ္အသင္းအတြက္ ျပင္းထန္တဲ့ ခံစားခ်က္ေတြျဖစ္‌ေပၚေစခဲ့ပါတယ္။ လက္ရွိမွာေတာ့ ဒိန္းမတ္က ဒဏ္ရာေတြ အခက္အခဲေတြ ၾကားကေန ေနာက္တစ္ဆင့္ တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

Mikkel Damsgaard က ဒိန္းမတ္အသင္းအတြက္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီး Yussuf Poulsen က ႐ုရွားရဲ႕ ခံစစ္ပိုင္းအမွားကေန ( ၂- ၀ ) အေနအထားေရာက္ရွိေစမယ့္ သြင္းဂိုးကို ရယူေပးခဲ့ပါတယ္။ Dzyubaက ပင္နယ္တီမွတစ္ဆင့္ ႐ုရွားအတြက္ ေခ်ပဂိုး ရယူေပးခဲ့ေပမယ့္ ခရစၥတယ္ဆန္ရဲ႕ ေရာ့ကတ္ ကန္ခ်က္ ၊ Joakim Maehle ရဲ႕ စတုတၳေျမာက္သြင္းဂိုးေတြနဲ႔အတူ အေရးပါတဲ့ ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

႐ုရွားက အုပ္စု ေနာက္ဆုံးအဆင့္ရရွိတဲ့အတြက္ ယူ႐ို ( ၂၀၂၀ ) ကေန ထြက္ခြာသြားခဲ့ရၿပီး ဖင္လန္က ရမွတ္ ( ၃ ) မွတ္ ဂိုးကြာျခားခ်က္ ( -၂ ) ဂိုး နဲ႔ တတိယေနရာ ပိုင္ဆိုင္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံကေတာ့ အုပ္စု ပြဲစဥ္ ( ၃ ) ပြဲစလုံးအႏိုင္ရခဲ့ၿပီး ပထမေနရာ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။